အာဆီယံနိုင်ငံများအတွင်း အင်တာနက် သုံးစွဲမှု၏ ၆၇ ရာခိုင်နှုန်းမှာ အင်တာနက် အလွန်အကျွံ စွဲလမ်းသူများ ဖြစ်နေပြီး အမျိုးသားများထက် အမျိုးသမီးများမှာ အင်တာနက် အသုံးပြုချိန် ပိုမိုများဟု Navigating The Digital Word ၏ ဒေသအလိုက်စစ်တမ်း သတင်းထုတ်ပြန်ချက်အရ သိရသည်။စင်ကာပူနိုင်ငံံမှ Pen Schoen Berland ဟုခေါ်သော လူမှုသုတေသန ကုမ္ပဏီတစ်ခုမှ အဆိုပါ စစ်တမ်းကောက်ယူ လေ့လာမှုအား ပြုလုပ်ခဲ့ပြီး မလေးရှားနိုင်ငံမှ လူဦးရေ အယောက် ၁၀၀၊ ထိုင်းနိုင်ငံမှ လူဦးရေ အယောက် ၁၀၀၊ စင်ကာပူနိုင်ငံမှ လူဦးရေ အယောက် ၁၀၀ နှင့် အိန္ဒိယနိုင်ငံမှ လူဉ်ီးရေ အယောက် ၁၀၀ စုစုပေါင်း အယောက် ၄၀၀ ကို မေးမြန်းပြီး စစ်တမ်း ကောက်ယူထားခြင်း ဖြစ်သည်။ စစ်တမ်း၏ ရလဒ်တွင် အာရှဒေသ၏ အမြင်သည် ထပ်တူနီးပါး ကျသော်လည်း နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ မတူကွဲပြားသည့် အချက်အလက်များကို တွေ့ရှိခဲ့ကြောင်း သိရသည်။ဥပမာ ထိုင်းနိုင်ငံ၌ အွန်လိုင်းတွင် ရုန့်ရင်းကြမ်းတမ်းစွာ ပြောဆိုခြင်းကို ထိုင်းနိုင်ငံမှ ၄၃ ရာခိုင်နှုန်းက စိတ်အနှောင့်အယှက် ဖြစ်စရာ အကောင်းဆုံးအချက်ဟု ဖြေကြားခဲ့ပြီး မလေးရှားနိုင်ငံမှလည်း ၃၉ ရာခိုင်နှုန်းက ထိုနည်းတူစွာ ဖြေကြားခဲ့ကြောင်း သိရသည်။ သို့သော် အိန္ဒိယနိုင်ငံနှင့် စင်ကာပူ နိုင်ငံတို့တွင် ရုန့်ရင်းကြမ်းတမ်းစွာ ပြောဆိုခြင်းဖြင့် စိတ်အနှောင့်အယှက် ဖြစ်စရာအချက်ဖြင့် လေးရာခိုင်နှုန်းနှင့် ခုနစ်ရာခိုင်နှုန်းတို့ ဖြေဆိုခဲ့ကြကြောင်း သိရသည်။“ဒီလိုမျိုး စစ်တမ်း ကောက်ယူခြင်းဟာ အင်တာနက်ဟာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေ အများကြီး ပျော်ဝင်နေတဲ့ အိုးတစ်အိုးဆိုတာ ပြသလိုက်တာပဲ။ အခုလို စစ်တမ်း ကောက်ယူလိုက်တဲ့အခါ ကိုယ်တွေလို အင်တာနက် အသုံးပြုသူ အချင်းချင်း လေးစားမှု ပိုမိုရရှိလာစေဖို့ သူတို့တွေရဲ့ အွန်လိုင်းအမူအကျင့်တွေကို ထိထိရောက်ရောက် လေ့လာလို့ ရနိုင်ပါတယ်” ဟုTelenor Digital As မှ VP Haed of Patnership ဖြစ်သူ Karianne Melleby က ပြောကြားသည်။အမျိုးသမီးများသည် အမျိုးသားများထက် အင်တာနက် အသုံးပြုမှု အချိန်အတိုင်းအတာ ပိုမိုများပြားပြီး ၂၁ ရာခိုင်နှုန်းသည် တစ်ရက်လျှင် နှစ်နာရီနှုန်းဖြင့် တစ်နှစ်လျှင် နာရီ ၇၃၀ အထိ အသုံးပြုကြောင်း သိရသည်။ အမျိုးသား အမျိုးသမီးအားလုံး ပါဝင်သည့် ဆန်းစစ်မှုတွင် စင်ကာပူနိုင်ငံသည် အခြားနိုင်ငံများထက် အင်တာနက်ကို တစ်ရက်လျှင် ကြိမ်ဖန်များစွာ အသုံးပြုကြောင်း ၉၂ ရာခိုင်နှုန်းက ပြောကြားသည်။ယခု စစ်တမ်းတွင် မြန်မာနိုင်ငံ မပါဝင်သော်လည်း မြန်မာနိုင်ငံမှ လူမှုဆက်သွယ်ရေးကွန်ရက် အသုံးပြုမှု အသုံးပြုသူများနှင့် ဆက်နွှယ်မှု မြင့်မားသည်ဟု ယုံကြည်ကြောင်း သိရသည်။ လေ့လာခဲ့သော နိုင်ငံများနှင့် နှိုင်းယှဉ်ကြည့်ပါက လူမှုဆက်သွယ်ရေးကွန်ရက် အသုံးပြုသူများတွင် အင်တာနက်ဓလေ့ တူညီမှုများကို တွေ့ရှိရကြောင်း သိရသည်။
အာဆီယံနိုင်ငံများအတွင်း အင်တာနက် သုံးစွဲမှု၏ ၆၇ ရာခိုင်နှုန်းမှာ အင်တာနက် အလွန်အကျွံ စွဲလမ်းသူများ ဖြစ်နေပြီး အမျိုးသားများထက် အမျိုးသမီးများမှာ အင်တာနက် အသုံးပြုချိန် ပိုများဟု Navigating The Digital World ၏ ဒေသအလိုက် စစ်တမ်းက ဖော်ပြ















