ရွေးကောက်ပွဲ တရားမဲ့ပြုကျင့်မှုဆိုင်ရာ ပြစ်မှုမြောက်ကြောင်း ကော်မရှင်က စုံစမ်းစစ်ဆေးတွေ့ရှိလျှင် ရွေးကောက်ခံအမတ် လေး ငါး ဆယ်ယောက် အပယ်ခံရနိုင်သည်ကို ဘက်မလိုက်ဘဲ မျှတစွာ ဥပဒေအတိုင်း လက်ခံပေးရန်လိုကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ၏ လူမှုကွန်ရက် Facebook စာမျက်နှာတွင် နိုဝင်ဘာ ၁၅ ရက်က ရေးသားထားသည်ကို တွေ့ရသည်။
ဦးလှဆွေက “ရွေးကောက်ပွဲကော်မရှင်ရဲ့ တရားမျှတမှုကို လက်ခံပါသလား။ ဒါဆိုရင် ရွေးကောက်ပွဲ တရားမဲ့ပြုကျင့်မှုဆိုင်ရာ ပြစ်မှုမြောက်ကြောင်း ကော်မရှင်က စုံစမ်းစစ်ဆေးတွေ့ရှိလို့ ရွေးကောက်ခံအမတ် လေး ငါး ဆယ်ယောက်လောက် အပယ်ခံရနိုင်တာကိုလည်း ဘက်မလိုက်ဘဲ မျှတစွာ ဥပဒေအတိုင်း လက်ခံပေးဖို့ လိုပါလိမ့်မယ်။ အဲဒီထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရွေးကောက်ပွဲအသုံးစရိတ် သတ်မှတ် သိန်း ၁၀၀ ထက် ပိုသုံးထားကြောင်း စစ်ဆေးတွေ့ရှိခဲ့ရင် ကော်မရှင်က ဘက်လိုက်ဆုံးဖြတ်မှာလား။ မျှတစွာ ဥပဒေအတိုင်း ဆုံးဖြတ်မှာလား။ ဘယ်သူမဆို ရွေးကောက်ပွဲဥပဒေကို လိုက်နာဖို့ မလိုဘူးလား။ ဟိုလူ့မို့တစ်မျိုး ဒီလူ့မို့ တစ်မျိုး ဆုံးဖြတ်မှာလား။ နိုဗယ်လ်ဆုရှင်မို့ သိန်း ၁၀၀ ကျော်ခွင့်ရှိတယ်ဆို ဥပဒေအသစ် ပြဋ္ဌာန်း ၂၀၂၀ သို့မဟုတ် ကြားဖြတ်မှာ ပြန်လာပေါ့ ။ ကော်မရှင်ရဲ့ဆုံးဖြတ်ချက်ကို လက်ခံပေးဖို့ တိုက်တွန်းလိုပါတယ်” ဟု ရေးသားထားသည်ကို တွေ့ရှိရသည်။
ထို့ပြင် ဦးလှဆွေက “ရွေးကောက်ပွဲကို မိမိအသက်နဲ့ရင်းပြီး တရားမျှတစေရမယ်” လ့ို ကြုံးဝါးခဲ့တဲ့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌကြီး ဦးတင်အေးကို အခုတော့ နိုင်ငံတကာက ချီးကျူးနေကြပါပြီဟု ရေးသားထားသည်ကိုလည်း တွေ့ရှိရသည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနှင့် ရင်းနှီးသည့်ဆက်ဆံရေးရှိသူတစ်ဦးဖြစ်ကြောင်းလည်း သတင်းထွက်ပေါ်မှုများအရ သိရသည်။
ထို့ပြင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေသည် ၂၀၁၅ ရွေးကောက်ပွဲတွင် မကွေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁၂) တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း NLD အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးပြူးလွင်ကို ရှုံးနိမ့်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။
NLD ပါတီသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ၂၅၅ ဦး၊ အမျိုးသားလွှတ်တော် ၁၃၅ ဦးနှင့် တိုင်းဒေသကြီး။ပြည်နယ်လွှတ်တော် ၄၉၁ ဦး စုစုပေါင်း ၈၈၁ ဦး အနိုင်ရရှိခဲ့ကြောင်း ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်၏ တရားဝင်ထုတ်ပြန်ချက်များအရ သိရသည်။
၂၀၁၀ ရွေးကောက်ပွဲတွင် ကန့်ကွက်လွှာအမှု တင်သွင်းမှု ၂၈ မှု ရှိခဲ့ပြီး ကန့်ကွက်လွှာ အနိုင်ရရှိမှု ငါးမှုသာ ရှိခဲ့သည်။ အလား တူ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ကန့်ကွက်လွှာအမှု တင်သွင်းမှု လေးမှုရှိခဲ့ပြီး အနိုင်ရရှိမှု တစ်မှုမျှမရှိခဲ့ပေ။
ရွေးကောက်ပွဲ တရားမဲ့ပြုကျင့်မှုဆိုင်ရာ ပြစ်မှုမြောက်ကြောင်း ကော်မရှင်က စုံစမ်းစစ်ဆေးတွေ့ရှိလျှင် ရွေးကောက်ခံအမတ် လေးငါးဆယ်ယောက် အပယ်ခံရနိုင်ကြောင်း ပြည်ခိုင်ဖြိုးအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ၏ လူမှုကွန်ရက် Facebook စာမျက်နှာတွင် ရေးသားထား















