ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးကာလ ပြီးဆုံးပြီဖြစ်၍ မန္တလေး၌ စစ်ဆေးအရေးယူမှု စတင်

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးကာလ ပြီးဆုံးပြီဖြစ်၍ မန္တလေး၌ စစ်ဆေးအရေးယူမှု စတင်
Published 18 November 2015
ယဉ်မျိုးသွယ်

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာရန် ပျက်ကွက်မှုများနှင့် ပတ်သက်၍ ပညာပေးကာလ ပြီးဆုံးပြီဖြစ်သောကြောင့် မန္တလေးတိုင်းဒေသကြီးတစ်ခုလုံးတွင်  နိုဝင်ဘာ ၁၇ ရက်မှစ၍  စစ်ဆေးအရေးယူမှုများ  စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်းသိရသည်။
 
“မန္တလေးခရိုင် ခုနစ်မြို့နယ်လုံး နေ့စဉ် ခုနစ်ဖွဲ့နဲ့  စစ်ဆေးအရေးယူမှုပြုလုပ်နေပါပြီ။ အသစ်ပြဌာန်းလိုက်တဲ့ မော်တော်ယာဉ်ဥပဒေမှာ အရင်က ယာဉ်မောင်းသူကိုပဲ အရေးယူခဲ့ပေမယ့် အခုဥပဒေမှာတော့ အားပေးကူညီမှုအနေနဲ့ ဆိုင်ကယ်သုံးယောက်စီးရင် နောက်က ထိုင်လိုက်သူကိုပါ အရေးယူလို့ရတာတွေ၊  ကိုယ့်ဆိုင်ကယ်ကို လိုင်စင်မရှိတဲ့သူ ငှားမိရင် ငှားရမ်းသူကိုပါ အရေးယူမှာတွေ ပြည်သူတွေ မသိနိုင်ပါဘူး။ နောက်ပြီး ဒဏ်ငွေဆိုရင်လည်း  ကျပ်သုံးသောင်းကနေ သိန်း ၅၀ အထိ တိုးမြှင့်ထားသလို ထောင်ဒဏ်ဆိုရင်လည်း တစ်လကနေ  ခြောက်လအထိ  သတ်မှတ်ထားပါတယ်” ဟု အမှတ် (၃) ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး  ကံသိန်းက  ပြောကြားသည်။
 
အသစ်ပြဌာန်းထားသော  မော်တော်ယာဉ်ဥပဒေတွင် ယာဉ်မောင်းနေစဉ် ဖုန်းသုံးစွဲမှုမပြုရခြင်း၊ ခါးပတ်ပတ်ထားရခြင်း၊ မော်တော်ဆိုင်ကယ်တွင်လည်း သုံးယောက်မောင်းနှင်ပါက ယာဉ်မောင်းသူသာမက လိုက်ပါသူကိုပါ အရေးယူမည်ဖြစ်ခြင်း စသည့်ကန့်သတ်ချက်များ တိုးမြှင့်ထားပြီး ယာဉ်တိုက်မှုဖြစ်စဉ်များအတွက် မှုခင်းဖြစ်စဉ်ပုဒ်မများဖြင့်သာ တရားစွဲဆိုရမည်ဖြစ်သည်။       

Most Read

Most Recent