ဗကသများအဖွဲ့ချုပ် (ဗဟိုလုပ်ငန်းကော်မတီ) ဥက္ကဋ္ဌ ကိုကျော်ကိုကိုအား ဖမ်းဆီး

ဗကသများအဖွဲ့ချုပ် (ဗဟိုလုပ်ငန်းကော်မတီ) ဥက္ကဋ္ဌ ကိုကျော်ကိုကိုအား ဖမ်းဆီး
Published 29 October 2015

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗဟိုလုပ်ငန်း ကော်မတီ) ဥက္ကဋ္ဌ ကိုကျော်ကိုကိုအား ယနေ့ (အောက်တိုဘာ ၂၉ ရက်) မွန်းတည့် ၁၂ နာရီအချိန်ခန့်တွင် သင်္ကန်းကျွန်းမြို့နယ် စံပြဈေးအနီး၌ ရဲတပ်ဖွဲ့က ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ဗကသများ အဖွဲ့ချုပ် (ဗဟိုလုပ်ငန်းကော်မတီ) သတင်းနှင့် ပြန်ကြားရေးက အတည်ပြု ပြောကြားခဲ့ပါသည်။
ထိုကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာ နယ်မြေ ရဲတပ်ဖွဲ့များသို့ မေးမြန်းသော်လည်း အတည်ပြုချက် မရရှိသေးဘဲ ကိုကျော်ကိုကိုအား မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကိုလည်း မသိရှိရသေးပါ။

အမျိုးသား ပညာရေး ဥပဒေပြင်ဆင်ရေး ဒီမိုကရေစီ ပညာရေး ပင်မ ကျောင်းသား သပိတ်စစ်ကြောင်းနှင့် ပတ်သက်ပြီး ရန်ကုန်တွင် ကိုကျော်ကိုကို၊ ကိုရဲရင့်ကျော်(ခ) ကိုကျော်စိုးမိုး၊ ကိုမြတ်သူ (ခ) ကိုမြတ်သူအောင်နှင့် ကိုလင်းထက်နိုင်၊ မန္တလေးတွင် ကိုအောင်မျိုးလှိုင်၊ ကိုရဲရင့်ပိုင်မှူး၊ မိထ္ထီလာတွင် ကိုမြတ်မင်းသူ၊ မြင်းခြံတွင် ကိုမိုးစက်၊ ကိုဇော်လင်းအောင် တို့ကို တရားခံပြေး အဖြစ် သတ်မှတ်ထားပြီး ကိုကျော်ကိုကိုအား ယခု ဖမ်းဆီးလိုက်ခြင်း ဖြစ်ပါသည်။

 

Most Read

Most Recent