Miss International ပြိုင်ပွဲ၌ မြန်မာကိုယ်စားပြု ယှဉ်ပြိုင်မည့် မြန်မာအလှမယ် အမရာငြိမ်း ပြိုင်ပွဲကျင်းပမည့် ဂျပန်နိုင်ငံသို့ သွားရောက်

Miss International ပြိုင်ပွဲ၌ မြန်မာကိုယ်စားပြု ယှဉ်ပြိုင်မည့် မြန်မာအလှမယ် အမရာငြိမ်း ပြိုင်ပွဲကျင်းပမည့် ဂျပန်နိုင်ငံသို့ သွားရောက်
Published 18 October 2015
လင်းလင်းခိုင်

Miss International ပြိုင်ပွဲ၌ မြန်မာကိုယ်စားပြု ယှဉ်ပြိုင်မည့် မြန်မာအလှမယ် အမရာငြိမ်းသည် ပြိုင်ပွဲကျင်းပမည့် ဂျပန်နိုင်ငံသို့ အောက်တိုဘာ ၁၇ ရက်တွင် ထွက်ခွာသွားသည်ဟု သတင်း ရရှိသည်။ မြန်မာ အလှမယ် အမရာငြိမ်းသည် နိုင်ငံတကာမှ ဝင်ရောက်ယှဉ်ပြိုင်မည့် အလှမယ်များနှင့်အတူ အောက်တိုဘာ ၁၉ ရက်မှ စတင်ကာ စခန်းသွင်း လေ့ကျင့်မှုများကို ပြုလုပ်ရမည်ဖြစ်ကြောင်း သိရသည်။Miss International ပြိုင်ပွဲကို ဂျပန်နိုင်ငံ တိုကျိုမြို့၌ ပြုလုပ်မည်ဖြစ်ပြီး မြန်မာနိုင်ငံမှ လေးနှစ်မြောက် ပါဝင်ယှဉ်ပြိုင်နိုင်ခြင်းဖြစ်ကြောင်း သိရသည်။“အမရာ ယှဉ်ပြိုင်ရမယ့် Miss International ပြိုင်ပွဲအတွက် လိုအပ်တာတွေ လေ့ကျင့် ပြင်ဆင်နေပါတယ်။ ခန္ဓာကိုယ် လှပမှုအတွက် ပြင်ဆင်နေသလို Talent အတွက်လည်း ဆီမီးခွက် အကနဲ့ ပြိုင်ဖို့ လေ့ကျင့် ပြင်ဆင်ထားပါတယ်။ အဝတ်အစား ဖက်ရှင်အတွက်လည်း ပြင်ဆင်နေပါတယ်။ အမရာအတွက် နိုင်ငံတကာ ပြိုင်ပွဲ အတွေ့အကြုံ လုံး၀ မရှိသေးပါဘူး။ ဒါပေမဲ့အတတ်နိုင်ဆုံး လိုအပ်ချက် မရှိ ယှဉ်ပြိုင်နိုင်ဖို့တော့ ကြိုးစားနေပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့လည်း နိုင်ငံနာမည်ကို မြန်မာလို့ ပြောလိုက်တာနဲ့ တန်းသိကြတဲ့ နိုင်ငံတွေထဲမှာ မပါဝင်သေးပါဘူး။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ တည်နေရာ၊ သမိုင်းကြောင်း၊ ယဉ်ကျေးမှု၊ မြန်မာလူမျိုးတွေရဲ့ စိတ်နေသဘောထား၊ ဓလေ့စရိုက်တွေကို မျှဝေပေးနိုင်အောင် ပြင်ဆင်ထားပါတယ်။ နောက်ဆုံးအဆင့် ပြိုင်ပွဲက နိုဝင်ဘာ ၅ ရက်မှာ ပြုလုပ်မှာပါ။ ရလဒ်ကိုတော့ အများကြီး မျှော်လင့် မထားပါဘူး။ ဒိုင်တွေနဲ့ ယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲက သူ့အမြင် ကိုယ့်အမြင်တွေ အများကြီး ကွဲပြားနိုင်တဲ့အတွက် ပန်းဝင်တိုင်းလည်း ဆုရတာမျိုး မဟုတ်ပါဘူး။ ဒါကြောင့် အကောင်းဆုံး ကြိုးစားဖို့ပဲ စိတ်ထဲမှာ ပြင်ဆင်ထားပါတယ်” ဟု မြန်မာ အလှမယ် အမရာငြိမ်းက ရှင်းပြခဲ့သည်။Miss International ပြိုင်ပွဲ၏ နောက်ဆုံးအဆင့် ပြိုင်ပွဲကို နိုဝင်ဘာ ၅ ရက်တွင် ပြုလုပ်ရန် စီစဉ်ထားသည်ဟု သိရသည်။ Miss International ပြိုင်ပွဲကို ၂၀၁၂ ခုနှစ်တွင် နန်းခင်ဇေယျာက စတင် ယှဉ်ပြိုင်ခဲ့သည်။       

Most Read

Most Recent