ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းဒေသတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ကျေးရွာသုံးရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ဘေးဒုက္ခသည်များအတွက် အရေးပေါ်အကူ အညီများ လိုအပ်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းဒေသတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ကျေးရွာသုံးရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ဘေးဒုက္ခသည်များအတွက် အရေးပေါ်အကူ အညီများ လိုအပ်နေ
Published 18 October 2015
စည်သာ (တောင်ကြီး)

ရှမ်းမြောက်ပိုင်း တန့်ယန်းမြို့နှင့် ကိုးမိုင်အကွာရှိ ဟွေကိန်ကျေးရွာအုပ်စု၌ အောက်တိုဘာ ၁၆ ရက် နံနက်ပိုင်းက တပ်မတော်နှင့် SSPP/SSA တို့ ထိတွေ့မှု ဖြစ်ပွားခဲ့သဖြင့် အဓိက တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသော ကျေးရွာသုံးရွာရှိ ပြည်သူများ မနေရဲတော့ဘဲ တန့်ယန်းမြို့နှင့် ငါးမိုင်အကွာရှိ လုံမုဘုန်းတော်ကြီးကျောင်းနှင့်  နီးစပ်ရာများသို့  ထွက်ပြေး တိမ်းရှောင် နေကြရပြီး အကူအညီများ အရေးပေါ်လို အပ်နေကြောင်း လားရှိုးမြို့မှ ရှမ်းလူ ငယ်ကွန်ရက်ဗဟိုအဖွဲ့ဝင်  စိုင်းဆိုင်မိန်းက အတည်ပြုပြောကြားသည်။
“စစ်ဘေးရှောင်တွေအတွက် အရေးပေါ်အခြေအနေလို့  ပြောရပါမယ်။  အခုအ ချိန်က  ရာသီဥတုကလည်း  အေးတယ်။  စား ဝတ်နေရေးဒုက္ခရောက်တာပေါ့။ ကူညီမယ့် ပရဟိတတွေကလည်း ချက်ချင်းသွားနိုင်ဖို့က ခဲယဉ်းတယ်။ လုံခြုံရေးကို တင်းကျပ်ထားချိန် ဆိုတော့ ပရဟိတတွေကအစ ဝင်ရခက်တာ ပေါ့။ သွားကူမယ့်သူတွေကို ပေးမသွားတာ။ မြို့ထဲကပရဟိတသမားတွေ  ဒုက္ခသည်စစ် ဘေးရှောင်တွေကို သွားကူဖို့က မလွယ်ဘူး။ ရှမ်းလူငယ်ကွန်ရက် တန့်ယန်းက ကြိုးစားနေပါတယ်။ မနေ့တုန်းက ကျွန်တော်တို့ သွားကူ ထားတာတော့ ရှိပါတယ်။ ဒုက္ခသည် ၃၀၀ ကျော်သွားပြီ”ဟု စိုင်းဆိုင်မိန်းက ပြောကြားသည်။
သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှ သဘောထား ထုတ်ပြန်ချက်များ ထုတ်ထားသော်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေရခြင်း နှင့်ပတ်သက်၍ ၎င်းက “အဓိက,ကတော့ Statement ထုတ်တယ်ဆိုတာ ပြည်သူ့အသံပေါ့။   အုပ်ချုပ်နေတဲ့အစိုးရ ကြားအောင်၊ သက်ဆိုင်တဲ့ ကာယကံရှင်အဖွဲ့တွေ နားလည် သဘောပေါက်အောင် ကျွန်တော်တို့သဘောထားကိုထုတ်တာပဲ။  သဘောထားထုတ်ရဲ့သားနဲ့ တိုက်ပွဲတွေဆက် ဖြစ်နေတယ်ဆိုတာကတော့ ရှင်းပါတယ်။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက သဘောထားကို နားမထောင်တာလား၊ မသိတာလား၊ မကြိုက်တာလား။ အားလုံးကို ပြောချင်တာက ငြိမ်းချမ်းရေးကို အမြန် ဆုံးလိုချင်တယ်။စစ်ပွဲနဲ့ဖြေရှင်းတာထက် စားပွဲခုံပေါ်တွေ့ပြီး ဖြေရှင်းတာက   ပိုအဆင်ပြေမယ်”ဟု ပြောကြားသည်။
အဓိက တိုက်ပွဲ ဖြစ်ပွားနေသောနေရာ နှင့်နီးကပ်သည့် ကျေးရွာသုံးရွာမှ ပြေးလာ သော စစ်ဘေးရှောင် ဒုက္ခသည်များ  တဖွဲဖွဲ ရောက်ရှိလာရာ ယနေ့တွင် ဒုက္ခသည်ပေါင်း ၃၀၀ ကျော်အထိ တိုးလာပြီး တန့်ယန်းရှိ လုံမု ကျောင်းတွင် လက်ခံထားကြောင်း သိရသည်။ အောက်တိုဘာ ၁၆ ရက်က ထွက်ပြေး လာသူများတွင် မိခင်နှင့် ကလေးများ အပါအဝင် မီးဖွားပြီးစ မိခင်လောင်းများ ပါဝင်ကြောင်း၊  မိုင်ပေါင်းများစွာ လမ်းလျှောက်ရမှုကြောင့် ပင်ပန်း ဆင်းရဲစွာ ခံစားရကြောင်းနှင့်  မီးဖွားရန် နေရာမရှိသဖြင့်   ဂူထဲတွင်ပင်   မီးဖွားခဲ့ရကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။   ထို့အပြင် သက်ကြီးရွယ်အိုများလည်း  ခက်ခဲစွာ လမ်းလျှောက်၍  စစ်ဘေး တိမ်းရှောင် နေကြကြောင်း သိရသည်။
တပ်မတော်နှင့် ရှမ်းတပ်မတော် SSPP/SSAတို့ ထိတွေ့မှု ဖြစ်ပွားနေသောကြောင့် ကျေးသီး မြို့နယ်တွင်လည်း တိမ်းရှောင်နေကြသော ရွာ များစွာရှိနေပြီး  မိုင်းရှူးမြို့  ဟိုင်းပါ ဘုန်းတော်ကြီးကျောင်းတွင်လည်း စစ်ဘေး ရှောင်ဒုက္ခသည်  ၁၆၀၀ ခန့်  လက်ခံထားရကြောင်း ပင်လုံဒေသခံ စိုင်းဆုက အတည်ပြု ပြောကြားသည်။        

Most Read

Most Recent