ဗန်းမော်ခရိုင် အတွင်း၌ရှိသော စစ်ရှောင်စခန်းများမှ မဲဆန္ဒရှင်စာရင်း (ခန့်မှန်း) ၈၉၀၀ ကျော်ရှိကြောင်း၊ စစ်ရှောင်အချို့တွင် အသက်ပြည့်ပြီး နိုင်ငံသား စိစစ်ရေးကတ် မရှိသေးသူများ ရှိကြောင်း သိရသည်။
ဗန်းမော်ခရိုင်အတွင်း၌ စစ်ရှောင်စခန်းပေါင်း ၃၅ ခုတွင် လူဦးရေ ၂၁၁၅၉ ဦးရှိပြီး မဲပေးနိုင်သူ ဦးရေ ၈၉၃၈ ဦးခန့်ရှိသော်လည်း ပုံစံ ၃ (က) ဖြင့် ဖြည့်စွက်ခိုင်းထားသော စာရင်းများအား မြို့နယ်များသို့ အောက်တိုဘာ ၁၀ ရက် နောက်ဆုံးထား တောင်းထားသော်လည်း မရရှိသေးကြောင်း ခရိုင် ရွေးကောက်ပွဲ ကော်မရှင်မှ သိရသည်။
ဗန်းမော်မြို့နယ်ရှိ စစ်ရှောင်စခန်း ကိုးခုတွင် လူဦးရေ ၇၁၈၉ ဦးရှိပြီး မဲပေးနိုင်သူ ဦးရေ ၃၅၇၅ ဦးရှိကာ စစ်ရှောင်စခန်း ခုနစ်ခုမှ မဲပေးနိုင်သူ ဦးရေ ၉၆၈ ဦးသာ စာရင်းတင်ထားပြီး စစ်ရှောင်စခန်း နှစ်ခု ကျန်ရှိသေး ကြောင်း၊ ဗန်းမော်မြို့နယ်အတွင်းရှိ လူဦးရေ အများဆုံးနေထိုင်သော ရောဘတ် စစ်ရှောင်စခန်းမှ မဲပေးနိုင်သူ စာရင်းမတင်သေးသော်လည်း မဲပေးနိုင်သူ (ခန့်မှန်း) ၈၀၀ ကျော် စာရင်း တင်ရန် မပြီးသေးကြောင်း စစ်ရှောင်စခန်းရှိ အချို့စစ်ရှောင်များသည် မိမိတို့နေရပ်ရှိ မဲရုံများသို့ မဲသွားပေးရန် ရှိသောကြောင့် စစ်ရှောင်စခန်းရှိ မဲပေးနိုင်သူအချို့ ပုံစံ ၃ (က) ဖြင့် မတင်ခြင်း ဖြစ်ကြောင်း ဗန်းမော်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်မှ သိရသည်။
ရောဘတ် စစ်ရှောင်စခန်းမှ စစ်ရှောင်များအတွက် ပုံစံ ၃ (က) နှင့် ပုံစံ ၃ (ခ) ဖြည့်ပေးနေသူ မလုဘူက “ကျွန်မတို့ ရောဘတ် စခန်းမှာ မဲပေးနိုင်တဲ့သူ ၈၇၀ လောက်ရှိမယ်။ စာရင်း လုပ်နေတုန်း။ မပြီးသေးဘူး။ တစ်ပတ်လောက်နေမှ ပြီးနိုင်မယ်။ ဒီစခန်းမှာ မှတ်ပုံတင် မရသေးတဲ့သူတွေ ၁၀ ဦးကျော်လောက် ရှိသေးတယ်။ မံစီဘက်ကလူတွေ ရှိတယ်။ မိုးမောက် ဒေါ့ဖုန်းယန် ဘက်ကလူတွေ ရှိတယ်။ သူတို့က ဒီမှာလုပ်လို့မရဘူး။ ကိုယ့်မြို့နယ်ကို ပြန်လုပ်ရမယ်လို့ ပြောကြတယ်။ တချို့ ပြန်ပြီး သွားလုပ်နေတယ်။ ရပြီလား၊ မရသေး ဘူးလား မသိသေးဘူး။ အခုစာရင်းထဲမှာ သူတို့ မပါဘူး”ဟု ပြောကြားသည်။
ဗန်းမော်ခရိုင်တွင် ဒုတိယအကြိမ် ကြေညာသော စာရင်း၌ မဲပေးနိုင်သော လူဦးရေ ၁၉၅၈၉၂ ဦးရှိပြီး ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင် မိသားစုများ၊ တပ်မတော်သားများနှင့် စစ်ရှောင် စခန်းများမှ ၃ (က) ဖြင့် ဖြည့်စွက် လျှောက်ထားသူ စုစုပေါင်း နှစ်သိန်း တစ်သောင်းကျော်ရှိသည်။
ဗန်းမော်ခရိုင်အတွင်း စစ်ရှောင်စခန်းမှ မဲပေးနိုင်သူ (ခန့်မှန်း) ၈၉၀၀ ကျော် ရှိသော်လည်း နိုင်ငံသား စိစစ်ရေးကတ် မရသေးသူများ ရှိနေ















