ခိုင်နှင်းေ၀ ပရဟိတ လူငယ်များ အဖွဲ့နှင့် ရှင်သန်ရေး ကူညီမှုအသင်း ပူးပေါင်းကာ သဘာဝဘေးဒဏ်သင့် ချင်းပြည်နယ်နှင့် ဧရာဝတီတိုင်း ဒေသကြီးတို့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး ရုပ်ရှင်၊ သဘင်၊ ဂီတဖျော်ဖြေပွဲ ကျင်းပမည်

ခိုင်နှင်းေ၀ ပရဟိတ လူငယ်များ အဖွဲ့နှင့် ရှင်သန်ရေး ကူညီမှုအသင်း ပူးပေါင်းကာ သဘာဝဘေးဒဏ်သင့် ချင်းပြည်နယ်နှင့် ဧရာဝတီတိုင်း ဒေသကြီးတို့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး ရုပ်ရှင်၊ သဘင်၊ ဂီတဖျော်ဖြေပွဲ ကျင်းပမည်
Published 9 October 2015
စုမှူးနိုင်

ခိုင်နှင်းေ၀ ပရဟိတ လူငယ်များ အဖွဲ့နှင့် ရှင်သန်ရေး ကူညီမှု အသင်းတို့ ပူးပေါင်းကာ သဘာ၀ ဘေးဒဏ်သင့် ချင်းပြည်နယ်နှင့် ဧရာဝတီတိုင်း ဒေသကြီးတို့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် ရုပ်ရှင်၊ သဘင်နှင့် ဂီတအနုပညာရှင်များ ပါဝင်သည့် ရန်ပုံငွေ ဖျော်ဖြေပွဲတစ်ခု ကျင်းပသွားမည်ဟု သိရသည်။ ယင်းဖျော်ဖြေပွဲကို အောက်တိုဘာ ၁၀ ရက် (စနေနေ့) တွင် ရန်ကုန်မြို့ သုဝဏ္ဏ အားကစားရုံ အမှတ် (၁) ၌ ညနေ ၇ နာရီမှ စတင်ကာ ကျင်းပသွားမည်ဟု သိရသည်။“ဒီပွဲလေးက မထင်မှတ်ဘဲ စီစဉ်ဖြစ်သွားတဲ့ ပွဲလေးပါ။ ရေဘေးအတွက်က ရှေ့မှာလည်း ပွဲတွေအတော်များများ လုပ်ပြီးကြပြီ။ လှူတဲ့ အလှူရှင်တွေကလည်း အများအပြား လှူဒါန်းခဲ့ကြပြီးပြီလေ။ ဒါပေမဲ့ တစ်ဖက်မှာလည်း ပြန်လည်ထူထောင်ရေးအတွက် လိုအပ်ချက်တွေက ရှိနေတုန်းပဲ။ ဒါကြောင့် ဒီပွဲလေးကို စီစဉ်ဖြစ်ခဲ့တာပါ။ ဒီပွဲက ပရဟိတ အလှူပွဲဖြစ်တော့ အနုပညာ ညီအစ်ကို မောင်နှမတွေ အားလုံးကလည်း သေချာကူညီကြပါတယ်။ အရမ်းခက်ခဲတာမျိုးတော့ မရှိပါဘူး။ ဖျော်ဖြေပွဲမှာလည်း တေးဂီတ ဖျော်ဖြေမှုတွေ အပြင်၊ အော်ပရာ၊ ပြဇာတ်၊ တေးသရုပ်ဖော်၊ အငြိမ့်၊ နှစ်ပါးသွားအပြင် အခြားအက တင်ဆက်မှုတွေလည်း အများကြီး ပါဝင်ပါတယ်။ ဒီဖျော်ဖြေပွဲပြီးရင် ညီမတို့ရဲ့ ပရဟိတ အဖွဲ့နဲ့ ရှင်သန်ရေး ကူညီမှု အသင်းတို့က ချင်းပြည်ဘက်ကို အရင်ဆုံးသွားပြီး လှူဒါန်းသွားဖို့ စီစဉ်ထားပါတယ်” ဟု ခိုင်နှင်းဝေက ဆိုသည်။အဆိုပါ ဖျော်ဖြေပွဲတွင် ရုပ်ရှင် အနုပညာရှင်များဖြစ်သည့် နေတိုး၊ ပြေတီဦး၊ မြင့်မြတ်၊ ဟိန်းဝေယံ၊ ဖြိုးငွေစိုး၊ နေယံ၊ မိုးယံဇွန်၊ ကောင်းပြည့်၊ သူရိယ၊ မေသဉ္ဇာဦး၊ စုလှိုင်နှင်း၊ မြတ်ကေသီအောင်၊ ခင်ဇာခြည်ကျော်၊ စိုးမြတ်နန္ဒာ၊ ခိုင်နှင်းဝေ၊ မေကဗျာ၊ ဝိုင်းစုခိုင်သိန်း၊ ချောရတနာ၊ ဝတ်မှုံရွှေရည်၊ ရွှေမှုန်ရတီ၊ အိချောပို၊ ဖူးဖူး၊ ခင်ဝင့်ဝါ၊ ယုသန္တာတင်၊ သွန်းဆက်၊ နန်းဆုဦး၊ ထားထက်ထက်၊ သန္တာဗို၊ ရတနာဗိုတို့ ပါဝင်ကြမည်ဖြစ်သည်။သဘင် ဖျော်ဖြေမှုတွင် မြို့ရွှေမန်းသား ဖိုးချစ် ဇာတ်သဘင်အဖွဲ့နှင့် ရွှေတံဆိပ် ၁၀ ဆုရှင် မင်းသမီး သန္တာလင်းတို့ ပါဝင် တင်ဆက်ကြမည်ဖြစ်သည်။ဂီတဖျော်ဖြေမှုတွင် ဟဲလေး၊ ထွန်းထွန်း၊ ရိန်မိုး၊ အစ္စဏီ၊ ဉာဏ်လင်းအောင်၊ သားကြီး၊ မေစံပယ်ညို၊ ထွန်းရတီ၊ ငွေမှုန်ရတီ၊ Super Model၊ အမွန်း၊ ချယ်ရီ၊ ဆုထက်နိုင်တို့ ပါဝင်ကြမည်ဖြစ်ကာ အစီအစဉ် တင်ဆက်သူများအဖြစ် တင်မိုးလွင်၊ ကောင်းထက်ဇော်နှင့် မင်းတော်ဝင်တို့ ပါဝင်ကြမည်ဟု သိရသည်။ဖျော်ဖြေတင်ဆက်မှုများတွင် ဒါရိုက်တာ သားကြီးလည်း ပါဝင်စီစဉ် တင်ဆက်ထားပြီး ဂီတမှူးများအဖြစ် သျှန်ထွန်း (မြန်မာစာ)နှင့် မြန်မာပြည် ကျောက်စိမ်းတို့က တာဝန်ယူ တင်ဆက်ထားသည်။လက်မှတ်များကို ကျပ်သုံးသောင်း၊ ကျပ်နှစ်သောင်းနှင့် ကျပ်ငါးထောင် သတ်မှတ်ထားပြီး ရွှေနန်းတော် စိန်ရွှေရတနာဆိုင်၊ မန်းသီရိ တေးသံသွင်း၊ ဓူဝံရွှေဆိုင် (ယုဇနပလာဇာ မြေညီထပ်)၊ ရွှေပန်ဆိုင်း အသားကင်ဆိုင် (ဆရာစံလမ်း)၊ ရွှေပန်ဆိုင်း စွမ်ထန်ဟော့ပေါ့ဆိုင် (ရတနာလမ်း)၊ ရွှေလင်ဗန်း လ္ဘက်ရည်ဆိုင် (လမ်း ၄၀ နှင့်  မဟာဗန္ဓုလလမ်းထောင့်)၊ အောင်မြင့်မိုရ်ကြေးအိုးဆိုင် (ရွှေတောင်တန်းလမ်း) နှင့် Spice Girl Beauty Salon (တက္ကသိုလ်ရိပ်သာလမ်းသစ်) တို့တွင် ဝယ်ယူရရှိနိုင်ကြောင်း သိရသည်။ 

Most Read

Most Recent