အင်္ဂါဂြိုဟ်ရောက် အာကာသယာဉ်မှူးရုပ်ရှင် The Martian က ဝင်ငွေ အများဆုံး ရုပ်ရှင် ဖြစ်လာ

အင်္ဂါဂြိုဟ်ရောက် အာကာသယာဉ်မှူးရုပ်ရှင် The Martian က ဝင်ငွေ အများဆုံး ရုပ်ရှင် ဖြစ်လာ
Published 6 October 2015

ဝေဖန်သူများက နှစ်ခြိုက်ကြသော ရုပ်ရှင်သစ် The Martian သည် ပွဲဦးထွက် ရက်သတ္တပတ်တွင် ဒေါ်လာ ၅၅ သန်းရရှိခဲ့ ပြီး ဝင်ငွေ အကောင်းဆုံး ဇာတ်ကားများ စာရင်းတွင် နံပါတ် ၁ နေရာကို ရရှိခဲ့ကြောင်း သိရသည်။ မတ်ဒေမွန် ပါဝင်သရုပ်ဆောင်ထားသော ယင်းရုပ်ရှင်သည် စတင်ပြသသည့် သုံးရက်အတွင်း ဝင်ငွေ ဒေါ်လာ ၅၅ သန်း ရရှိခဲ့ခြင်း ဖြစ်ပြီး ဒုတိယနေရာမှ Hotel Transylvania 2 ရုပ်ရှင်ထက် ဝင်ငွေ နှစ်ဆ နီးပါး သာလွန်ခဲ့သည်။ ယခင်တစ်ပတ်က နံပါတ် ၁ နေရာတွင် ရှိနေခဲ့သော Hotel Transylvania 2 သည် ယခုတစ်ပတ်တွင် ဝင်ငွေ ဒေါ်လာ ၃၃ သန်း ရရှိခဲ့သည်။ နာမည်ကျော်များ၏ အသံ သရုပ်ဆောင်မှုဖြင့် ရိုက်ကူးထားသော အထူးပြုလုပ်ချက် ယင်းရုပ်ရှင်သည် နှစ်ပတ်အတွင်း ဒေါ်လာ ၉၀ ဒသမ ၅ သန်း ရရှိခဲ့ပြီဖြစ်သည်။ ယခု တစ်ပတ်တွင် တတိယနေရာကို ရရှိခဲ့သော Sicario ရုပ်ရှင်သည် ဝင်ငွေဒေါ်လာ ၁၂  ဒသမ ၁ သန်းရရှိခဲ့သည်။ ယခင် တစ်ပတ်က ဒုတိယနေရာရရှိခဲ့သောThe Intern ရုပ်ရှင်သည် စတုတ္ထနေရာသို့ ရောက်ရှိခဲ့ပြီး ဝင်ငွေ ဒေါ်လာ ၁၁ ဒသမ ၆ သန်းရရှိခဲ့သည်။
 
လွန်ခဲ့သည့် နှစ်ပတ်က ဝင်ငွေ အကောင်းဆုံး ရုပ်ရှင်ဖြစ်ခဲ့သော Maze Runner သည် ယခုတစ်ပတ်တွင် ပဉ္စမနေရာသို့ ရောက်ရှိ သွားခဲ့ပြီး ဝင်ငွေဒေါ်လာ ၇ ဒသမ ၇ သန်း ရရှိခဲ့သည်။ အိုင်းရစ် အမေရိကန် လူဆိုးဂိုဏ်ခေါင်းဆာင် တစ်ဦးအကြောင်း ရိုက်ကူးထားသော Black Mass ရုပ်ရှင်သည် ဝင်ငွေဒေါ်လာ ၅ ဒသမ ၉ သန်းဖြင့် ဆဋ္ဌမ နေရာတွင် ရှိနေခဲ့သည်။

Most Read

Most Recent