လှည်းတန်းခုံးကျော်တံတားဟောင်းပေါ်တွင် ယာဉ်တစ်စီးက ဓာတ်တိုင်နှင့် ဂါလီသမားကို ဝင်တိုက်

လှည်းတန်းခုံးကျော်တံတားဟောင်းပေါ်တွင် ယာဉ်တစ်စီးက ဓာတ်တိုင်နှင့် ဂါလီသမားကို ဝင်တိုက်
Published 27 September 2015
သီဟ၊ မြင့်သူ

လှည်းတန်းခုံးကျော်တံတားဟောင်းပေါ်တွင် ယာဉ်တစ်စီးမှ ဓာတ်တိုင်နှင့် ဂါလီသမားကို ဝင်တိုက်မှု စက်တင်ဘာ ၂၆ ရက် မွန်းလွဲ ၁ နာရီ ဝန်းကျင်ခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
 
ဖြစ်စဉ်မှာ စက်တင်ဘာ ၂၆ ရက် မွန်းလွဲ ၁ နာရီဝန်းကျင်ခန့်က လှည်းတန်းဘက်မှ ဆင်မလိုက်ဘက်သို့ မောင်းနှင်လာသည့် Crown အနက်ရောင် အိမ်စီးကားတစ်စီးသည် လှည်းတန်းခုံးကျော်တံတားအဟောင်းပေါ်တွင် အရှိန်လွန်ကာ တစ်ဖက်လမ်းကြောရှိ ဓာတ်တိုင်သို့ ဝင်တိုက်ခဲ့ကြောင်း သိရသည်။
 
ထိုသို့ ဓာတ်တိုင်အား ဝင်တိုက်ခဲ့ပြီးနောက်တွင် ဂါလီလှည်းတွန်းလာသည့် အမျိုးသားတစ်ဦးအား ထပ်မံဝင်တိုက်ခဲ့ကြောင်း သိရသည်။
 
ယင်းသို့ ဝင်တိုက်ခဲ့မှုကြောင့် ဂါလီလှည်းတွန်းသမားအား ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရပြီး ဘယ်ဘက်မျက်ခုံးကွဲ ဒဏ်ရာရရှိခဲ့ပြီး စိုးရိမ်စရာမရှိတော့ကြောင်း သိရသည်။
 
“တိုက်ခံလိုက်ရတဲ့ ဂါလီသမားကတော့ စိုးရိမ်စရာအနေအထား မရှိပါဘူး။ ဘယ်ဘက်မျက်ခုံး ပေါက်သွားရုံလောက်ပဲဖြစ်သွားတာ။ ကားက ဓာတ်တိုင်ကိုတိုက်ပြီး ဂါလီလှည်းကို တိုက်မိပြီး တရွတ်တိုက်ဆွဲသွားတဲ့အချိန် သူက ပါမသွားလို့ တော်သေးတယ်” ဟု ယာဉ်ထိန်းရဲအရာရှိတစ်ဦးက ပြောကြားသည်။
 
အဆိုပါယာဉ်တိုက်မှုအား သက်ဆိုင်ရာတာဝန်ရှိသူများက ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
 

Most Read

Most Recent