Eleven Media Group မှတစ်ဆင့် စေတနာရှင်၊ အလှူရှင်များ လှူဒါန်းသော ဆန်အိတ် ၈၈၀ နှင့် ဆီ၊ ရေသန့်၊ ဆား၊ ငရုတ် စသည်တို့အား မြောက်ဦးမြို့နယ်အတွင်း ရေဘေး၊ လေဘေးဒဏ်သင့်ကျေးရွာ ၁၇ ရွာ သို့ နာရေးကူညီမှုအသင်း (စစ်တွေ) နှင့် ပူးပေါင်းကာ သွားရောက်လှူဒါန်းခဲ့သည်။မြောက်ဦးမြို့နယ် ပီပြင်ရင်း၊ လက္ကာ၊ ပေါက်တောပြင်၊ သံချောင်း (ရွာသစ်)၊ သံချောင်း (ရွာဟောင်း)၊ ကျောက်ကျပ်၊ ပြိုင်းချ၊ ကျီရာပြင်၊ တိန်ညို (ရွာသစ်)၊ တိန်ညို (ရွာဟောင်း)၊ မောင်ရွီကန်၊ ဘူးရွက်မညှိုး၊ ကြာကန်၊ ထိပ်ဝပြင်၊ ရုပ်ချောင်း၊ တောင်ဦးကျေးရွာနှင့် တောင်မြင့်ကျေးရွာတို့မှ အိမ်ခြေ ၄၆၃၈ ၊ အိမ်ထောင်စု ၅၀၃၅ စုရှိ လူဦးရေ ၂၃၀၃၀ ဦးအတွက် အိမ်ခြေ ငါးဆောင်လျှင် ဆန်တစ်အိတ်နှုန်း၊ အိမ်ခြေ အဆောင် ၃၀ လျှင် စားဆီ ၁၀ ပိဿာဝင် တစ်ပုံး၊ ဆား ပိဿာ၂၀ ဝင် တစ်အိတ်နှုန်းဖြင့် မြောက်ဦးမြို့နယ် ဘူးရွက်မညှိုးကျေးရွာကိုအခြေပြုကာ မော်တော်ယာဉ်များဖြင့် သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။အဆိုပါ မြောက်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများမှာ ရေဘေး၊ လေဘေးဒဏ်ကို ခံစားခဲ့ရပြီး လက်ရှိအချိန်အထိ စားဝတ်နေရေး အခက်အခဲရှိနေသော ကျေးရွာများဖြစ်ကာ ပျက်စီးသွားသည့် စပါးစိုက်ခင်းများအား ပြန်လည်စိုက်ပျိုးပြီးဖြစ်သော်လည်း မျိုးစေ့မမှန်သဖြင့် စပါးအထွက်နှုန်းမှာ ဝမ်းစာဖူလုံနိုင်ဖွယ်မရှိကြောင်း လယ်သမားများက ပြောကြားသည်။
Eleven Media Group မှတစ်ဆင့် စေတနာရှင်၊ အလှူရှင်များ လှူဒါန်းသော ဆန်အိတ် ၈၈၀ နှင့် ဆီ၊ ရေသန့်၊ ဆား၊ ငရုတ် စသည်တို့အား မြောက်ဦးမြို့နယ်အတွင်း ရေဘေး၊ လေဘေးဒဏ်သင့် ကျေးရွာ ၁၇ ရွာသို့ လှူဒါန်း















