နွေဂိမှာန် အတာကူး လတန်ခူးသို့ ရောက်ခဲ့ပြီ

နွေဂိမှာန် အတာကူး လတန်ခူးသို့ ရောက်ခဲ့ပြီ
Published 20 March 2015

‘သင်္ကြန်တာကူး နှစ်ဦးညောင်ရေ၊ စာပုလွေခင်း၊ ပဉ္စင်းတော်ခံ၊ စာရေးတံနှင့် မြစ်ယံပွဲကြီး၊ ဆီမီးထွန်းချိန်’ ဟု ရှေးစာဆိုများ စပ်ဆိုထားခဲ့သည်။ တပေါင်းသာခေါင် လများနောင်၏နောက်တွင် ကပ်လျက်ပါလာချိန်မှာ ‘တန်ခူးလ’ ပင်ဖြစ်၏။တန်ခူးမှာ ထူး၏၊ မြူး၏၊ လန်း၏၊ ဆန်း၏၊ ပိတောက်ပန်းများ အဆန်းတကြယ် ပွင့်ဖူးကြသောလမှာ တန်ခူးလပင် ဖြစ်တော့သည်။ ‘ငုပန်းများ’ လည်း ဝင်းဝင်းဝါဝါ ပွင့်နေပါသည်။ ပိတောက်ပန်းလို မမွှေးမကြူ သဖြင့် အလေးမမူကြပါ။ သို့အတွက် သူငယ်ချင်း ကိုတင်မိုးက ‘ပိတောက်နှင့် ငုအနိုင်လုသော် မွှေးသူဘက်သို့ မဲပေးမည်’ ဟု ကဗျာသီ စာစီခဲ့လေသည်။ သြော်...ကိုတင်မိုးလည်း မရှိတော့ပါပြီ။တစ်နှစ်တွင် သည်တစ်လပေပ‘တစ်နှစ်တွင် သည်တစ်လပေပ၊ တစ်လတွင်တစ်ရက်ထဲ ခက်ခဲတဲ့ ရက်ဗုဒ္ဓါ၊ ပွင့်ရှာကြစုံမြိုင်တွင်း၊ မြူမင်းလွင်ထန်ကြူသင်း တာချိန်ယံမတော့ ရွှေဝတ်ဆံငုံတန်ညှောက်ကယ်နဲ့... ခါသင်္ကြန် ဂိမှာန်ရောက်ပြန်တော့ သိမ်သရေထိန်ဝေလို့ တောက်တဲ့ပြင်၊ ဆန်းသလောက် မလင်းနိုင်ဘူး၊ လမ်းတလျှောက် သင်းပါဘိ၊ ပန်းပိတောက်မင်း’ ဟု စပ်ဆိုခဲ့သော တောင်တွင်းကြီးဦးကြော့ကိုလည်း သတိရနေမိပေသည်။‘တန်ခူးမည်မှတ် ဖက်ဆွတ်ရေတိုး၊ သင်္ကြန်မိုး’ ဟု ဆိုကြလေရာ ပလ္လင်လက်ဆေး မိုးလေးများ ရွာလေမည်လား တမ်းတမိသည်။ စာဆိုတော် ဦးကြင်ဥကလည်း တန်ခူးလ ပူလောင်ပုံကို။‘ချိန်ခါနွေ...ဣန္ဒာဆွေ ဘူပတိသော်မှ၊ ပူမိရင်ဘယ်ဖြေနိုင်လိမ့်၊ ခြယ်ရွှေခိုင်နေ ဂုလေးငယ်နှင့်၊ ရာဇူမှာသာပြူသေးချည်ငံ့.. ဆွေးတော့ညံ့ပဲ’ ဟု နေမင်းနှင့် ဖြေရှင်းခဲ့ပါသည်။ တန်ခူးလတွင် လွမ်းရပုံများကို မဟာအတုလ မင်းကြီးကလည်း ဤသို့ပင် စာစီခဲ့လေသည်။ထပ်ထပ်သာစောတော့တယ်မြကြောငယ်ရစ်သီကိုက်ဖူးငယ်စီသည်ပွင့်သိင်္ဂီရွှေရင်ခတ်ကယ်တို့နှစ်ရပ်တွင်နယ်တခိုက စိုလှတယ်လေးနွေခါမှီငယ် ရာသီမိဿဂိမှာနမို့၊ စိတြကြယ်၊ တိမ်မိုးလယ်မှာစံပယ်ကွန့်ကာ၊ တိမ်ဗွေချာဝယ်ဒေသာစာလှမ်း၊ လှည့်လည်မြန်းလို့နှစ်ဆန်းငယ်သင်္ကြန်သစ်သစ်သာဖန်တော့တယ်နိုင်ငံကြော့ပြည်သူမှာပန်ဆုယူ တာရေသွန်းချိန်မို့လွမ်းလိုက်လှလေး ဟု လွမ်းပင်ပေါက်၍ လွမ်းညှောက်များပေးခဲ့ပါသည်။မိဿရာသီ တန်ခူးလ‘ကောင်းကင်မိုးလ၊ စိတြနှင့်၊ မိသာရာသီအခါညီကြောင်း၊ နှစ်ဦးပေါ်က၊ ကံ့ကော်ရင်ခတ်၊ပင်တိုင်းညွတ်လျက် ပွင့်ဝတ်ကယ်ဝေေ၀တောင်လေသုတ်ဖြူး လတန်ခူးမို့’ဦးအောင်ကြီး၏ကဗျာနှင်းယွန်းဟေမာန်တွင် တန်ခူးလေက ထန်နေသည်။ မိဿရာသီသို့ ကူးဝင်ခဲ့ပြီ မဟုတ်ပါလား။ မိဿရာသီခေါ်ရသည်မှာ ကမ္ဘာ့တန်းဆာ၊ ရာဇမတ္တဏ်ကျမ်း၊ ရာသီဘိဓာနအပိုင်းတွင် (အစောမိဿရာသီ၊ ကြိယာမိဿရာသီ၊ မေသာမိဿရာသီ) ဟူ၍ သုံးမျိုးပြသည်။ မြန်မာဘာသာ မောဂတွင် ကေသရကိုဣသာရပြု၍ မိဿခေါ်ကြကုန်၏။ အဓိပ္ပာယ်မှာ ဆိတ်သတ္တဝါဖြစ်၏။ဆိတ်တို့နှင့် တူတန်သောရာသီ၊ ဆိတ်နှင့်တူသည့် အဆင်းရှိသည့် ရာသီဟု လှေသင်းအတွင်းဝန်မင်းဦးချိန်က မိဿရာသီအကြောင်း ဖွင့်ဆိုခဲ့လေသည်။ တန်ခူးခေါ်ရသည်ကား ထန်းပေါင်းသောလကို ထန်းပေါင်းလ၊ ထန်းခူးသောလကို ထန်းခူးလဟု ခေါ်ကြရာမှ (ထန်းခူး = တန်ခူး၊ တခူး) ဖြစ်လာရကြောင်း လေ့လာခဲ့ဖူးပါသည်။အတာသင်္ကြန်ကူးဝင်ပုံသက္ကတဘာသာ ‘သင်္ကြန်တာမှ သင်္ကြန်’ ဖြစ်လာခဲ့ရသည်။ သင်္ကြန်ကား ကူးပြောင်းခြင်း အဓိပ္ပာယ်ဆောင်၏။‘တာရတီဟိ၊ ရက္ခတိ၊ အတာ’ ဟု ရှေးကဝိဂြိုဟ်ပြုကုန်သည်။ နှစ်ဟောင်းကုန်ပြောင်း၍ နှစ်သစ်သို့ရောက်ခြင်းပင်။ အတာချိန်ဟူသည်ကား နှစ်သစ်ချိန်ခါရောက်ခြင်းကို ဆိုလိုပါသည်။ အတာကူးပုံဝတ္ထုနိပါတ်သော်ကား...ရှေးအခါက သိကြားမင်းနှင့် ဗြဟ္မာမင်းတို့သည် ဗေဒင်ကိန်းခန်းတစ်ခုကို အငြင်းသန်ခဲ့ပြီး ရှုံးသူကို မှန်သူက ခေါင်းဖြတ်စတမ်း ကတိထား၍ ကဝါလမိုင်းဆရာကြီးထံ သွားကြသည်။ ကဝါလမိုင်း ဆရာကြီးကိုယ်တိုင် စစ်ဆေးပြီး သိကြားမင်းကို အနိုင်ပေးလိုက်ရာ ဗြဟ္မာကြီး ခေါင်းဖြတ်ခံရတော့သည်။ ဗြဟ္မာကြီးမှာ လွန်စွာတန်ခိုးကြီး၍ သူ၏ခေါင်းကို ရေသို့ လွှတ်ပစ်လိုက်လျှင် သမုဒ္ဒရာ အင်းအိုင်အားလုံး ရေခန်းသွားမည်။ ကုန်းတွင် ချထားပြန်လျှင်လည်း မီးဟုန်းဟုန်းတောက်မည်၊ သို့အတွက် သိကြားမင်းမှာ အကြံအိုက်ကာ၊ နတ်သမီးခုနစ်ပါးကို ခေါ်ယူပြီး၊ ဗြဟ္မာဦးခေါင်းကို ကိုင်ခိုင်းထားသည်။ နတ်သမီးတစ်ဦး တစ်နှစ်ကိုင်ပြီး အခြားနတ်သမီးထံ လက်ပြောင်းပေးရ၏။ဗြဟ္မာဦးခေါင်းကို လက်ပြောင်းကိုင်သောအချိန်မှာ တစ်နှစ်တာ၏ အတာချိန်ပင် ဖြစ်လာလေသည်။ ထိုအချိန် တန်ခူးလတွင် ရေကစားကြသည်မှာ ရိုးရာဖြစ်၏။သင်္ကြန်ရေလောင်း အခါကောင်းသင်္ကြန်ရေကား အေး၏၊ မွှေး၏၊ သင်္ကြန်ရေထိလျှင် တစ်နှစ်ပတ်လုံး ရွှင်လန်းနေမည် ယုံကြည်ကြပါသည်။ သို့အတွက် ကမ္ဘာပေါ်တွင် ဗုဒ္ဓဘာသာနိုင်ငံတိုင်း၌ အတာရေသင်္ကြန်ပွဲများ ပြုလုပ်လေ့ရှိသည်။ သင်္ကြန်ရေလောင်းရာ၌ ‘သပြေခက်နှင့် ရေပက်ကြ’ ဟူသကဲ့သို့ အမွှေးနံ့သာရည်များကို ငွေဖလားတွင်ထည့်ကာ သပြေခက်ဖြင့်ဆွတ်၍ တစ်ဦးကိုတစ်ဦး ပက်ဖျန်းကြရပါသည်။ မသန့်ရှင်းသောရေ၊ ရေပုပ်ရေဆိုးများဖြင့် သင်္ကြန်ရေ မပက်ရပါ။ သင်္ကြန်ရေဖြင့် တဖက်သားအား မညစ်နွမ်းစေကြရပါ။ သင်္ကြန်အခါတွင် ဆောင်ရန်၊ ရှောင်ရန် များစွာရှိသည်။ အချို့ကို ဖော်ပြပါမည်။* သင်္ကြန်တွင်း ငိုကြွေးမှု မပြုရ။* မေထုန်မှီဝဲမှု မပြုရ။* အမဲဟင်းလျာ မစားရ။*  သေရည်သေရက် မသောက်ရ။* သွေးဖောက်ခြင်း မလုပ်ရ။* သစ်ပင်မခုတ်ရ။* နံ့သာမလိမ်းရ။* ကခြင်း၊ သီခြင်းမပြုရ။* စပါးကို ကျီမသွင်းရ။* ဈေးရောင်းပြီး အမြတ်မရှာရ ဆိုသည်တို့ကား သင်္ကြန်အခါ ရှောင်ရန်ကိစ္စရပ်များ ဖြစ်၏။သင်္ကြန်အခါတွင် လူကြီး၊ မိဘ၊ ဆရာသမားများအား ရေချိုးပေးခြင်း၊ ခြေသည်းလက်သည်းများ လှီးပေးခြင်း ခေါင်းရိတ်ပေးခြင်း၊ အမွှေးနံ့သာများ လိမ်းကျံခြင်း ပြုရမည်။ မိမိကိုယ်တိုင်လည်း ကျောင်းကန်ဘုရားသွား၍ ဥပုသ်သီလများ ဆောက်တည်ကြရပါမည်။သင်္ကြန်ဆိုင်ရာ အတာကဗျာများဆောင်းပါးလေး ဝေေ၀ဆာဆာရှိအောင် အတာဆိုင်ရာ ကဗျာအချို့ကို နိဂုံးချုပ် တင်ပြပါမည်။ကြယ်နှစ်ပြိုင်...သွယ်ဆိုင်ပဝင်းစိတြာငယ်နှင့် ငွေလသော်တာတို့ယုဂန်ချာတောင်တော်စွန်းမှာထွန်းထိန်လို့လင်း။သူတော်ဦးမင်းငွေသောင်ကမ်းမှာလ၊ ငှက်ညီလာခံပျူငှာကိုယ်စီကျင်မူယာပီတော့တယ်ရွှေညီလာခံ...အခါထူးတောင်ပံရိုက်ခါ၊ လင်ပြာကမြူး။လူဦးမင်းဦးပြုံးချို၏သဖြန်နှစ်လုံးရယ်တဲ့ ပါဒ်မှီရေသွန်းခံပျော်လို့ နွေကံ့ကော်ပိတောက်ပန်းရယ်ကွယ် လန်းတဲ့ရာသီစိတြရွှေကြယ်မြတ်ရယ်နဲ့စန်းသမသတ်ပြည့်ကာမှီညဉ့်နာရီ နေခင်း။မျှမပို၊ လကိုအတာကူးကာပါ့ရဝိန်နွေပစ္စုန်နန်းမှာ မြန်းကြွအတွင်း။ဦးအောင်ကြီး၏ကဗျာကောင်းကင်မိုးလ၊ စိတြနှင့်မိဿရာသီ၊ အခါညီကျော်နှစ်ဦးပေါ်က ကံ့ကော်ရင်ခတ်ပင်လုံးညွတ်လျက်ပွင့်ဖတ်ဝေဆာတောင်လေလာသုတ်ကာဖြူးလတန်ခူးကို မြူးတူးပျော်ရွှင်ဇာတ်သဘင်ဝယ်ဦးအောင်ကြီးဆိုအချုပ်တန်းကဗျာပန်းစုံစွာ*  ခင်းအပြန့်မှာတော့ သင်းရနံ့ကတကြိုင်ကြိုင်    ပင်ဆပ်သွား၊ စံကားဇီဇဝါနှင့် ကြည့်စရာ    သရဖီပန်းတွေက ဆန်းတဲ့ဂနိုင်။*  အရိုင်းစံပယ်မှာ ခတ္တာဆင့်ပြန်တော့    မှိုင်းဒဝယ်၊ ထပ်တရာကတင့်ပေရဲ့    ဇလပ်စံကားဝါအပွင့်တွေက မနိုင့်တနိုင်    အခိုင်ခိုင်ရယ်ကတစုတရုံး၊*  ပန်းချင်းရယ်လှိုင်၊    အင်ကြင်းမြိုင် ဟိုအကွေ့မှာဖြင့်    လေဝှေ့ရာတခေါ်သာသာက    အတော်ကွာ၊ ရော်ကာရမ်းလိုက်တော့    လမ်းအဆင့်တသက်မဆုံးနိုင်ဘု    (ဟိုရှေ့ဆီမှာကွယ်)    ပန်းဘုရင့်ပိတောက်ကုန်း။

Most Read

Most Recent