မကွေးတိုင်း ပုဏ္ဏားရွာ၌ ပြုလုပ်မည့် ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ရန် စီစဉ်

မကွေးတိုင်း ပုဏ္ဏားရွာ၌ ပြုလုပ်မည့် ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ရန် စီစဉ်
Published 5 March 2015

မကွေးတိုင်းဒေသကြီး သရက်မြို့နယ် ပုဏ္ဏားရွာတွင် ယခု မတ် ၂၇ ရက်၌ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ နှစ်တစ်ရာပြည့် အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနား ပြုလုပ်မည်ဖြစ်ရာ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်နိုင်ရန် စီစဉ်ထားသည်။၁၉၄၅ ခုနှစ် မတ် ၂၇ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် အဆိုပါပုဏ္ဏားရွာ၌ ဖက်ဆစ်တော်လှန်ရေးစတင်ရန် ကြေညာခဲ့သည့် နေရာဖြစ်ပြီး ယင်းရွာတွင် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ နှစ်တစ်ရာပြည့် ဂုဏ်ပြုအခမ်းအနား ကျင်းပရန် မကွေးတိုင်း သရက်၊ အောင်လံ၊ ကံမနှင့် မင်းတုန်းမြို့များရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိသူများက အဓိက ဆောင်ရွက်သွားမည်ဟု ကံမမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးထွန်းအောင်ကျော်က ပြောကြားသည်။ဦးထွန်းအောင်ကျော်က “ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ရာပြည့်အခမ်းအနားကို ဗိုလ်ချုပ်အောင်ဆန်း ဖက်ဆစ်တော်လှန်ရေး ကြေညာခဲ့တဲ့ ပုဏ္ဏားရွာမှာ လုပ်မယ်။ မတ် ၂၇ ရက်မှာ လုပ်မှာ။ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ နှစ်ရာပြည့် ဂုဏ်ပြုအခမ်းအနားတွေကို တစ်နှစ်လုံး တစ်နိုင်ငံလုံးမှာ လုပ်မယ်လို့ ကြေညာထားတာကိုး။ အဲဒါကြောင့်မို့ မကွေးတိုင်းအနေနဲ့ ရာပြည့်အခမ်းအနားကို လာမယ့် ၂၇ ရက်မှာ တစ်ပွဲလုပ်မှာပေါ့ဗျာ။ အဲဒီအခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်တက်မှာ ပြောပြီးသား” ဟု ပြောကြားသည်။ပုဏ္ဏားရွာတွင် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ဂုဏ်ပြုအခမ်းအနား ကျင်းပနိုင်ရေး အသေးစိတ် အစီအစဉ်များ ချမှတ်ရန် မတ် ၁၀ ရက်တွင် သရက်မြို့နယ်၌ ကျင်းပရေး တာဝန်ရှိသူများက ဆွေးနွေးမည်ဖြစ်သည်။

Most Read

Most Recent