ပြည်သူငါးသန်းခန့်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်းမှ ပုဒ်မ ၄၃၆ ပြင်ဆင်ရန် လက်မှတ်ထိုး၍ လွှတ်တော်သို့ တောင်းဆိုထားသော်လည်း သမ္မတက ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြင်ဆင်ရေးနည်းလမ်းများနှင့်အညီ ပြင်ဆင်ခြင်းကသာ နည်းလမ်းမှန်ဖြစ်ကြောင်း လွှတ်တော်သို့ပြန်ကြားထ

ပြည်သူငါးသန်းခန့်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်းမှ ပုဒ်မ ၄၃၆ ပြင်ဆင်ရန် လက်မှတ်ထိုး၍ လွှတ်တော်သို့ တောင်းဆိုထားသော်လည်း သမ္မတက ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြင်ဆင်ရေးနည်းလမ်းများနှင့်အညီ ပြင်ဆင်ခြင်းကသာ နည်းလမ်းမှန်ဖြစ်ကြောင်း လွှတ်တော်သို့ပြန်ကြားထ
Published 1 February 2015
အောင်ဇော်ထွန်း

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ အခန်း(၁၂) ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းမှ ပုဒ်မ ၄၃၆ကို ပြင်ဆင်ရန် ပြည်သူငါးသန်းခန့်က လက်မှတ်ရေးထိုး၍ လွှတ်တော်သို့ တင်ပြတောင်းဆိုထားသော်လည်း နိုင်ငံတော်သမ္မတက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရာတွင် လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေက ပြဋ္ဌာန်းထားသည့်အတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး နည်းလမ်းများနှင့်အညီ ပြင်ဆင်ခြင်းကသာ နည်းလမ်းမှန်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်သို့ ပြန်ကြားထားကြောင်း သိရသည်။ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ပြည်သူလူထု လက်မှတ်ရေးထိုး တောင်းဆိုသည့် လှုပ်ရှားမှုကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်း၍ ၂၀၁၄ ခုနှစ် မေလမှ ဇူလိုင်လအထိ တစ်နိုင်ငံလုံး၌ ဆောင်ရွက်ခဲ့ရာ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ရန် ပြည်သူငါးသန်းခန့်က လက်မှတ်ရေးထိုးတောင်းဆိုခဲ့ပြီး ယင်းလက်မှတ်များကို လွှတ်တော်သို့ပို့ခဲ့သည်။ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးနှင့် မြန်မာနိုင်ငံ အနာဂတ်အတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသား အစုအဖွဲ့များမှ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ပါဝင်သည့် ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန် ပြည်ထောင်စုလွှတ်တော်က ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၂၅ ရက်တွင် အတည်ပြု တိုက်တွန်းခဲ့သည်။၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က ပြည်သူများသို့ ပြောကြားသည့် ရေဒီယိုမိန့်ခွန်းတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က “ကျွန်တော်တို့ အစိုးရလက်ထက်မှာ ဖန်တီးဖော်ဆောင်ခဲ့တဲ့ နိုင်ငံရေး ယဉ်ကျေးမှုသစ်အရ နိုင်ငံရေး အင်အားစုများအကြား တွေ့ဆုံဆွေးနွေးညှိနှိုင်း အဖြေရှာမှုဟာ ကြိုဆိုရမယ့်ကိစ္စ ဖြစ်တဲ့အတွက် ပြည်ထောင်စုလွှတ်တော်ရဲ့ တိုက်တွန်းမှုကို ကျွန်တော့်အနေနဲ့ ကြိုဆိုကြောင်း တရားဝင် ပြန်ကြားခဲ့ပါတယ်။ ပြည်ထောင်စုလွှတ်တော်က ပေးပို့လာတဲ့ အဓိက နှစ်ချက်ထဲက တစ်ချက်ဖြစ်တဲ့ ခေတ်စနစ်၊ အချိန်အခါ အခြေအနေနဲ့ ညီညွတ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်ပေါ်လာရေးဆိုတဲ့ အချက်ဟာ ကျွန်တော် အစဉ်တစိုက် ပြောဆိုခဲ့တဲ့ မိမိနိုင်ငံ၊ မိမိလူ့အဖွဲ့အစည်းအတွက် ဖွဲ့စည်းပုံကို အခြေအနေ အချိန်အခါအလိုက် ပြင်ဆင်ရေးသားရမှာ ဖြစ်တယ်ဆိုတဲ့ အချက်နဲ့ တူညီပါတယ်။ ဒီလိုပြင်ဆင်တဲ့ အခါမှာလည်း နိုင်ငံသားများရဲ့ ပြည်လုံးကျွတ် သဘောထား ဆန္ဒခံယူမှုများနဲ့ ပြုလုပ်ရမယ့် ကိစ္စရပ်တွေ ပါဝင်တဲ့အတွက် လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေက ပြဋ္ဌာန်းထားတဲ့အတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး နည်းလမ်းများနဲ့အညီ ပြင်ဆင်ခြင်းကသာလျှင် နည်းလမ်းမှန်ဖြစ်ကြောင်းလည်း ပြန်ကြားခဲ့ပါတယ်” ဟု ပြောကြားသည်။
အစဉ်တစိုက် ပြောဆိုခဲ့တဲ့ မိမိနိုင်ငံ၊ မိမိလူ့အဖွဲ့အစည်းအတွက် ဖွဲ့စည်းပုံကို အခြေအနေ အချိန်အခါအလိုက် ပြင်ဆင်ရေးသားရမှာ ဖြစ်တယ်ဆိုတဲ့ အချက်နဲ့ တူညီပါတယ်။ ဒီလိုပြင်ဆင်တဲ့ အခါမှာလည်း နိုင်ငံသားများရဲ့ ပြည်လုံးကျွတ် သဘောထား ဆန္ဒခံယူမှုများနဲ့ ပြုလုပ်ရမယ့် ကိစ္စရပ်တွေ ပါဝင်တဲ့အတွက် လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေက ပြဋ္ဌာန်းထားတဲ့အတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး နည်းလမ်းများနဲ့အညီ ပြင်ဆင်ခြင်းကသာလျှင် . . . . .

သမ္မတက “ဒုတိယတစ်ချက်ဖြစ်တဲ့ ပစ္စုပ္ပန်နဲ့ အနာဂတ် မြန်မာနိုင်ငံ တည်ဆောက်ရေးအတွက် အခြေအနေကောင်းများ ဖန်တီးလမ်းခင်းပေးရန်ဆိုတဲ့ အချက်မှာလည်း အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်များနဲ့ တပ်မတော်တို့သာမကဘဲ ပါဝင်သင့် ပါဝင်ထိုက်သူတွေ ပါဝင်ဖို့ လိုအပ်တယ်လို့ ရှုမြင်မိပါတယ်။ ဒါကြောင့်လည်း ဇန်နဝါရီ ၁၂ ရက်နေ့ တွေ့ဆုံဆွေးနွေးပွဲမှာ တိုင်းရင်းသားရေးရာ ဝန်ကြီးများကို ထည့်သွင်းဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံအတွက် ဆွေးနွေးစရာ ကိစ္စတွေ များပြားနိုင်ပါတယ်။ ကျယ်ပြန့်တဲ့ ပါဝင်မှုတွေလည်း လိုအပ်တဲ့အတွက် အချိန်တွေလည်း လိုအပ်မှာဖြစ်ပါတယ်။ ကျွန်တော့် အနေနဲ့ကတော့ ပြည်ထောင်စုလွှတ်တော်ရဲ့ တိုက်တွန်းမှုကို ငြင်းပယ်တာ မဟုတ်ဘဲ တွေ့ဆုံမှုတွေကို ပုံစံမျိုးစုံနဲ့ ပြုလုပ်သွားရမှာဖြစ်ပြီး ကျယ်ပြန့်တဲ့ ပါဝင်မှုတွေ ဖြစ်အောင်လည်း လုပ်ဆောင်ရမှာ ဖြစ်တယ်ဆိုတဲ့ ရပ်တည်ချက်ကို ဆုပ်ကိုင်ထားရှိပါတယ်” ဟု ပြောကြားသည်။အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ၂၀၁၄ အောက်တိုဘာ ၃၁ ရက်က ဆောင်ရွက်ခဲ့သော အစိုးရ၊ လွှတ်တော်၊ တပ်မတော်မှ ခေါင်းဆောင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များ ပါဝင်သော ၁၄ ပွင့်ဆိုင်ဆွေးနွေးပွဲနှင့် ယခု ၂၀၁၅ ဇန်နဝါရီ ၁၂ ရက်က ပြုလုပ်ခဲ့သည့် နိုင်ငံရေးဆွေးနွေးပွဲတို့မှာ အနှစ်သာရ မရှိသော ဟန်ပြဆွေးနွေးပွဲများ ဖြစ်သည်ဟု ဝေဖန်မှုများ ရှိနေသည်။ဇန်နဝါရီ ၁၂ ရက်က ပြုလုပ်သည့် နိုင်ငံတော်သမ္မတ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော်နာယက၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ နိုင်ငံရေးပါတီ ခေါင်းဆောင်များနှင့် တိုင်းရင်းသားရေးရာ ဝန်ကြီးများ ပါဝင်သော တွေ့ဆုံဆွေးနွေးပွဲတွင် “ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် ပြုပြင်ပြောင်းလဲမှု ဆက်လက်ဖြစ်ထွန်းရေး”၊ “ငြိမ်းချမ်းရေးဖြစ်စဉ်ကို အခြေခံသည့် အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေးဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲများ စတင်ကျင်းပနိုင်ရေး”၊ “လွတ်လပ်၍ တရားမျှတသော (၂၀၁၅)ခုနှစ် အထွေထွေရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး၊ မြင်သာသော အသွင်ကူးပြောင်းမှု နိုင်ငံရေး လုပ်ငန်းစဉ်များ ပေါ်ပေါက်ရေးနှင့် ကျန်ရှိနေသေးသည့် ကြားကာလ နိုင်ငံရေးတည်ငြိမ်မှု ရှိရေး” စသည့် ခေါင်းစဉ်သုံးရပ်အပေါ် ဆွေးနွေးခဲ့သည်။“ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် ပြုပြင်ပြောင်းလဲမှု ဆက်လက်ဖြစ်ထွန်းရေး” နှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးရာတွင် ပြုပြင်ပြောင်းလဲမှုများ ရပ်တန့်နေခြင်းမှာ “(၁) ပြုပြင်ပြောင်းလဲလိုသော ဆန္ဒအားနည်းခြင်း၊ (၂) ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်၍ ပြည်ထောင်စုအစိုးရက ဆန္ဒထက်သန်မှု မရှိခြင်း၊ ဤကိစ္စနှင့် ပတ်သက်၍ ပြည်သူလူထု၏ ဆန္ဒကို အလေးထားမှု အားနည်းခြင်း၊ (၃) လူတစ်ဦးချင်းစီ၏ အခွင့်အရေးများကို အလေးထားဆောင်ရွက်မှု အားနည်းခြင်း၊ (၄) နိုင်ငံ၏ လူဦးရေ အများစုဖြစ်သော တောင်သူလယ်သမားများ၏ ရေရှည်အကျိုးဖြစ်စေမည့် ဆောင်ရွက်မှုများ အားနည်းခြင်း၊ (၅) ဗဟိုချုပ်ကိုင်မှု ဆက်လက်ကျင့်သုံးနေခြင်းနှင့် လွှတ်တော်နှင့် ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်း၊ (၆) အဂတိလိုက်စားမှု မထိန်းချုပ်နိုင်ခြင်း၊ (၇) တရားစီရင်ရေး မဏ္ဍိုင်ကို အုပ်ချုပ်ရေးမဏ္ဍိုင်က ဝင်ရောက်စွက်ဖက်ခြင်းနှင့် (၈) ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်နှင့်အညီ ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ဖြစ်မြောက်စေရန် ပြည်ထောင်စုအစိုးရက ယခုအထိ ဆောင်ရွက်မှု မရှိခြင်းတို့ကြောင့် ဖြစ်သည်ဟု သုံးသပ်ဆွေးနွေးခဲ့ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဇန်နဝါရီ ၁၃ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

Most Read

Most Recent