မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ဝင်နိုင်ငံများကဲ့သို့ ကုန်သွယ်မှုမူဝါဒကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ အထွေထွေကောင်စီ၏ ကုန်သွယ်ရေးမူဝါဒသုံးသပ် ရေးအဖွဲ့(TPRB) ၏ ကုန်သွယ်မှုမူဝါဒ ယန္တရားစနစ် Trade Policy Review Mechanism(TPRM) ဖြင့် သုံးသပ်ခံရမည်ဖြစ် သော်လည်း ဖွံ့ဖြိုးမှုနောက်ကျသည့် နိုင်ငံ ဖြစ်သည့်အတွက် မြန်မာနိုင်ငံအနေဖြင့် ကုန်သွယ်မှု မူဝါဒကို ခြောက်နှစ်တစ်ကြိမ် အစီ ရင်ခံရမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်မှု ညွှန်ကြားရေးဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးမင်းမင်းက ပြောကြားသည်။
“ကျွန်တော်တို့အနေနဲ့ ဖွံ့ဖြိုးမှုနောက် ကျတဲ့နိုင်ငံဖြစ်တဲ့အတွက် ခြောက်နှစ်တစ် ကြိမ် ကုန်သွယ်မှု မူဝါဒကို သုံးသပ်ခံရမှာ ပါ။ ကျွန်တော်တို့က ခြောက်နှစ်တစ်ကြိမ် အစီရင်ခံစားပေးပို့ရမှာပါ။ မြန်မာနိုင်ငံအ နေနဲ့ WTO ရယ်လို့မဖြစ်ခင် ၁၉၄၇ GATT ဆိုတဲ့အဖွဲ့ကြီး တည်ထောင်ကတည်းက မှာ တုန်းကတည်းက Founding Member Countries တွေထဲမှာ ပါဝင်ခဲ့ပါတယ်။ အဲ့ဒီအတွက်လည်း ယခုအနေ့အထိ WTO မှာ Member အဖြစ် ဆက်လက်ရှိနေပေါတယ်။ ဒါပေမဲ့နောက်ပိုင်းမှာ အဖွဲ့ဝင်နိုင်အဖြစ်နဲ့ တင်းပြည့်ကျပ်ပြည့် ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိခဲ့ပေမယ့် အခုပြန်လည်ပါဝင်လာနိုင်ဖို့ အတွက် ကြိုးပမ်းမှုအနေနဲ့ အခုလိုပြန်လည် သုံးသပ်ရတာ ဖြစ်ပါတယ်။ အခု မြန်မာနိုင်ငံဟာ ပွင့်လင်းလာတဲ့ စီးပွားရေးလုပ်ငန်းနဲ့အတူ ခြောက်နှစ်တစ်ကြိမ် သုံးသပ်ခံဖို့ပြင်ဆင်နေပါတယ်” ဟု ဦးမင်းမင်းက ဆိုသည်။
“WTO မှာ သူက Trade in Goods၊ Trade in Services ဆိုတာရှိတယ်။ အဲ့ဒီကိစ္စတွေမှာ တစ်ခုချင်းစီမှာ ဘယ်ဟာလုပ်ရမလဲ ဘယ်ဟာမလုပ်ရဘူးလဲဆိုတာ သူ့ Agreement တွေရှိတယ်။ သတ်မှတ်ချက်တွေရှိတယ်။ အနီးစပ်ဆုံးအနေနဲ့ ကုန်သွယ်မှုနဲ့ ပတ်သက်ပြီးပြောရရင် Import Licensing ဆိုတာရှိတယ်။ Trade Facilitation Agreement ဆိုတာရှိတယ်။ WTO Customs Valu- ation ဆိုတာရှိတယ်။ အဲဒီတော့ ကျွန်တော် တို့ကတော့ Import Licensing Producere ဖြေလျော့မှုအဖြစ်နဲ့ ပစ္စည်းအတော်များများ ကို လိုင်စင်လျှောက်စရာမလိုဘဲနဲ့ ဖြေလျော့ ပေးလိုက်တယ်။ လိုက်နာဆောင်ရွက်တဲ့အခါ WTO Import Licensing Agreement နဲ့ လိုက်လျောညီထွေ ဖြစ်အောင်လုပ်ရတဲ့ သဘောပါ။ Customs Valuation ကတော့ ကျွန်တော်သိရသလောက်တော့ Agreement On Customs Valuation အရတော့ နေပြည်တော်မှလုပ်တဲ့ Presentation အရ ဆိုရင် Customs Valuation အရဆိုရင် အကောက်အခွန်က သူရဲ့ဥပဒေကို ပြန်ပြင်ရေးဆွဲနေတယ်။ အဲ့ဒီဥပဒေအောက်မှာမှ လုပ်ထုံးလုပ်နည်းနဲ့အညီ လိုက်ပါဆောင်ရွက်လို့ရမှာ။ အဲဒါကပြီးရင် သူတို့ခေါ်တဲ့ Post Clearance Audit ခေါ်မှာပေါ့။ ထုတ်ပေးလိုက်မယ် လွယ်လွယ်ကူကူပဲ။ ပြီးရင် နောက်ကြောင်းလိုက်တာ သုံးနှစ်။ အဲဒီမှာ မမှန်မကန်ကြေညာသွားရင် အရေးပြန်ယူလို့ရတယ် ဒါမျိုးတွေပေါ့။ ဒါကတော့ အကြမ်းဖျင်းပါ။ ကျွန်တော်တို့ ဒီမှာကတော့ ကန်သွယ်မှုနဲ့ စပ်ဆက်တဲ့လုပ်ငန်းတွေမှာ ပြစ်မှုပြစ်ဒဏ်ကို အခြေအနေ အချိန်အခါအရ စာအုပ်ထဲမှာ ဥပဒေမှာ ပြဋ္ဌာန်းထားပေးမယ် အတိအကျ အရေးယူမယ်ဆိုရင် ထိခိုက်နစ်နာမှာစိုးတဲ့ အတွက်ကြောင့် ဖြေလျော့ပေးရတာ များနေတယ်။ မသိနားမလည်လို့ဆိုတာနဲ့ ဖြေလျော့ပေးတယ်။ ဒါပေမဲ့ အဲ့ဒါတွေက အချိန်အတိုင်းအတာတစ်ခုအထိပဲ လုပ်သင့်တာပေါ့။ ဘာလို့လဲဆိုတော့ တစ်ဖက်က အဲ့ဒီလိုမလုပ်တဲ့အခါမှာ တကယ် ရည်ရွယ်ချက်ရှိရှိလုပ်တဲ့လူက ဒီအခွင့်အရေးကိုရမယ်ဆိုတဲ့ သဘောမျိုး ဖြစ်နေတယ်။ ဥပမာ ကျွန်တော်တို့ပို့ကုန်သွင်းကုန် ဥပဒေ ၂ဝ၁၂ မှာဆိုရင် ဒီဟာတွေကို ချိုးဖောက်လို့ ရှိရင် ထောင်ဒဏ်ဘယ်နှနှစ်တို့ ဘာတို့ပါ တာပေါ့နော်။ ဒါပေမဲ့ တချို့ဟာတွေကျ တော့ ကျွန်တော်တို့က စီမံခန့်ခွဲမှုနည်း လမ်းနဲ့ပဲ သူ့ကိုလိုင်စင်ခဏ ရပ်ထားတာတို့၊ ကုမ္ပဏီမှတ်ပုံတင်ရုံးကို အရင်တုန်းက လုပ်တဲ့ဟာမျိုး Blacklist ပေါ့။ အဲ့ဒါမျိုးတွေပဲ လုပ်ခဲ့တာရှိတာပေါ့။ ဒီဟာကို တိတိကျကျ လုပ်ဖို့ဆိုတာကို ပြောတာပေါ့နော်။ ဒါမှ တကယ်လုပ်တဲ့လူက တကယ်အကျိုးခံစားခွင့်ရှိမှာ” ဟု ဦးမင်းမင်းက ဆိုသည်။
ယင်းအတွက် မြန်မာနိုင်ငံအနေဖြင့် အသိဉာဏ်ဆိုင်ရာ ဥပဒေ၊ စားသုံးသူကာကွယ်ရေး ဥပဒေများရေးဆွဲ ပြဋ္ဌာန်းရန်လိုအပ် နေကြောင်းလည်း ဦးမင်းမင်းက ဆိုသည်။
ကမ္ဘာ့ကုန်သွယ်မှု၏ အကြီးမားဆုံး အစုရှယ်ယာရှင်များဖြစ်သော အဖွဲ့ဝင်လေး နိုင်ငံဖြစ်သည့် အမေရိကန်၊ ဥရောပသမဂ္ဂ၊ ဂျပန်နှင့် တရုတ်တို့မှာမူ နှစ်နှစ်လျှင်တစ် ကြိမ်ကုန်သွယ်မှု မူဒါဝသုံးသပ်မှုခံရပြီး ဒုတိယနိုင်ငံများကို လေးနှစ်တစ်ကြိမ်၊ အခြားနိုင်ငံများကို ခြောက်နှစ်တစ်ကြိမ် အကဲဖြတ်ရန် သတ်မှတ်ထားကြောင်း သိရသည်။ LDC ခေါ် ဖွံ့ဖြိုးမှုနောက်ကျသည့် နိုင်ငံများအတွက် ထို့ထက်ရှည်ကြာသော ကာလကိုသတ်မှတ် နိုင်သည်ဟုလည်း သိရသည်။
၂ဝ၁၄ ခုနှစ် မတ် ၁၁ ရက်က WTO ၏ ကုန်သွယ်မှုကောင်စီ အစည်းအဝေးတွင် မြန်မာနိုင်ငံသည် WTO နှင့် GATT ကနဦး အဖွဲ့ဝင်တစ်ဦးအဖြစ်သည့် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရမည့် ပထမဆုံးကုန်သွယ် ရေးမူဝါဒသုံးသက်ချက်ကို ကြိုဆိုကြောင်း၊ WTO ၏ အခြေခံမူများနှင့်အညီ မိမိတို့ ကုန်သွယ်ရေးမူဝါဒစနစ်ကို ပြုပြင်ပြောင်း လဲရန် အလိုငှာ၊ WTO အဖွဲ့ဝင်နိုင်ငံများ၏ အမြင့်ဖြင့် ကုန်သွယ်ရေးမူဝါဒများနှင့် လုပ်ဆောင်ချက်များကို အကဲဖြတ်ခွင့်ပေးပါ ကြောင်း၊ ယခုပထမအကြိမ်သုံးသပ်ပြင်ဆင် မှုကြောင့် ဝန်ကြီးဌာနအချင်းချင်း ပူးပေါင်း ဆောင်ရွက်မှုကို အထောက်အကူဖြစ်စေပြီး နောင်တွင် ကုန်သွယ်ရေးနှင့်ကုန်သွယ်ရေး ဆိုင်ရာမူဝါဒများကို ပိုမိုသဟဇာတဖြစ်လာ မည်ဟု မျှော်လင့်ကြောင်း၊ TPR နှင့် စပ်လျဉ်း၍ လုပ်ဆောင်ရသော လုပ်ငန်း အဝဝသည် မူလကတည်းက အကန့်အသတ်များဖြင့် စွမ်းဆောင်နေရသည့် အစိုးရအတွက် ကြီး မားသော ထပ်တိုးတာဝန်တစ်ရပ် ဖြစ်ခဲ့ပါကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သိရသည်။
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှ ယခုပထမအကြိမ် သုံးသပ်မှုတွင် အဖွဲ့ဝင်အားလုံးနီးပါးက မေးခွန်းပေါင်း ၁၉၇ ခုအထိ စာဖြင့်ရေးသား မေးခွန်းပေးပို့ခဲ့ကြောင်းလည်း သိရသည်။ အများစုမှာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာများ၊ အကောက်အခွန်ဆိုင်ရာများ၊ အခွန်ကိစ္စရပ်များ၊ နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများကို ဈေးကွက်အခြေအနေကိုလိုက်၍ ပုဂ္ဂလိကပိုင်ပြုလုပ်ရန်၊ စိုက်ပျိုးရေးကဏ္ဍနှင့် အထောက်အပံ့ အခြေအနေများ ပါဝင်ကြောင်း WTO မှ ဇန်နဝါရီ ၂၃ ရက်က ကန်တော်ကြီးပဲလေ့စ် ဟိုတယ်တွင် ပြုလုပ်သည့် မြန်မာနိုင်ငံ ကုန်သွယ်မှုမူဝါဒ ပြန်လည်ဆန်းစစ်ခြင်းဆိုင်ရာ အခမ်းအနားတွင် ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေးထွက်ကုန်များ တင်ပို့ရောင်းချမှုတွင် အစိုးရအထောက်အပံ့များ မပါဝင်ခြင်းအတွက် ကုန်သွယ်ရေး အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် အားတက်ရကြောင်း၊ သို့ရာတွင် ဆင်းရဲမွဲတေမှု လျှော့ချရာတွင် စိုက်ပျိုးရေးကဏ္ဍသည် အရေးကြီးသည့်အလျောက် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် ချေးငွေမရရှိခြင်း၊ လုပ်အားထုတ်လုပ်မှု နည်းပါးခြင်းတို့ကို အဖွဲ့ဝင်နိုင်ငံများအနေဖြင့် သတိပြုမိကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးတက်လာစေခြင်းဖြင့် ယင်းကဏ္ဍကို မြှင့်တင်ရန် လိုအပ်ကြောင်းလည်း WTO ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ဖွံ့ဖြိုးမှုနောက်ကျသည့် နိုင်ငံဖြစ်သည့်အတွက် မြန်မာနိုင်ငံအနေဖြင့် ကုန်သွယ်ရေးမူဝါဒကို ခြောက်နှစ်တစ်ကြိမ် အစီရင်ခံရမည်