စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီများ ငွေကြေးသက်သေခံလက်မှတ် ရောင်းဝယ်မှုတွင် ဝန်ဆောင်မှုပေးမည့် ကုမ္ပဏီများ (Securities Companies) လိုင်စင်ကြေး အနည်းဆုံး ကျပ်သန်း ၃၀ (သုည ဒသမ ၀၃ ဘီလျံ) မှ ကျပ် ၁၅ ဘီလျံအထိ သတ်မှတ်

စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီများ ငွေကြေးသက်သေခံလက်မှတ် ရောင်းဝယ်မှုတွင် ဝန်ဆောင်မှုပေးမည့် ကုမ္ပဏီများ (Securities Companies) လိုင်စင်ကြေး အနည်းဆုံး ကျပ်သန်း ၃၀ (သုည ဒသမ ၀၃ ဘီလျံ) မှ ကျပ် ၁၅ ဘီလျံအထိ သတ်မှတ်
Published 10 January 2015
ဇော်ဝေ

စတော့အိတ်ချိန်းတွင် စာရင်းဝင်သည့် ကုမ္ပဏီများမှ ထုတ်ရောင်းသည့် ရှယ်ယာများ ကို ပြန်လည်ရောင်းချခွင့် လုပ်ငန်းလိုင်စင် အတွက် ကျပ်သန်း ၃ဝ မှ ကျပ် ၁၅ ဘီလျံ အထိ သတ်မှတ်ထားကြောင်း မြန်မာနိုင်ငံ ငွေချေးသက်သေ လက်မှတ်ရောင်းချမှု ကြီးကြပ်ရေးကော်မရှင်မှ သိရသည်။
နိုင်ငံတကာနည်းတူ ငွေချေးသက်သေခံ လက်မှတ်ရောင်းဝယ်ရေးတွင် ဝန်ဆောင်မှု လုပ်ငန်ကိုင်မည့် ကုမ္ပဏီများကို အမျိုးအစား လေးမျိုးပါဝင်လာမည်ဟု မျှော်မှန်းထားပြီး စတော့အိတ်ချိန်းတွင် စာရင်းဝင်သည့် ကုမ္ပဏီများမှ  ထုတ်ရောင်းလိုသည့် ရှယ်ယာများကို လျှော့ဈေးဖြင့် ဝယ်ယူစုဆောင်းရောင်းချမည့် Underwriter လိုင်စင်တစ်ခုအတွက် ကျပ် ၁၅ ဘီလျံ၊ ဝယ်ရောင်းလုပ်ငန်းအမျိုးအစားဖြစ် သည့် Dealer လိုင်စင်အတွက် ကျပ် ၁ဝ ဘီလျံ၊ အကျိုးဆောင်လုပ်ငန်း အမျိုးအစားဖြစ်သည့်  Broker လိုင်စင်အတွက် ကျပ် ခုနစ်ဘီလျံ၊ အကြံပေးလုပ်ငန်းဖြစ်သည့် Consultant လိုင် စင်အတွက် ကျပ်သန်း ၃ဝ (သုည ဒသမ ဝ၃ ဘီလျံ) သတ်မှတ်ထားကြောင်း သိရသည်။
“ငွေကြေးကဏ္ဍကို အခြေခံတဲ့ ကုမ္ပဏီတွေ ဖြစ်တဲ့အတွက်ကြောင့် ကိုယ်ချမ်းသာဖို့ အတွက် ချမ်းသာတဲ့ ကုမ္ပဏီတွေကိုပေးတာ စိတ်ချရတယ်ပေါ့။ လိမ်တာညာတာနည်းတယ်။ အဲဒီရည်ရွယ်ချက်နဲ့ ငွေကြေးပမာဏ မြ§င့်ထားပါတယ်။ Paid up Capital  ထည့်ဝင် ပြီး ရင်းနှီးမတည်ငွေကို ကျွန်တော်တို့ သတ် မှတ်ထားပါတယ်။ ကျွန်တော်တို့ သတ်မှတ် တယ်ဆိုပေမယ့် ကျွန်တော်တို့ရဲ့သတ်မှတ် ချက်မှာ CMLV (ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်)ဆိုတဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ သတ်မှတ်တဲ့နှုန်းကို ယူပြီးတော့ သတ်မှတ် ခြင်းဖြစ်တယ်။ အနည်းအပါးပဲ ကွာမယ်။ အိမ်နီးချင်းနိုင်ငံတွေက နှုန်းကို ယူပြီးတော့မှ မြန်မာပြည်ရဲ့အခြေအနေနဲ့ သတ်မှတ်ထား ခြင်းသာ ဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံငွေချေး သက်သေခံလက်မှတ် ရောင်းချမှုကြီးကြပ်ရေး ကော်မရှင်ဥက္ကဋ္ဌ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက ဇန်နဝါရီ ၁ဝ ရက်တွင် ပြောကြားသည်။
ယင်းကဲ့သို့ လိုင်စင်ကြေး သတ်မှတ်ချက်အပြင် တစ်ဦးချင်း လိုင်စင်လျှောက်ထားမှုကို ခွင့်ပြုမည်မဟုတ်ဘဲ ကုမ္ပဏီအနေဖြင့်သာ လျှောက်ထားခြင်းကို လက်ခံမည်ဖြစ်ကြောင်းလည်း သိရသည်။
“လျှောက်လွှာတင်တဲ့ အနေရာမှာ အရေးကြီးတဲ့အချက်တစ်ခုက ဘာလဲဆိုရင်ပုဂ္ဂလိက တစ်ဦးချင်းစီလျှောက်ခွင့် မရှိပါဘူး။ ကုမ္ပဏီတွေကိုပဲ လျှောက်ခွင့်ပေးမယ်။ လျှောက်မယ့် ကုမ္ပဏီကိုလည်းပဲ လျှောက်ခွင့်ပေးမယ်။ လျှောက်မယ့် ကုမ္ပဏီကလည်း ရှိပြီးသားကုမ္ပဏီနဲ့ လျှောက်လို့မရဘူး။ Securities Exchange ဆိုတဲ့ နာမည်ပါတဲ့ ကုမ္ပဏီတွေ သက်သက် ထောင်ရမှာ ဖြစ်ပါတယ်” ဟု ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။
ငွေချေးသက်သေခံ လက်မှတ်ရောင်းဝယ်မှုဆိုင်ရာ ဝန်ဆောင်မှု ကုမ္ပဏီအဖြစ် လျှောက်ထားရန် စိတ်ဝင်စားနေသည့် စီးပွားရေး အကြံပေး ဝန်ဆောင်မှုလုပ်ငန်း တစ်ခုဖြစ်သည့် Thura Swiss ကုမ္ပဏီ CEO ဒေါက်တာ အောင်သူရက “မကောင်းတဲ့ ကုမ္ပဏီတွေက လျှောက်ပြီးတော့ လိမ်သွားမှာကို စိုးရိမ်တဲ့အတွက် ဒီလို requirement တွေကို သတ်မှတ် ထားတာပေါ့။ တချို့တိုင်းပြည်တွေမှာတော့ ပိုပြီးတိုးတက်တဲ့ တိုင်းပြည်တွေမှာတော့ လူတိုင်းလည်း အခွင့်အရေး ရတိုင်းလည်း Securities Company လျှောက်တာလည်း မဟုတ် ဘူး။ အဲဒီမှာကျတော့ တည်ထောင်သူတွေရဲ့ Qualification ဘာလဲဆိုတာကို ကြည့်ပြီးတော့ ထောင်ခွင့်ပြုတာတွေရှိတယ်။ ဥရောပတို့၊ အမေရိကတို့မှာဆိုရင် ဒီလိုငွေကြေး လိုအပ်ချက်က အတော်လေးကို နိမ့်ပါတယ်” ဟု ပြောကြားသည်။
 
 
 

Most Read

Most Recent