မန်ယူနှင့် အင်္ဂလန်ဂန္ထဝင် ဆာဘော်ဘီချာလ်တန် ကွယ်လွန်သွားခြင်းအတွက် ဘောလုံးလောကအတွင်း ဝမ်းနည်းကြောင်း ရေးသားဖော်ပြမှုများ ပြုလုပ်ခဲ့ကြ

မန်ယူနှင့် အင်္ဂလန်ဂန္ထဝင် ဆာဘော်ဘီချာလ်တန် ကွယ်လွန်သွားခြင်းအတွက် ဘောလုံးလောကအတွင်း ဝမ်းနည်းကြောင်း ရေးသားဖော်ပြမှုများ ပြုလုပ်ခဲ့ကြ
Photo : Man Utd
Photo : Man Utd
Published 23 October 2023

မန်ယူအသင်းနှင့် အင်္ဂလန်လက်ရွေးစင်အသင်းတို့၏ ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်သူ ဆာဘော်ဘီချာလ်တန်သည် အသက်(၈၆)နှစ်အရွယ်တွင် ပြီးခဲ့သည့်စနေနေ့က ကွယ်လွန်သွားခဲ့သည်။

ဆာဘော်ဘီချာလ်တန်သည် အင်္ဂလန်အသင်းနှင့် ၁၉၆၆ ကမ္ဘာ့ဖလားချန်ပီယံဆု ရယူနိုင်ခဲ့သူဖြစ်ပြီး ၁၉၆၆ ခုနှစ်အတွက် Ballon d'Or ဆု ရယူနိုင်ခဲ့သူဖြစ်သည်။ အင်္ဂလန်နိုင်ငံ၏ အကောင်းဆုံးကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူဖြစ်သော ဆာဘော်ဘီချာလ်တန်သည် အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ဆဋ္ဌမမြောက်ပွဲအများဆုံးကစားသမား၊ တတိယမြောက် ဂိုးသွင်းအများ ဆုံးကစားသမားအဖြစ် ရပ်တည်နေသူလည်း ဖြစ်သည်။

၎င်းသည် မန်ယူအသင်းအတွက် (၁၇)နှစ်ကြာ ယှဉ်ပြိုင်ကစားခဲ့စဉ်ကာလအတွင်း ပထမတန်းအမှတ်ပေးချန်ပီယံဆု(၃)ကြိမ်၊ ဥရောပဖလား(ယခု ချန်ပီယံလိဂ်) (၁)ကြိမ်၊ FA ဖလားတစ်ကြိမ်ရယူနိုင်ခဲ့သူဖြစ်သည်။

၎င်းကွယ်လွန်သွားခဲ့ခြင်းအတွက် ကလပ်အသင်းများ၊ ကစားသမားများ၊ ဘောလုံးအဖွဲ့အစည်းများနှင့် အားကစားမီဒီယာများစွာက လူမှုကွန်ရက်တွင် ဝမ်းနည်းကြောင်း ရေးသားဖော်ပြမှုများ ပြုလုပ်ခဲ့ကြသည်။ ပရိသတ်အချို့က အိုးလ်ထရက်ဖို့ဒ်ကွင်းသို့ လာရောက်၍ အမှတ်တရပန်းစည်းပေးအပ်ခြင်း၊ ဝမ်းနည်းမှတ်တမ်းရေးသားခြင်းများ ပြုလုပ်ခဲ့ကြသည်။

Most Read

Most Recent