ပီအိုလီရဲ့ မီလန်ရဲ့ ခရီးကြမ်းအစ

ပီအိုလီရဲ့ မီလန်ရဲ့ ခရီးကြမ်းအစ
Photos: AFP
Photos: AFP
Published 21 October 2023
Phoe Thar

နိုင်ငံတကာရက်သတ္တပတ်အပြီးမှာပဲ ရင်ခုန်စိတ်လှုပ်ရှားစရာ ဥရောပကလပ်အသင်းပွဲစဉ်တွေ ပြန်လည်ရောက်ရှိလာခဲ့ပါပြီ။ ဒီတစ်ပတ်ပြန်လည်စတင်မယ့် ဥရောပထိပ်တန်းလိဂ်ပွဲစဉ်တွေမှာ ပရိသတ်အာရုံကို ဖမ်းစားဖို့ရှိနေတဲ့ ပွဲစဉ်တစ်ပွဲကတော့ အီတလီစီးရီးအေရပ်ဝန်းက အေစီမီလန်နဲ့ ဂျူဗင်တပ်စ်တို့ ထိပ်တိုက်တွေ့တဲ့ ပွဲစဉ်ပါပဲ။ ပြိုင်ဘက်ထိပ်တန်းလိဂ်တွေနဲ့ ယှဉ်လိုက်ရင် စီးရီးအေရဲ့ ပါ၀ါအားနည်းနေမှုနဲ့ တစ်ချိန်က ထိပ်တန်းဘီလူးအသင်းကြီးတွေဖြစ်ခဲ့တဲ့ အေစီမီလန်၊ ဂျူဗင်တပ်စ်တို့ လက်ရှိဥရောပ အရှိန်အဝါ ကျဆင်းနေမှုတွေကြောင့် ပုံရိပ်ပိုင်းလျော့ကျနေနိုင်တယ်ဆိုရင်တောင် အီတလီဘောလုံးသမိုင်းရဲ့ အအောင်မြင်ဆုံး၊ အကောင်းဆုံးအသင်းတွေထဲက (၂)သင်း၊ ဒီရာသီစကူဒက်တိုချန်ပီယံဆုအတွက် အားပြိုင်ရမယ့်အသင်း(၂)သင်း အစရှိတဲ့ အခြေအနေတွေက အေစီမီလန် - ဂျူဗင်တပ်စ်ပွဲရဲ့ အရှိန်အဟုန်ကို မီးစာမြှင့်ပေးနေပါတယ်။ ဒီနေရာမှာ ပိုပြီးစိတ်ဝင်စားစရာကောင်းတာက ဂျူဗင်တပ်စ်နဲ့ ထိပ်တိုက်တွေ့ဆုံမှုကစလို့ ပွဲကျပ်ကာလကို ဖြတ်သန်းရတော့မယ့် အေစီမီလန်ရဲ့ ခယောင်းလမ်းခရီးစတင်ခြင်းပဲဖြစ်ပါလိမ့်မယ်။

 

Most Read

Most Recent