■ တော့တင်ဟမ်ရဲ့ အနာနဲ့ဆေး တည့်ခဲ့ခြင်း 

■ တော့တင်ဟမ်ရဲ့ အနာနဲ့ဆေး တည့်ခဲ့ခြင်း 
Photo: Goal.com
Photo: Goal.com
Published 19 October 2023
Phoe Thar

စပါးကတော့ မထင်မှတ်ထားတဲ့ အရွေ့တစ်ခု၊ အပြောင်းအလဲတစ်ခုမှာပဲ အနာနဲ့ဆေး တွေ့ခဲ့ပုံရပါတယ်။ မထင်မှတ်ထားတဲ့ရာသီ၊ မထင်မှတ်ထားတဲ့ အချိန်ကာလမှာမှ စပါးအသင်းရဲ့ စွမ်းဆောင်ပြမှုတွေ၊ အောင်မြင်မှုတွေက ရှုထောင့်ပေါင်းစုံမှာ အထင်ကြီးစရာ ကောင်းနေတယ်။ ပြိုင်ဘက်အသင်း ပရိသတ်တွေသာမက စပါးပရိသတ်တွေကိုယ်တိုင် ပါးစပ်အဟောင်းသားဖြစ်ရလောက်တဲ့ အံ့အားသင့်စရာ ရလဒ်ကောင်းတွေ၊ တည်ငြိမ်မှုတွေကို ပြသနေတယ်။ ၂၀၂၃-၂၄ ရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၈)အပြီးမှာ စပါးအသင်းဟာ (၆)ပွဲနိုင်၊ (၂)ပွဲသရေ၊ ရှုံးပွဲ မရှိရလဒ်နဲ့အတူ ရမှတ် (၂၀)မှတ် ရရှိထားပြီး မြောက်လန်ဒန်မြို့ခံပြိုင်ဘက် အာဆင်နယ်နဲ့အပြိုင် အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေတယ်။

 

Most Read

Most Recent