ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းများ အမြန်ဆုံးစတင်နိုင်ရေး နှစ်ဖက်ကြိုတင်ဖြည့်ဆည်းရမည့် အချက်များကို ပြီးပြတ်အောင်ဆောင်ရွက်ရန် နစကဒုတိယဥက္ကဋ္ဌ ပြောကြား

ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းများ အမြန်ဆုံးစတင်နိုင်ရေး နှစ်ဖက်ကြိုတင်ဖြည့်ဆည်းရမည့် အချက်များကို ပြီးပြတ်အောင်ဆောင်ရွက်ရန် နစကဒုတိယဥက္ကဋ္ဌ ပြောကြား
Published 13 October 2023

ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းများ အမြန်ဆုံးစတင်နိုင်ရေး နှစ်ဖက်ကြိုတင်ဖြည့် ဆည်းရမည့်အချက်များကို ပြီးပြတ်အောင်ဆောင်ရွက်ရန် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားသည်။

အောက်တိုဘာ ၁၂ ရက်က ကျင်းပသည့် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ အစည်းအဝေး (၁/၂၀၂၃)အမှာစကားတွင် နစကဒုတိယဥက္ကဋ္ဌက ထိုသို့ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

နစကဒုတိယဥက္ကဋ္ဌက ကျောက်ဖြူအထူးစီးပွားရေးဇုန်အတွက် အထောက်အကူပြုမည့် ကျောက်ဖြူ-မန္တလေး-မူဆယ် ရထားလမ်းစီမံကိန်းကိုလည်း ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်စေရေး စီစဉ်ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းများပြီးစီးပါက မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ကုန်စည်စီးဆင်းမှုပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း ပြောကြားသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့်ပတ်သက်၍ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်တွင် ရေနက်ဆိပ်ကမ်းစီမံကိန်း၏ မူဘောင်သဘောတူညီချက် (Framework Agreement) ရေးထိုးနိုင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလတွင် Shareholders’ Agreement နှင့် နိုဝင်ဘာလတွင် Concession Agreement ကို နှစ်ဖက်သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကြောင်း၊ ယခင်ကနှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးခဲ့သည့် စာချုပ်များနှင့်ပတ်သက်ပြီး နှစ်ဖက်အဓိပ္ပာယ်ကွဲလွဲယူဆ၍ ရနိုင်သည့်အချက်အချို့ရှိရာ ပြန်လည်ညှိနှိုင်းရမည့်အချက်များကို နိုင်ငံတော် အကြီးအကဲက ဆွေးနွေးညှိနှိုင်းရန် မူအားဖြင့် ခွင့်ပြုထားပြီးဖြစ်၍ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်ပြီး တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် ညှိနှိုင်းမှုများနှင့် Win Win ဖြစ်အောင် နှစ်ဖက်လုပ်ငန်းအဖွဲ့ အချင်းချင်းဆွေးနွေးမှုများ အပြုသဘောဆောင်ပြီး စီမံဆောင်ရွက်ရန်လိုကြောင်း  နစကဒုတိယဥက္ကဋ္ဌက ပြောကြားသည်။

ထိုသို့ ဆွေးနွေးမှုများ ပြုလုပ်ပြီးပါက ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းများ အမြန်ဆုံးစတင်နိုင်ရေးအတွက် နှစ်ဖက်ကြိုတင်ဖြည့်ဆည်းရမည့်အချက်များ (Conditions Precedent)ကို ပြီးပြတ်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့အတွက် မိမိတို့ဘက်က ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် အချက်များကို သတ်မှတ်ကာလအတွင်းပြီးစီးအောင် ဆောင်ရွက်သွားနိုင်ရေး သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊  ကျောက်ဖြူစီမံခန့်ခွဲမှု ကော်မတီများအနေဖြင့် လိုအပ်ချက်ပေါ်မူ တည်ပြီးပူးပေါင်းချိတ်ဆက်ဆောင်ရွက်ရန်လိုကြောင်း နစကဥက္ကဋ္ဌကပြောကြားသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်၌ ရေနက်ဆိပ်ကမ်းစီမံကိန်းသည် အရေးပါပြီး ဒေသခံများနှင့် နိုင်ငံတော်အတွက်အကျိုးများစွာဖြစ်ထွန်းနိုင်သည့်အတွက် အောင်မြင်အောင် အကောင်အထည်ဖော်ရန်လိုကြောင်း၊ ရေနက်ဆိပ်ကမ်းစီမံကိန်းကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခြင်းဖြင့် မြန်မာ-တရုတ် စီးပွားရေးစင်္ကြံ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းကို ပါဝင်ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်စေနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲအနေဖြင့်လည်း ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းများအချိန်တိုအတွင်း အောင်မြင်စွာအကောင်အထည် ဖော်ဆောင်ရွက်နိုင်စေရေး လမ်းညွှန်မှုများ ပြုလုပ်ထားပြီးဖြစ်သည့်အတွက် လိုအပ်သည့် ညှိနှိုင်းဆွေးနွေးမှုများကို အချိန်တိုအတွင်း ပြီးပြတ်အောင် ဆက်လက်လုပ်ဆောင်ပြီး စီမံကိန်းလုပ်ငန်းများ စတင်ဆောင်ရွက်နိုင်စေရေး ကြိုးပမ်းဆောင်ရွက်ရန်အသိပေးလိုကြောင်း နစကဒုတိယဥက္ကဋ္ဌက ဆိုသည်။

အလားတူ ထားဝယ်အထူးစီးပွားရေးဇုန်ကို ၂၀၀၈ ခုနှစ်ကတည်းက အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော်လည်း ရင်းနှီးတည်ဆောက်သူအဖြစ် ရွေးချယ်တာဝန်ပေးခဲ့သည့် အီတာလျံ-ထိုင်းကုမ္ပဏီသည် အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းအကောင်အထည်ဖော်မှုရပ်တံ့လျက်ရှိရာ လုပ်ငန်းရပ်စဲထားပြီးဖြစ်၍ လွှဲပြောင်းလက်ခံခြင်းလုပ်ငန်းများ စနစ်တကျဆောင်ရွက်ရန်နှင့် ရင်းနှီးတည်ဆောက်သူအသစ် ထပ်မံဖိတ်ခေါ်နိုင်ရေး နိုင်ငံတကာလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့နှင့် လုပ်ငန်းကော်မတီအဖွဲ့များကလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအသစ်များရရှိအောင် ၀ိုင်းဝန်းကြိုးပမ်းအကောင်အထည် ဖော်ဆောင်ရွက်ရန် ၎င်းက ပြောကြားသည်။

Most Read

Most Recent