ဖားကန့်ဒေသတွင် ရေခဲချောင်းရောင်းသည့် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

ဖားကန့်ဒေသတွင် ရေခဲချောင်းရောင်းသည့် အမျိုးသားတစ်ဦး ပစ်သတ်ခံရ
Published 1 October 2023

ကချင်ပြည်နယ် ဖားကန့်ဒေသ လုံးခင်း ကျေးရွာအုပ်စု ကထန်ကျေးရွာ အမှိုက်ပုံတွင် ရေခဲချောင်းရောင်းနေသည့် အမျိုးသားတစ်ဦး စက်တင်ဘာ ၂၉ ရက် မွန်းလွဲ  ၂ နာရီကျော် က ပစ်သတ်ခံရကြောင်း ဒေသခံများထံက သတင်းရရှိသည်။

သေဆုံးသူမှာ ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်နေ အသက် ၃၈ နှစ်ရှိ ဦးအေးကိုမြင့် ဆိုသူဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ သိရှိသူတစ်ဦးက “စက်တင်ဘာ ၂၉ ရက်က သေဆုံး ပြီးတော့ လူမှုကူညီရေးအသင်းတွေကို အကြောင်းကြားတယ်။ ပထမတော့ ဆိုင်ကယ်မှောက်တယ်ဆိုပြီး ပြောတာ။ မဟုတ်ပါဘူး။ ဒဏ်ရာနဲ့ သေဆုံးတာပါပဲ။ အစတော့ ပိုင်ရှင် လည်းမပေါ်ဘူး။ နောက်မှ သေဆုံးသူရဲ့ ဆွေ မျိုးသားချင်းတွေ ရောက်လာကြတာ။ ဘာ ကြောင့်ဆိုတာတော့ မသိတော့ဘူးလေ”ဟု ပြောကြားသည်။

ပြီးခဲ့သည့် ဧပြီ ၂၉ ရက် မွန်းလွဲပိုင်းက လည်း ဖားကန့်ဒေသ လုံးခင်းကျေးရွာအုပ်စု ကုဋေမော်ကျေးရွာတွင် ဖျာ၊ ခေါင်းအုံး၊ စုဘူး များရောင်းချသူတစ်ဦး ဦးခေါင်းကို သေနတ် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။

ဖားကန့်ဒေသတွင် စက်တင်ဘာလအ တွင်း လုပ်ကြံသတ်ဖြတ်ခံရသူ ရဲတပ်ဖွဲ့ဝင်များ အပါအဝင် ၁၁ ဦး ရှိခဲ့ပြီဖြစ်ကြောင်း သိရ သည်။ 

Most Read

Most Recent