ချယ်လ်ဆီးအသင်းတွင် နည်းစနစ်အကြံပေးအဖြစ် ဆောင်ရွက်နေသော ပြင်သစ်ကွင်းလယ်ကစားသမားဟောင်း မက်ခီလီလီသည် ရာထူးမှ နုတ်ထွက်လိုက်ပြီဖြစ်ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အတည်ပြုကြေညာခဲ့သည်။
မက်ခီလီလီ(၅၀ နှစ်)သည် ချယ်လ်ဆီးအသင်းတွင် ဆုဖလားအောင်ပွဲများစွာ ရယူနိုင်ခဲ့သည့် ကစားသမားဟောင်းတစ်ဦးလည်းဖြစ်ပြီး ၂၀၁၉ ခုနှစ်ကတည်းက ယခုရာထူးဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်။
"နှစ်ဖက်သဘောတူညီမှုနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်လိုက်တာပါ။ ကျွန်တော့်အတွက် စိန်ခေါ်မှုအသစ်တွေ ရှာဖွေရမယ့်အချိန်ဖြစ်တယ်လို့ ယူဆတာကြောင့် အခုလိုဆုံးဖြတ်ခဲ့တာပါ"ဟု မက်ခီလီလီက ပြောကြားခဲ့သည်။