နစကဥက္ကဋ္ဌ နှင့် ထိုင်းဘုရင့် လေတပ်ဦးစီးချုပ် တွေ့ဆုံပြီး မြန်မာ့တပ်မတော် (လေ)နှင့် ထိုင်းဘုရင့် လေတပ်အကြား  ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ နှင့် ချစ်ကြည်ရေးခရီးစဉ်များ လည်ပတ်‌ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး

နစကဥက္ကဋ္ဌ နှင့် ထိုင်းဘုရင့် လေတပ်ဦးစီးချုပ် တွေ့ဆုံပြီး မြန်မာ့တပ်မတော် (လေ)နှင့် ထိုင်းဘုရင့် လေတပ်အကြား  ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ နှင့် ချစ်ကြည်ရေးခရီးစဉ်များ လည်ပတ်‌ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး
Published 16 September 2023

 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌတပ်မတော်ကာကွယ်ရေးဦးစီးချုပ်   ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်မြန် မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပြီး စီးခဲ့သည့် (၂၀)ကြိမ်မြောက်အာဆီယံ လေ တပ်ဦးစီးချုပ်များညီလာခံသို့တက်ရောက် ခဲ့ သည့် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Alongkorn Vannarot ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား စက်တင်ဘာ ၁၅ ရက် တွင် နေ ပြည်တော်ရှိ ဇေယျာသီရိဗိမာန်ဧည့် ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့ကြောင်းသိရသည်။

 ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီး မှုများတိုးတက်ကောင်းမွန်လျက်ရှိမှု အခြေ အနေများနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိမှု အခြေအနေများ၊ မြန်မာ့တပ်မတော် (လေ)နှင့် ထိုင်းဘုရင့်လေတပ်အကြား ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ မြန်မာ-ထိုင်းတပ်မတော်နှစ်ရပ်အကြား အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (HLC)နှင့် မြန်မာ-ထိုင်း ဒေသဆိုင်ရာ နယ် ခြားကော်မတီအစည်းအဝေး(RBC) ကို နှစ် စဉ်ဆောင်ရွက်နေမှု အခြေအနေများ၊ နှစ်   နိုင်ငံချစ်ကြည်ရင်းနှီးမှုတိုးတက်ရေးဆိုင် ရာကိစ္စရပ်များနှင့် ချစ်ကြည်ရေးခရီးစဉ်များ လည်ပတ်‌ရေး ဆိုင်ရာကိစ္စရပ်များကို အပြန် အလှန်ဆွေးနွေးခဲ့ကြောင်းသိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ နစကဥက္ကဋ္ဌ တပ်မ တော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာ ကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်နှင့် တပ်မတော် အ ရာရှိကြီးများတက်ရောက်ပြီး ထိုင်းဘုရင့် လေ တပ်ဦးစီးချုပ်နှင့်အတူ ထိုင်းဘုရင့် လေတပ်မှ တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင် ရာ ထိုင်းဘုရင့်လေတပ်စစ်သံမှူးတို့ တက် ရောက်ခဲ့ကြောင်းသိရသည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်သည်  ထိုင်းဘုရင့် လေတပ်ဦးစီးချုပ်Air Chief MarshalAlon- gkorn Vannarot အား စက်တင်ဘာ ၁၅ ရက်တွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ် သာ၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကြိုဆိုခဲ့ကြောင်းသိရသည်။

ထို့နောက် အခမ်းအနား တက်ရောက် လာသည့် နှစ်နိုင်ငံအရာရှိများအား အပြန် အလှန်မိတ်ဆက်ပေးပြီး ကာကွယ်ရေးဦး စီး ချုပ်(လေ)ဗိုလ်ချုပ်ကြီးထွန်းအောင်နှင့် ထိုင်း ဘုရင့်လေတပ်ဦးစီးချုပ် Air Chief MarshalAlon- gkorn Vannarot  တို့သည်  ဘုရင့်နောင် ရိပ်သာဧည့်ခန်းမဆောင်၌ တွေ့ဆုံခဲ့ကြောင်း သိရသည်

ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ထိုင်း နှစ် နိုင်ငံချစ်ကြည်ရင်းနှီးရေးခရီးစဉ်အပြန် အ လှန် လည်ပတ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ သင် တန်းသား စေလွှတ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံလေတပ် နှစ်ရပ်အကြား ဆက်ဆံ ရေးပိုမိုတိုးတက်ကောင်းမွန်စေရေးဆိုင်ရာ ကိစ္စရပ်များ၊ သဘာဝဘေးအန္တရာယ်များကြုံ တွေ့ရချိန် ကူညီကယ်ဆယ်ရေးဆိုင်ရာ ကိစ္စ ရပ်များ၊ နည်းပညာအချက်အလက် ဖလှယ် ရေးဆိုင်ရာကိစ္စရပ်များနှင့် လူသားချင်း စာ နာထောက်ထားမှုဆိုင်ရာ ကူညီကယ်ဆယ်ရေးလုပ်ငန်းစဉ် (Humanitarian Assistance and Disaster Relief-HADR)ဆိုင်ရာ ကိစ္စ ရပ်များဆွေးနွေးခဲ့ကြောင်းသိရသည်။                  

ယင်းတွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီး ချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင် ၊ စစ်ဦး စီးအရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့်နှင့် တပ်မတော်(လေ)မှ အရာရှိ ကြီးများ၊ ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Alongkorn Vannarot  နှင့် ထိုင်းဘုရင့်လေတပ်မှ အရာရှိကြီးများ တက် ရောက်ခဲ့ကြောင်းသိရသည်။

ထို့နောက် ကာကွယ်ရေးဦးစီးချုပ်(လေ)က ထိုင်းဘုရင့်လေတပ်ဦးစီးချုပ်အား  Jas-mine Hotel ရှိ ဧရာဝတီခန်းမ၌ အလုပ် သဘော နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး နောက် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် ဦး ဆောင် သောကိုယ်စားလှယ်အဖွဲ့များ သည် နေပြည်တော် လေဆိပ်မှလေကြောင်းခရီး ဖြင့် ပြန်လည် ထွက်ခွာသွားရာ လေဆိပ် တွင် တပ်မတော်(လေ)မှအရာရှိကြီးများက ပို့ ဆောင် နှုတ်ဆက်ခဲ့ကြောင်းသိရသည်။

Most Read

Most Recent