နိုင်ငံတကာပွဲတွေအပြီး ဒီတစ်ပတ်ပြန်လည်စတင်မယ့် ဥရောပထိပ်တန်းလိဂ်ပွဲစဉ်တွေထဲ ရင်ခုန်စရာအကောင်းဆုံးဖြစ်နေတာက အင်တာမီလန်နဲ့ အေစီမီလန်တို့ ထိပ်တိုက်တွေ့ဆုံနေတဲ့ မီလန်ဒါဘီပွဲစဉ်ပါ။ ၂၀၂၃-၂၄ ရာသီ အီတလီစီးရီးအေပွဲစဉ် (၄)အဖြစ် စီးချင်းတိုက်မယ့် မီလန်ဒါဘီပွဲဟာ ရာသီအစကာလဖြစ်လို့ ချန်ပီယံဆုနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ကြီးမားတဲ့သက်ရောက်မှု မရှိနိုင်သေးဘူးဆိုရင်တောင် မီလန်မြို့ခံနှစ်သင်းရဲ့ သမိုင်းအစဉ်အလာ၊ ဂုဏ်သိက္ခာနဲ့ စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှုတွေအတွက် အရေးပါတဲ့ပွဲစဉ်ဖြစ်နေလို့ ရင်ခုန်စိတ်လှုပ်ရှားစရာအားပြိုင်မှုဖြစ်လာဦးမှာပါ။ နောက်ထပ် စောင့်ကြည့်ရမှာက ဒီရာသီစီးရီးအေပြိုင်ပွဲမှာ ဘယ်အသင်း ရာသီအစ နိုင်ပွဲဆက်မှတ်တမ်းကောင်းကိုဆက်ထိန်းသွားနိုင်မလဲဆိုတာပါပဲ။ ဒီရာသီ စီး ရီးအေပွဲစဉ် (၃)ပွဲကစားပြီးချိန်မှာပဲ ရာနှုန်းပြည့် နိုင်ပွဲရရှိထားတဲ့အသင်းတွေအဖြစ် အင်တာမီလန်နဲ့ အေစီမီလန် (၂)သင်းသာကျန်ရှိတော့တာဖြစ်ပါတယ်။ ဒါကြောင့် ဒီပွဲမှာ အနိုင်ရတဲ့အသင်းက ရာသီအဖွင့် (၄)ပွဲဆက်အနိုင်ရရှိခြင်းနဲ့အတူ ချန်ပီယံဆုအတွက် ယုံကြည်မှုပိုမိုမြင့်မားသွားနိုင်ပြီး ရှုံးနိမ့်ခဲ့တဲ့အသင်းကတော့ ဒီရာသီရဲ့ ပထမဆုံးရှုံးပွဲဆိုတဲ့ မှတ်တမ်းကို ပိုင်ဆိုင်သွားမှာဖြစ်ပါတယ်။
■ ဘယ်သူ ပိုကြမ်းပြမလဲ မီလန်ဒါဘီ
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။















