စစ်ကိုင်းမြို့နယ်တွင် တံတားဦးလေဆိပ်တာဝန်ကျ ရဲအရာရှိတစ်ဦးနှင့် မိသားစုဝင်များ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ရဲအရာရှိနှင့် ဇနီးဖြစ်သူ သေဆုံးကာ သားဖြစ်သူ နှစ်နှစ်အရွယ် ကလေးငယ်တွင် ကျည်ထိမှန်ဒဏ်ရာရ

စစ်ကိုင်းမြို့နယ်တွင် တံတားဦးလေဆိပ်တာဝန်ကျ ရဲအရာရှိတစ်ဦးနှင့် မိသားစုဝင်များ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ရဲအရာရှိနှင့် ဇနီးဖြစ်သူ သေဆုံးကာ သားဖြစ်သူ နှစ်နှစ်အရွယ် ကလေးငယ်တွင် ကျည်ထိမှန်ဒဏ်ရာရ
Published 15 September 2023

မန္တလေး တံတားဦးလေဆိပ်တာဝန်ကျ ရဲအရာရှိတစ်ဦးနှင့် မိသားစုဝင်များသည် စစ်ကိုင်းမြို့နယ်၊ သလွန်ဖြူကျးရွာ၌ မိဘများအား သွားရောက်ကန်တော့ပြီးအပြန် အဆိုပါကျေးရွာအတွင်း PDF များက ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ရဲအရာရှိနှင့် ဇနီးဖြစ်သူတို့ သေဆုံးကာ နှစ်နှစ်အရွယ်သားဖြစ်သူ ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တံတားဦးမြို့နယ်၊ တံတားဦးလေဆိပ်တာဝန်ကျ ရဲအရာရှိတစ်ဦးသည် စက်တင်ဘာ ၁၃ ရက် နံနက်ပိုင်းတွင် ၎င်း၏ဇနီး၊ ကိုးနှစ်အရွယ် သမီးတစ်ဦးနှင့် နှစ်နှစ်အရွယ် သားတစ်ဦးတို့နှင့်အတူ Honda Fit အမျိုးအစား မော်တော်ယာဉ်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ သလွန်ဖြူကျေးရွာ၌ နေထိုင်သည့် မိဘများအား သွားရောက်ကန်တော့ကာ ညနေပိုင်းတွင် တံတားဦးလေဆိပ်သို့ ပြန်ရန်အတွက် ကျေးရွာရှိ ရွှေဘုံသာဘုန်းကြီးကျောင်းအနီး၌ ရပ်တန့်ထားသည့် ၎င်းတို့၏ မော်တော်ယာဉ်သို့ သွားရောက်စဉ် မော်တော်ယာဉ်အနီးအရောက်၌ အသင့်စောင့်ဆိုင်းနေသည့် PDF များက လက်နက်ငယ်များဖြင့် ၀ိုင်းဝန်းပစ်ခတ်ခဲ့သဖြင့် ရဲအရာရှိမှာ လက်နက်ငယ်ထိမှန်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး နှစ်နှစ် အရွယ်သားဖြစ်သူတွင် တင်ပါးကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့နောက် PDF များသည် ရဲအရာရှိ၏ဇနီးအား မော်တော်ယာဉ်ဖြင့် သလွန်ဖြူကျေးရွာ အနောက်ပိုင်းဘက်သို့ ဖမ်းဆီးခေါ်ဆောင်၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ၎င်း၏ရုပ်အလောင်းအား ပြန်လည်သယ်ဆောင်၍ အခင်းဖြစ်နေရာ၌ ချထားကာ မော်တော်ယာဉ်အား မောင်းနှင်ယူဆောင်ခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်တွင် လုပ်ကြံသတ်ဖြတ်ခဲ့သူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဥပဒေနှင့်အညီ ထိရောက်စွာ ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Most Read

Most Recent