NCA သည် ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားသည့် သမိုင်းဝင်စာချုပ်ဖြစ်ပြီး မည်သည့်အချိန်မျှ ပျက်ပြယ်မှုမရှိ တည်ရှိနေကြောင်းနှင့် တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ NCA စာချုပ်အပေါ်တွင်သာ ခိုင်ခိုင်မာမာ ရပ်တည်ဆောင်ရွက်မည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ ပြောကြား

NCA သည် ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားသည့် သမိုင်းဝင်စာချုပ်ဖြစ်ပြီး မည်သည့်အချိန်မျှ ပျက်ပြယ်မှုမရှိ တည်ရှိနေကြောင်းနှင့် တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ NCA စာချုပ်အပေါ်တွင်သာ ခိုင်ခိုင်မာမာ ရပ်တည်ဆောင်ရွက်မည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ ပြောကြား
Published 2 September 2023

NCAသည် ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားသည့် သမိုင်းဝင်စာချုပ်ဖြစ်ပြီး မည်သည့်အချိန်မျှ ပျက်ပြယ်မှုမရှိတည်ရှိနေကြောင်းနှင့် တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ NCA စာချုပ်အပေါ်တွင်သာ ခိုင်ခိုင်မာမာ ရပ်တည်ဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်ကပြောကြားသည်။စက်တင်ဘာ ၁ ရက်က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ရုံး အစည်းအဝေးခန်းမ၌ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး(၃/၂၀၂၃)သို့တက်ရောက်၍ အမှာ စကားပြောကြားရတွင် နစကဥက္ကဋ္ဌ ထိုသို့ ထည့်သွင်းပြောကြားသည်။

နစကဥက္ကဋ္ဌက ငြိမ်းချမ်းရေးနှင့် ပတ် သက်၍ဆောင်ရွက်ရာတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် တိုင်းပြည်အပေါ်တွင် စိတ်ကောင်းစေတနာ ကောင်းထားရန်လိုကြောင်း၊ နိုင်ငံရေးမျှော် မှန်းချက်ဖြစ်သည့် ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ် စ နစ်ကိုအခြေခံသည့် ပြည်ထောင်စုတည် ဆောက်ရေးလုပ်ငန်းများတွင် တိုင်းရင်း သားပြည်သူအားလုံး ပူးပေါင်းပါဝင်ရန် လို အပ်ကြောင်း ပြောကြားသည်။

ထို့ပြင် လာမည့် အောက်တိုဘာ ၁၅ ရက် သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက် မှတ်ရေးထိုးခဲ့သည့် ၈ နှစ်မြောက်နှစ်ပတ်လည် နေ့ဖြစ်ကြောင်း၊ NCA စာချုပ်ကို ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အ ဖွဲ့အစည်းများက ကမ္ဘာ့ ကုလသမဂ္ဂအပါအဝင် တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ထိုင်း စသည့်နိုင်ငံများမှ သံတမန် များ၊ ပြည် တွင်းအသိသက်သေများရှေ့မှောက်တွင် ခမ်း နားထည်ဝါစွာ လက်မှတ်ရေးထိုးခဲ့ ကြောင်း၊ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေး ထားသည့် သမိုင်းဝင် စာချုပ်ဖြစ်ပြီး မည်သည့် အချိန်မှပျက်ပြယ်မှုမရှိတည်ရှိနေမည့်စာ ချုပ်ဖြစ်ကြောင်း၊ အစိုးရဘက်မှ မိမိကိုယ်တိုင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အ နေဖြင့် ပါဝင်လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ယခုအခါ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်း တစ်ခု၏ တာဝန်ရှိသူတစ်ဦးက NCA နှင့်ပတ်သက်၍ အထောက်အထားမဲ့၊ အဓိပ္ပါယ်မဲ့စွာ လက်လွတ်စပယ် ပြောကြားခဲ့ သည်ကိုတွေ့ရကြောင်း၊ တပ်မတော်အနေ ဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့်ပတ် သက်၍ NCA စာချုပ်အပေါ်တွင်သာ ခိုင်ခိုင် မာမာရပ်တည် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ လာမည့် အောက်တိုဘာ ၁၅ ရက် တွင် ကျရောက်မည့် ၈ နှစ်မြောက် NCA နှစ် ပတ်လည်နေ့ကိုလည်း လက်တွေ့ကျကျ၊ အဓိပ္ပါယ်ရှိရှိ၊ အလေးအနက်ထား၍စီစဉ် ကျင်းပမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြော ကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးရေးအတွက် လုပ်ဆောင်သင့်သည်များကို ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေစိုးမိုးရေးအတွက် ဒေသခံပြည်သူလူထုနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး စည်းရုံး ဆောင်ရွက်ရန်လိုကြောင်း၊ တည်ငြိမ်အေးချမ်း သည့် နယ်မြေနှင့် တည်ငြိမ်အေးချမ်းမှုမရှိသည့် နယ်မြေတို့နှိုင်းယှဉ်ပါက တည်ငြိမ်အေးချမ်းမှု မရှိသည့် နယ်မြေတွင်ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် ရေးတို့ များစွာကွာဟ သွားသည်ကိုတွေ့ရ ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် တစ် နိုင်ငံလုံးဖွံ့ဖြိုးတိုးတက်ရေး တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိသော်လည်း အကြမ်း ဖက်မှုများရှိနေသည့် နယ်မြေများတွင် ကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်မှု ဆောင်ရွက်၍မရ သည်ကို တွေ့ရကြောင်း၊ နောက်ကျကျန်ခဲ့ခြင်း အကျိုးဆက်ကို နယ်မြေခံလူထုကခံစားနေရ ကြောင်း၊လူတစ်စု၏မိုက်မဲမှုကို ဒေသခံလူ အများကခံနေရကြောင်း၊ ပြည်သူလူထု အနေဖြင့် ဒေသအကျိုး၊ နယ်မြေအကျိုး ကို ကြည့်၍ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ တည် ငြိမ်အေးချမ်းရေးကို ပူးပေါင်းဆောင်ရွက် ရန်လိုကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များ အနေဖြင့်လည်း အဆင့်ဆင့် ကွပ်ကဲကြပ်မတ်ဆောင်ရွက်ရန်နှင့် ဒေသ အလိုက်ရှိ တိုင်းရင်းသားလူမျိုးများကို ကိုယ် စားပြုပြီး ၎င်းတို့၏လိုအပ်ချက်များကို ဖြည့် ဆည်း ဆောင်ရွက်ပေး၍ ၎င်းတို့၏ ယုံကြည် ချက်၊ ခံယူချက်မြင့်မားလာအောင် ဆောင် ရွက်ပေးကြရန်လိုအပ်ကြောင်း နစကဥက္ကဋ္ဌ ပြောကြားသည်။ 

Most Read

Most Recent