အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းက ဂျာမန်ချန်ပီယံ ဘိုင်ယန်အသင်းကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ယူရိုသန်း (၁၀၀)နဲ့ရောက်ရှိလာသူ ဖြစ်ပါတယ်။ အသက် (၃၀)ရှိပြီဖြစ်တဲ့ ကိန်းက စပါးအသင်းမှာ (၁၉)နှစ်ကျင်လည်ခဲ့ပြီး ပြိုင်ပွဲစုံ သွင်းဂိုး (၂၈၀)နဲ့ ကလပ်အသင်းရဲ့ စံချိန်တင်ဂိုးသွင်းရှင် ဖြစ်ခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်နဲ့ (၄)နှစ်စာချုပ်ချုပ်ဆိုထားတဲ့ ကိန်းက ဘွန်ဒစ်လီဂါအဖွင့်ပွဲမှာ သွင်းဂိုး (၁)ဂိုး၊ ဂိုးဖန်တီမှု (၁) ကြိိမ်နဲ့ ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။ ဘိုင်ယန်နဲ့အတူ နယ်မြေသစ်မှာ ခြေစွမ်းပြနေတဲ့ ကိန်းရဲ့ရင်ခုန်သံတွေကို နားထောင်ကြည့်လိုက်တဲ့ အခါ . . .















