ကမ္ဘောဒီးယား၊ ထိုင်း၊ ဘရူနိုင်း၊ လာအို၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားသို့ တင်ပို့မည့် မြန်မာပို့ကုန်များ အကောက်ခွန်သက်သာမည့် CO Form RCEP ကို သြဂုတ် ၁ ရက်မှ စတင်လျှောက်ထားနိုင်

ကမ္ဘောဒီးယား၊ ထိုင်း၊ ဘရူနိုင်း၊ လာအို၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားသို့ တင်ပို့မည့် မြန်မာပို့ကုန်များ အကောက်ခွန်သက်သာမည့် CO Form RCEP ကို သြဂုတ် ၁ ရက်မှ စတင်လျှောက်ထားနိုင်
ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ရာ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ်(ဓာတ်ပုံ-မြန်မာ့ဆိပ်ကမ်းအာဏာပိုင်)
ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ရာ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ်(ဓာတ်ပုံ-မြန်မာ့ဆိပ်ကမ်းအာဏာပိုင်)
Published 27 July 2023

ကမ္ဘောဒီးယား၊ ထိုင်း၊ ဘရူနိုင်း၊ လာအို၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားသို့ တင်ပို့မည့် မြန်မာ့ထုတ်ကုန်များ အကောက်ခွန်သက်သာခွင့်ရရှိမည့် ဒေသတွင်းဘက်စုံစီး ပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် (RCEP)အရ အကောက်ခွန်သက်သာခွင့်ရရှိမည့် CO Form RCEP ကို သြဂုတ် ၁ ရက်မှစတင်လျှောက်ထားနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာနမှ သိရသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ သြစတြေးလျ၊ တရုတ်၊ ကိုရီးယား၊ ဂျပန်နှင့် နယူးဇီလန်တို့ ပါဝင်သည့် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု(Regional Comprehensive Partnership-RCEP)သဘော တူစာချုပ်သည် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစတင်၍ သက်ဝင်ပြီဖြစ်သည်။

ကုန်သွယ်ရေးဦးစီးဌာနသည် CO ထုတ်ပေးသည့်အာဏာပိုင်အနေဖြင့် တရုတ်နိုင်ငံသို့ တင်ပို့သော ကုန်စည်များအတွက် အကောက်ခွန်သက်သာခွင့်ရှိသည့်CO Form RCEP ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁ ရက်မှစတင်၍ ခွင့်ပြုထတ်ပေးနေပြီဖြစ်သည်။

ဆက်လက်၍ မြန်မာနိုင်ငံသည် ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်အရ  ကမ္ဘောဒီးယား၊ ထိုင်း၊ ဘရူနိုင်း၊ လာအို၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားသို့ တင်ပို့မည့် မြန်မာ့ပင်ရင်း ထုတ်ကုန်များ အကောက်ခွန် သက်သာခွင့်ရရှိမည့် CO Form RCEP ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနအောက်ရှိ သက်ဆိုင်ရာ ပို့ကုန်သွင်းကုန်ရုံးများနှင့် ကုန်သွယ်ရေးစခန်းများတွင် ၂၀၂၃ ခုနှစ် သြဂုတ် ၁ ရက်မှ စတင်၍ စိစစ်ခွင့်ပြုထုတ်ပေးမည်ဖြစ်သဖြင့် ပို့ကုန်လုပ်ငန်းရှင်များသည် CO Form RCEP ကို လုပ်ထုံးလုပ်နည်းနှင့်အညီ လျှောက်ထားနိုင်ပြီဖြစ်သည်။

ထို့ပြင်သဘောတူစာချုပ်အရ အတည်ပြုပို့ကုန်တင်ပို့သူ(Approve Exporter) အဖြစ် လျှောက်ထားလိုသည့် ပို့ကုန်တင်ပို့သူများသည် Online CO Application System https://Onlineco.myanmartradenet.com တွင် ၂၀၂၃ ခုနှစ် သြဂုတ်လ ၁ ရက်မှစတင်၍ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှ အသိပေး ကြေညာထားသည်။

ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု(Regional Comprehensive Partnership-RCEP)ဆိုသည် မှာ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံနှင့် ယင်း၏ဆွေးနွေးဖက် ခြောက်နိုင်ငံဖြစ်သော တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ၊ သြစတြေးလျနှင့် နယူးဇီလန်နိုင်ငံတို့ ပါဝင်စေ့စပ်ညှိနှိုင်းခဲ့သည့် လွတ်လပ်သောကုန်သွယ်မှု ဒေသထူထောင်ရေးဆိုင်ရာ သဘောတူစာချုပ်တစ်ခုဖြစ်ပြီး RCEP သဘောတူစာချုပ်ဆိုင်ရာ ဆွေးနွေး ညှိနှိုင်းမှုများကို ၂၀၁၃ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံက အာဆီယံနှင့်ဆွေးနွေးဖက်နိုင်ငံများဖြစ်သည့် တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ၊ သြစတြေးလျနှင့် နယူးဇီလန်တို့ပါဝင်သည့် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP)တွင် ပါဝင်ခြင်းဖြင့် ကမ္ဘာ့လူဦးရေ၏ထက်ဝက်ခန့်ရှိသော စျေးကွက်သို့ မြန်မာ့ပို့ကုန်များကို အကောက် ခွန်ကင်းလွတ်သက်သာခွင့်ဖြင့်  တိုးမြှင့်တင်ပို့နိုင်မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံ ခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။

Most Read

Most Recent