ဥရောပ ယူ-၂၁ ချန်ပီယံ အင်္ဂလန်အသင်းနည်းပြ လီကာစလေကို သက်တမ်းတိုးရန် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် ဆွေးနွေးမည်

ဥရောပ ယူ-၂၁ ချန်ပီယံ အင်္ဂလန်အသင်းနည်းပြ လီကာစလေကို သက်တမ်းတိုးရန် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် ဆွေးနွေးမည်
Photo: Getty Images
Photo: Getty Images
Published 12 July 2023

 

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) သည် ဥရောပ ယူ-၂၁ ပြိုင်ပွဲတွင် ချန်ပီယံဆု ဆွတ်ခူးရယူနိုင်ခဲ့သည့် နည်းပြ လီကာစလေကို စာချုပ်သက်တမ်းတိုးရန် ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

အင်္ဂလန် ယူ-၂၁ အသင်းသည် ပြီးခဲ့သည့် စနေနေ့က ကျင်းပသည့် ဥရောပ ယူ-၂၁ ပြိုင်ပွဲ ဗိုလ်လုပွဲတွင် စပိန်အသင်း ကို (၁-၀) ဂိုးဖြင့် အနိုင်ယူကာ ချန်ပီယံဆု ဆွတ်ခူးရယူနိုင်ခဲ့သည်။ 

အင်္ဂလန် ယူ-၂၁ အသင်းအနေဖြင့် ယင်းပြိုင်ပွဲတွင် ၁၉၈၄ ခုနှစ်နောက်ပိုင်း (၃၉) နှစ်အကြာမှသာ ချန်ပီယံအောင်မြင်မှုကို တစ်ကျော့ပြန် ရရှိခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်ရာ FA အနေ ဖြင့် နည်းပြ လီကာစလေအား စာချုပ်သက်တမ်းတိုးရန် စီစဉ်နေခြင်းဖြစ်သည်။ 

လီကာစလေ (၄၉ နှစ်) သည် ဒါဘီ၊ ဘလက်ဘန်း၊ ကိုဗင်ထရီ၊ အဲဗာတန်နှင့် ဘာမင်ဂမ်အသင်းတို့တွင် ကစားခဲ့ဖူးသူဖြစ်ပြီး ၂၀၂၁ ခုနှစ် ဇူလိုင်တွင် အင်္ဂလန် ယူ-၂၁ အသင်းနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရသည်။

လီကာစလေသည် FA နှင့် စာချုပ်သက် တမ်း (၁) နှစ်ကျန်ရှိနေသေးသော်လည်း အိုင်ယာလန်ဘောလုံးအဖွဲ့ချုပ်က လက်ရွေးစင်နည်းပြရာထူးအတွက် ကမ်းလှမ်းနေသဖြင့် FA က သက်တမ်းတိုးလိုနေခြင်းဖြစ်သည်။ 

Most Read

Most Recent