■ ငွေကြေးက ပိုအရေးပါလာတဲ့အခါ 

■ ငွေကြေးက ပိုအရေးပါလာတဲ့အခါ 
Photo: Getty Images
Photo: Getty Images
Published 7 July 2023
Taw Linn

ငွေကြေးက ချစ်ခင်မြတ်နိုးမှုတွေ၊ သံယောဇဉ်တွေထက် အရေးပါလာတဲ့ ဒီနေ့ခေတ် ဘောလုံးလောကမှာ စီးရီးအေရဲ့ အချစ်ပုံပြင် အနည်းငယ်တော့ ရှိနေသေးတယ်။ သူ့အချစ်ဆုံးကလပ်ကို ပြန်လာပြီး အီဘရာဟီမိုဗစ် ကစားသမားဘဝက အနားယူခဲ့တာ။ အင်တာမီလန်နဲ့ လမ်းမခွဲချင်လို့ လူကာကူ အင်တာမီလန်ကို အပြီးသတ်ပြန်လည်ပြောင်းရွှေ့ဖို့ ကြိုးစားနေတာမျိုးတွေပေါ့။ ပြီးတော့ အီတလီကစားသမားတွေက သူတို့ချစ်တဲ့ အီတလီကလပ်အသင်းတွေမှာ ကစားရဖို့ ပိုကြီးတဲ့၊ ပိုကောင်းတဲ့ကမ်းလှမ်းမှုတွေကို ငြင်းပယ်ခဲ့တာမျိုးတွေပေါ့။ အဲဒီလိုကစားသမားတွေထဲမှာ တိုနာလီကလည်း ထိပ်ဆုံးက ပါဝင်တယ်။ ၂၀၂၁ မှာ အေစီမီလန်မှာ ဆက်နေဖို့အတွက် တိုနာလီဟာ လစာလျှော့ယူခဲ့ပြီး သူငယ်စဉ်ကတည်းက အားပေးလာတဲ့ ကလပ်အသင်းမှာ ဆက်ကစားခဲ့တယ်။ အီတာလျံကောင်လေးရဲ့ သူအကြိုက်ဆုံး အေစီမီလန်အသင်းအပေါ်ထားတဲ့ အချစ်လောက် ကြီးမားတဲ့ အချစ်ပုံပြင် မရှိဘူး။ ဒါပေမဲ့ အခုတော့ တိုနာလီရဲ့ မီလန်ချစ်ပုံပြင်ကတော့ တစ်ခန်းရပ်သွားပါပြီ။

 

Most Read

Most Recent