■  အသင်းခေါင်းဆောင် လော့ကီယာကို လူတန်အသင်း သက်တမ်းတိုး     

■  အသင်းခေါင်းဆောင် လော့ကီယာကို လူတန်အသင်း သက်တမ်းတိုး     
Photo: Getty Images
Photo: Getty Images
Published 7 July 2023

ပရီးမီးယားလိဂ်တန်းတက်ကလပ် လူတန်အသင်းသည် အသင်းခေါင်းဆောင် နောက်ခံလူ လော့ကီယာကို သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ကြောင်း သိရသည်။ 

ဝေးလ်စ်လက်ရွေးစင်ကစားသမား လော့ကီယာ(၂၈ နှစ်)သည် လူတန်အသင်း တန်းတက်ခွင့်ရရှိရန် စွမ်းဆောင်နိုင်ခဲ့သည့် အဓိကကစားသမားများထဲမှ တစ်ဦးဖြစ်သည်။ 

ထို့ကြောင့် လူတန်အသင်းက သက်တမ်းတိုးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

လော့ကီယာက ပရီးမီးယားလိဂ်တွင် ကစားခွင့်ရမည့်အခြေအနေနှင့် သက်တမ်းတိုးနိုင်ခဲ့ခြင်းအတွက် အလွန်ပျော်ရွှင်မိသည်ဟု ပြောကြားခဲ့သည်။

Most Read

Most Recent