ALP ပါတီမှ ဒုတိယဥက္ကဋ္ဌ၊ တပ်ရင်းမှူးနှင့် တပ်သားတစ်ဦး လုပ်ကြံခံရမှု AA အဖွဲ့က လုပ်ဆောင်ခြင်းဖြစ်ကြောင်း ALP ထုတ်ပြန်

ALP ပါတီမှ ဒုတိယဥက္ကဋ္ဌ၊ တပ်ရင်းမှူးနှင့် တပ်သားတစ်ဦး လုပ်ကြံခံရမှု AA အဖွဲ့က လုပ်ဆောင်ခြင်းဖြစ်ကြောင်း ALP ထုတ်ပြန်
Published 4 July 2023

ရခိုင်လွတ်မြောက်ရေးပါတီ (ALP) ၏ ဒုတိယဥက္ကဋ္ဌခိုင်နီရောင်၊ ALA အမှတ် (၁၀၁) တပ်ရင်းမှ တပ်ရင်းမှူး ခိုင်ကျော်မင်း နှင့် တပ်သားကျော်ကျော်နိုင်တို့ ပစ်ခတ်လုပ်ကြံခံရမှုသည် AA အဖွဲ့က လုပ်ဆောင်ခြင်းဖြစ်ကြောင်း ရခိုင်လွတ်မြောက်ရေးပါတီ ALP က ဇူလိုင် ၂ ရက်တွင် ထုတ်ပြန်သည်။

ရခိုင်လွတ်မြောက်ရေးပါတီ (ALP) ၏ ဒုတိယဥက္ကဋ္ဌ ခိုင်နီရောင်၊ ALA အမှတ် (၁၀၁) တပ်ရင်းမှ တပ်ရင်းမှူးခိုင်ကျော်မင်းနှင့် တပ်သားကျော်ကျော်နိုင်တို့ သုံးဦးသည် ဇူလိုင် ၁ ရက်က ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး မိုခါမုန်တိုင်းကယ်ဆယ်ရေးကိစ္စများအတွက် ဥက္ကဋ္ဌရုံးမှ အစည်းအဝေးပြုလုပ်ပြီးအပြန် ရခိုင်ပြည်နယ် စစ်တွေမြို့ စစ်တွေတက္ကသိုလ်ကျောင်းရှေ့သို့ အရောက်တွင် AA အဖွဲ့က ရည်ရွယ်ချက်ရှိရှိ လုပ်ကြံချောင်းမြောင်း ပစ်ခတ်သတ်ဖြတ်ခြင်း ခံလိုက်ရကြောင်း ရခိုင်လွတ်မြောက်ရေးပါတီ (ALP) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်အတွင်းရှိ ရခိုင်လူမျိုးများ အကျိုးအတွက် လက်နက်ကိုင်ခဲ့ကြသော အဖွဲ့အစည်းများ အချင်းချင်းကြားတွင် AA အဖွဲ့က စဉ်ဆက်မပြတ်ပြုမူခဲ့သော ယခုကဲ့သို့ အပြုအမူမျိုးသည် မလုပ်သင့်မလုပ်ထိုက်သော အပြုအမူဖြစ်သည်ဟု ALP ပါတီက ပြင်းထန်စွာရှုတ်ချကြောင်း ရခိုင်လွတ်မြောက်ရေးပါတီ (ALP) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent