နစကဥက္ကဋ္ဌက မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီးကို ဝဏ္ဏကျော်ထင်ဘွဲ့ ချီးမြှင့်အပ်နှင်း

နစကဥက္ကဋ္ဌက မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီးကို ဝဏ္ဏကျော်ထင်ဘွဲ့ ချီးမြှင့်အပ်နှင်း
Published 27 June 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး ဒေါက်တာနီကိုလိုင်း လစ်စတိုပါဒေါ့ဗ်အား ဝဏ္ဏကျော်ထင်ဘွဲ့ ချီးမြှင့်အပ်နှင်းကြောင်း ဇွန် ၂၆  ရက်တွင် နစကက အမိန့်ကြော်ငြာစာအမှတ် (၁၁၃/၂၀၂၃)ကို ထုတ်ပြန်သည်။  

မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံမတ်ကြီးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သောကြောင့် အထက်ပါဂုဏ်ထူးဆောင်ဘွဲ့ကိုချီး မြှင့်အပ်နှင်းခဲ့ခြင်းဖြစ်ကြောင်း နစက၏အမိန့်ကြော်ငြာစာတွင်ပါရှိသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီး ဒေါက်တာနီကိုလိုင်း လစ်စတိုပါဒေါ့ဗ်သည် မြန်မာနိုင်ငံရှိ ရုရှားဖက်ဒရေးရှင်းနိုင်ငံသရုံးတွင် ၁၉၈၃ ခုနှစ်မှ ၁၉၈၆ ခုနှစ်အထိနှင့် ၁၉၉၀ ပြည့်နှစ်မှ ၁၉၉၄ ခုနှစ်အထိ တာဝန်ထမ်းခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာရုရှားဖက်ဒရေး ရှင်းနိုင်ငံသံအမတ်ကြီးအဖြစ် ၎င်း၏ သံအမတ်ခန့်အပ်လွှာကို ၂၀၁၆ ခုနှစ် အောက်တိုဘာတွင် စတင်ပေးအပ်တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ ဒေါက်တာနီကိုလိုင်းလစ်စတိုပါဒေါ့ဗ်သည် မြန်မာဘာသာစကားကို ကျွမ်းကျင်စွာပြောနိုင်၊ ရေးနိုင်သူတစ်ဦးလည်းဖြစ်ပြီး ရုရှားဖက်ဒရေးနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ စတင်ဝင်ရောက်တာဝန်ထမ်း ဆောင်ချိန်မှစ၍ မြန်မာနိုင်ငံဆိုင်ရာရုရှား ဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီးဖြစ်သည်အထိ မြန်မာ-ရုရှားနှစ်နိုင်ငံဆက်ဆံရေး ကိစ္စရပ်များကို အဓိကတာဝန်ယူဆောင်ရွက်ခဲ့ခြင်း၊ နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုနီးကပ်အောင် တည်ဆောက်ပေးနိုင်ခဲ့ခြင်း၊ မြန်မာနိုင်ငံအစိုးရအဆက်ဆက်နှင့် ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကိုတည်ဆောက်နိုင်ခဲ့ခြင်း၊ မြန်မာနိုင်ငံတွင်သံတမန်အဖွဲ့နာယက တာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်ခဲ့ခြင်း၊ ဗုဒ္ဓစာပေများကို ရုရှားဘာသာဖြင့် ရေးသား၍ပြန့်ပွားအောင်ဆောင်ရွက်ခဲ့ခြင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်တွင်လည်း မြန်မာ-ရုရှား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ပိုမိုနီးကပ်ခိုင်မာအောင် တည်ဆောက်နိုင်ခဲ့ခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့သူဖြစ်သဖြင့် ၎င်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက စွမ်းဆောင်ရည်ဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သည့်ဝဏ္ဏကျော်ထင်ဘွဲ့အား ချီးမြှင့်အပ်နှင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent