၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်အတွင်း သွင်းအားစုကုန်ကြမ်းများ စျေးနှုန်းကြီးမြင့်မှုကြောင့် ကုန်စျေးနှုန်းများကြီးမြင့်ခဲ့ပြီး ပြည်နယ်နှင့်တိုင်းများအလိုက် ကုန်စည်ဒိုင်များကို ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း နစကဥက္ကဋ္ဌ ပြောကြား

၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်အတွင်း သွင်းအားစုကုန်ကြမ်းများ စျေးနှုန်းကြီးမြင့်မှုကြောင့် ကုန်စျေးနှုန်းများကြီးမြင့်ခဲ့ပြီး ပြည်နယ်နှင့်တိုင်းများအလိုက် ကုန်စည်ဒိုင်များကို ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း နစကဥက္ကဋ္ဌ ပြောကြား
Published 13 June 2023

၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်အတွင်း သွင်းအားစုကုန်ကြမ်းများ စျေးနှုန်းကြီးမြင့်မှုကြောင့် ကုန်စျေးနှုန်းများကြီးမြင့်ခဲ့ပြီး ပြည်နယ်နှင့်တိုင်းများအလိုက် ကုန်စည်ဒိုင်များကို ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်းစီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ဇွန် ၁၂ ရက်က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပသည့် အခြေခံစားသုံးကုန်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်ရေးအစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းအစည်းအဝေးတွင် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်က ကုန်စည်ပို့ဆောင်ရေးနှင့်ပတ်သက်၍ လမ်းခရီးများရှိ ဂိတ်များ၌ မလိုလားအပ်သည့်ကုန်ကျစရိတ်များ မရှိစေရေး ပြည်နယ်နှင့်တိုင်းများအလိုက် တာဝန်ရှိသူများက အလေးထားကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ အရေးမကြီးသည့် ကုန်ပစ္စည်းများကို ရထားပို့ဆောင်ရေးနှင့် ရေကြောင်းပို့ဆောင်ရေးစနစ်ကို အသုံးပြုကြရေး အားပေးတိုက်တွန်းလိုကြောင်း၊ လေကြောင်းကုန်စည်ပို့ဆောင်ရေးသည်လည်း ဆောင်ရွက်သင့်သည့်လုပ်ငန်းရပ်တစ်ခုဖြစ်ကြောင်း၊ လေကြောင်းပို့ဆောင်ရေးကဏ္ဍတိုးတက်ရေးအတွက် လေယာဉ်ကွင်းများ တိုးချဲ့အဆင့်မြှင့်တင်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကုန်တင်လေယာဉ်များ ဆင်းသက်နိုင်မည်ဆိုပါက အရေးကြီးသည့်ပစ္စည်းများကို လေကြောင်းမှတစ်ဆင့် မြန်ဆန်စွာတင်ပို့နိုင်မည်ဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်အတွင်း သွင်းအားစုကုန်ကြမ်းများ စျေးနှုန်းကြီးမြင့်မှုကြောင့် ကုန်စျေးနှုန်များကြီးမြင့်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်နယ်နှင့်တိုင်းများအလိုက် ကုန်စည်ဒိုင်များကိုလည်း ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ လိုအပ်သည့် တိရစ္ဆာန်အစာများကို ပြည်တွင်း၌ပြည့်ပြည့်ဝဝလုံလောက်စွာ ထုတ်လုပ်နိုင်မည်ဆိုပါက အသား၊ ငါးနှင့် ဥများ စျေးနှုန်းကြီးမြင့်မှုများကို အထိုက်အလျောက်လျှော့ချနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

အချို့သောအသားများ၏ ကြမ်းခင်းစျေးသတ်မှတ်ခြင်းနှင့်ပတ်သက်၍ စည်ပင်သာယာမှ စျေးနှုန်းသတ်မှတ်ပြီးဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ကြမ်းခင်းလေလံစျေးများ ကြီးမြင့်မှုများဖြစ်ပေါ်ခြင်းမရှိစေရေး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် ပြည်ထောင်စုနှင့်ညှိနှိုင်း၍ နည်းလမ်းရှာဖွေဆောင်ရွက်ရန်လိုကြောင်း၊ ဆန်စျေးနှုန်း နှင့်ပတ်သက်၍ မိမိတို့နိုင်ငံသည် အဓိကအားဖြင့် မိုးစပါးကိုစိုက်ပျိုးကြကြောင်း၊ လယ်စိုက်ပျိုးရာတွင် တစ်ဧကပန်းတိုင်ရည်မှန်းချက်မှာ တင်း ၁၀၀ ဖြစ်သဖြင့် ပန်းတိုင်ရည်မှန်းချက် ပြည့်မီအောင်စိုက်ပျိုးရန်လိုကြောင်း၊ လယ်ကို ပန်းတိုင်ရည်မှန်းချက် ပြည့်မီအောင်စိုက်ပျိုးရန်လိုသကဲ့သို့ ယာစိုက်ပျိုး မှုများကိုလည်း ပန်းတိုင်ရည်မှန်းချက် ပြည့်မီအောင်ဆောင်ရွက်နိုင်မည်ဆိုပါက စပါးထွက်ရှိမှုများ ပိုလျှံလာမည်ဖြစ်ပြီး အခြားဒေသများသို့ တင်ပို့နိုင်သကဲ့သို့ ပြည်ပသို့လည်း တင်ပို့နိုင်မည်ဖြစ်ကြောင်း၊ ဝမ်းစာဖူလုံရေးသည် ပြည်ထောင်စုအတွက်အရေးကြီးကြောင်း၊ ထို့ကြောင့် စပါးစိုက်ပျိုးမှုများကိုသာမက အခြားသီးနှံစိုက်ပျိုးမှုများကိုလည်း အထွက်နှုန်းများတိုးတက်အောင် စနစ်တကျ စိုက်ပျိုးရန်လိုကြောင်း၊ အလားတူယခုအခါ မိုးရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သစ်ပင်များစိုက်ပျိုးရာတွင် စိုက်ပျိုးသည့်အပင်အားလုံး ရှင်သန်ရေး သတ်မှတ်ထားသည့် ပျိုးပင်အရွယ်အစားများကို စနစ်တကျစိုက်ပျိုးရန်လိုကြောင်း၊ ရာသီဥတုကိုအထောက်အကူပြုစေမည့် သစ်တောသစ်ပင်များစိုက်ပျိုးခြင်းနှင့် ထိန်းသိမ်းခြင်းများကို ဆောင်ရွက်ကြရန်လိုကြောင်း ၎င်းက ပြောကြားသည်။

သမဝါယမစနစ်နှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် စုပေါင်းသမဝါယမစနစ်ကို ကျင့်သုံးရန်လိုကြောင်း၊ ကုန်ထုတ်လုပ်မှုများနှင့်ပတ်သက်၍ စုပေါင်းသမဝါယမစနစ်ဖြင့် ဆောင်ရွက်မည်ဆိုပါက အောင်မြင်မှုများ ရရှိမည်ဖြစ်ကြောင်း၊ ထို့အတွက်လည်း နိုင်ငံတော်အစိုးရမှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမောင်မောင်အုန်း၊ ဦးမင်းနောင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conrerencing ဖြင့် တက်ရောက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent