ဇွန် ၁၂ ရက်မှစ၍ CB Bank ၏ ATM စက်များတွင် တစ်ရက်လျှင် ကျပ် ၁၀ သိန်းအထိ ထုတ်ယူနိုင်ကြောင်း ကြေညာ

ဇွန် ၁၂ ရက်မှစ၍ CB Bank ၏ ATM စက်များတွင် တစ်ရက်လျှင် ကျပ် ၁၀ သိန်းအထိ ထုတ်ယူနိုင်ကြောင်း ကြေညာ
Published 9 June 2023

ဇွန် ၁၂ ရက်မှစ၍ CB Bank ၏ ATM စက်များတွင် တစ်ရက်လျှင် ကျပ် ၁၀ သိန်းအထိ ထုတ်ယူနိုင်ကြောင်း CB Bank က ကြေညာခဲ့သည်။

CB Bank ၏ Customer များ အဆင်ပြေစေရန်အတွက် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ CB Bank’s ATM စက်များတွင် ငွေသားထုတ်ယူနိုင်မည့် ပမာဏကို ဇွန် ၁၂ ရက်မှစတင်၍ တိုးမြှင့်သတ်မှတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

Old Account ဖြစ်စေ၊ Special Account  ဖြစ်စေ CB Bank ၏ ATM စက်များတွင် CB-MPU များဖြင့် တစ်ရက်လျှင် ကျပ် ၁၀ သိန်းအထိ အလွယ်တကူ ငွေသားထုတ်ယူနိုင်မည်ဖြစ်ကြောင်း CB Bank ၏ ကြေညာချက်အရ သိရသည်။

အခြားဘဏ်များ၏ MPU Card များဖြင့်လည်း ငွေသားထုတ်ယူနိုင်ပြီး ပမာဏမှာမူ သက်ဆိုင်ရာဘဏ်၏ သတ်မှတ်ချက်အပေါ်တွင် မူတည်ကြောင်း သိရသည်။

Most Read

Most Recent