ဝက်စ်ဟမ်းအသင်းမှ အီတလီတိုက်စစ်မှူး ဆကာမာကာကို ခေါ်ယူရန် အေစီမီလန် ပစ်မှတ်ထား

ဝက်စ်ဟမ်းအသင်းမှ အီတလီတိုက်စစ်မှူး ဆကာမာကာကို ခေါ်ယူရန် အေစီမီလန် ပစ်မှတ်ထား
Photo: Getty Images
Photo: Getty Images
Published 27 May 2023

 

အေစီမီလန်အသင်းသည် ဝက်စ်ဟမ်းအသင်းမှ အီတလီတိုက်စစ်မှူး ဆကာမာကာအား ခေါ်ယူရန်ပစ်မှတ်ထားနေကြောင်း သိရှိရသည်။ 

ဆကာမာကာ (၂၄ နှစ်)သည် ပြီးခဲ့သည့်နွေရာသီကမှ ဆာဆူအိုလိုမှ ဝက်စ်ဟမ်းအသင်းထံသို့ ယူရို (၃၆)သန်းဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်သည်။ 

သို့သော် ဆကာမာကာသည် ဝက်စ်ဟမ်း အသင်းတွင် ဒဏ်ရာပြဿနာများနှင့် ရုန်းကန်နေရပြီး ယခုရာသီ ပြိုင်ပွဲစုံ (၂၇) ပွဲတွင် (၈) ဂိုးသာ သွင်းယူနိုင်ခဲ့သည်။ 

ထို့ကြောင့် အေစီမီလန်အသင်းသည် ၎င်းကို လျှော့စျေးဖြင့် ခေါ်ယူရန်ပစ်မှတ်ထားနေပြီး ဝက်စ်ဟမ်းအသင်းနှင့် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း အီတလီသတင်းစာ Gazzetta dello Sport က ဖော်ပြခဲ့သည်။ 

Most Read

Most Recent