ရခိုင်နှင့် ချင်းပြည်နယ်တို့တွင် ပြန်လည် ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် တပ်မတော်အရာရှိများကို တာဝန်ပေးလိုက် ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က မေလ ၁၈ ရက်တွင် သတင်းထုတ်ပြန်သည်။
ချင်းပြည်နယ်တွင် ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်အား ဟားခါးမြို့၊ ဗိုလ်မှူးချုပ် ခင်မောင်အေးအား မတူပီမြို့၊ ဗိုလ်မှူးချုပ် နေဝင်းအောင် အား ပလက်ဝမြို့၊ ဗိုလ်မှူးချုပ် ဝင်းကိုကိုအား တီးတိန်မြို့နယ်များတွင် တာဝန်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ရခိုင်ပြည်နယ်တွင် ဒုတိယဗိုလ်ချုပ်ကြီး လူအေးအား ကျောက်ဖြူမြို့၊ ဒုတိယဗိုလ်ချုပ် ကြီး အေးဝင်းအား ဘူးသီးတောင်မြို့၊ ဗိုလ်ချုပ် သောင်းထိုက်ရွှေအား မြောက်ဦးမြို့၊ ဗိုလ်ချုပ် စိုးနိုင်ဦးအား သံတွဲမြို့၊ ဗိုလ်ချုပ် အောင်မျိုးထွန်းအား ရသေ့တောင်မြို့၊ ဗိုလ်မှူးချုပ် အောင်ကျော်မိုးအား စစ်တွေမြို့၊ ဗိုလ်မှူးချုပ် အောင်သူဦးအား ကျောက်တော်မြို့၊ ဗိုလ်မှူးချုပ် ဆန်နီအုန်းအား ပေါက်တောမြို့၊ ဗိုလ်မှူးချုပ် ကျော်ကျော်ဦးအား မာန်အောင်မြို့၊ ဗိုလ်မှူးချုပ် ဇော်မင်းအေးအား ရမ်းဗြဲမြို့၊ ဗိုလ်မှူးချုပ် ဝင်းမောင်အား ပုဏ္ဏားကျွန်းမြို့၊ ဗိုလ်မှူးချုပ် ခင်ဇော်အား မင်းပြားမြို့၊ ဗိုလ်မှူးချုပ် ကျော်ကျော်စိုးအား မြေပုံမြို့၊ ဗိုလ်မှူးချုပ် တင်ဆွေအား မောင်တောမြို့များတွင် တာဝန်ပေး အပ်လိုက်ကြောင်း သိရသည်။
၎င်းတို့၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်မှုများကို အနီးကပ်ကြီးကြပ်ရန် နစကဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့အား တာဝန်ပေးအပ်ထားကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။















