လိဂ်ချန်ပီယံရှစ် Play-offs ပွဲစဉ်များ ယှဉ်ပြိုင်ကစားမည့်နေ့ရက်ကို အင်္ဂလန်ဘောလုံးလိဂ်အဖွဲ့ချုပ် (EFL) အတည်ပြု

လိဂ်ချန်ပီယံရှစ် Play-offs ပွဲစဉ်များ ယှဉ်ပြိုင်ကစားမည့်နေ့ရက်ကို အင်္ဂလန်ဘောလုံးလိဂ်အဖွဲ့ချုပ် (EFL) အတည်ပြု
Photo: Getty Images
Photo: Getty Images
Published 26 April 2023

 

အင်္ဂလန်ဘောလုံးလိဂ်အဖွဲ့ချုပ်(EFL) သည် လိဂ်ချန်ပီယံရှစ် Play-offs ပွဲစဉ်များ ယှဉ်ပြိုင်ကစားမည့်နေ့ရက်ကို အတည်ပြုကြေညာခဲ့သည်။ လိဂ်ချန်ပီယံရှစ်ပြိုင်ပွဲမှာ ပရီး မီးယားလိဂ်နှင့် တန်းဆင်းတန်းတက်ဆက်စပ်နေသည့်ပြိုင်ပွဲဖြစ်ပြီး ယင်းပြိုင်ပွဲမှ ထိပ်ဆုံး နှစ်သင်း ပရီးမီးယားလိဂ်သို့ တိုက်ရိုက်တန်းတက်ခွင့်ရရှိ၍ အဆင့်(၃၊ ၄၊ ၅၊ ၆)အသင်းများ မှာ တန်းတက်ခွင့်တစ်နေရာအတွက် Play-offs ပွဲစဉ်များ ယှဉ်ပြိုင်ကစားကာ အဆုံးအဖြတ်ခံယူရမည်ဖြစ်သည်။

ယင်းအတွက် အဆိုပါအသင်းများ Play-offs ယှဉ်ပြိုင်ကစားရမည့်နေ့ရက်ကို EFL က အတည်ပြုခဲ့ခြင်းဖြစ်သည်။ လိဂ်ချန်ပီယံရှစ် Play-offs ဆီမီးဖိုင်နယ်ပထမအကျော့ကို မေ(၁၃၊ ၁၄)၊ ဒုတိယအကျော့ကို မေ(၁၆၊ ၁၇)နှင့် ဗိုလ်လုပွဲကို မေ(၂၇)တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။ 

EFL သည် လိဂ်ချန်ပီယံရှစ်နည်းတူ League One နှင့် League Two ပြိုင်ပွဲများ၏ Play-offs ပွဲစဉ်များ ယှဉ်ပြိုင်ကစားရမည့် နေ့ရက်များကိုလည်း အတည်ပြုထုတ်ပြန်ခဲ့သည်။ ထုတ်ပြန်လိုက်သော ပွဲစဉ်ဇယားအရ လိဂ်ချန်ပီယံရှစ်၊ League One နှင့် League Two ပြိုင်ပွဲများ၏ Play-offs ပွဲစဉ်များကို မေ(၁၂)မှ (၂၀)ရက်အတွင်း ယှဉ်ပြိုင်သွားရမည်ဖြစ်သည်။ 

League Two ပြိုင်ပွဲ၏ Play-offs ဗိုလ်လုပွဲကို မေ(၂၈)၊ League One ပြိုင်ပွဲ၏ Play-offs ဗိုလ်လုပွဲကို မေ(၂၉)တွင် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်းလည်း သိရသည်။

Most Read

Most Recent