![Photo: AFP](https://news-eleven.com/sites/news-eleven.com/files/styles/news_detail_image/public/news-images/haaland_8.png?itok=g8uLWe9X)
မန်ယူအသင်း၏ တိုက်စစ်မှူးဟောင်း ဝိန်းရွန်နီက နာ မည်ကျော်တိုက်စစ်မှူးများဖြစ်သည့် မက်ဆီနှင့် စီရော်နယ်လ် ဒိုတို့၏ခေတ်မှာ အဆုံးသတ်သွားပြီဖြစ်ပြီး လက်ရှိကမ္ဘာ့အ ကောင်းဆုံးကစားသမားမှာ မန်စီးတီးတိုက်စစ်မှူး ဟော်လန်း ဖြစ်သည်ဟု သုံးသပ်ပြောကြားခဲ့သည်။
မက်ဆီနှင့် စီရော်နယ်လ်ဒိုတို့သည် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု (Ballon d'Or) ကို နှစ်ဦးပေါင်း (၁၂)ကြိမ် အထိရယူကာ ဘောလုံးလောကကို စိုးမိုးခဲ့ကြသည့် ခေတ် ပြိုင်ကစားသမားများဖြစ်သည်။ သို့သော် လက်ရှိအချိန်၌ အ ဆိုပါကစားသမားနှစ်ဦးစလုံး နေဝင်ချိန်ရောက်ရှိလာပြီဖြစ် သည့်အတွက် ရွန်နီက ယခုကဲ့သို့ သုံးသပ်ခဲ့ခြင်းလည်းဖြစ် သည်။ ''လက်ရှိအချိန်မှာ ဟော်လန်းက ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားပါပဲ။ မက်ဆီက အကြီးကျယ်အခမ်းနားဆုံး ဘောလုံးသမားတစ်ယောက်ဖြစ်ပေမဲ့ လက်ရှိအချိန်မှာတော့ ဟော်လန်းထက် ပိုကောင်းအောင် ကစားနိုင်သူ မရှိပါဘူး''ဟု ရွန်နီက ပြောကြားခဲ့သည်။