BLACKPINK အဖွဲ့ဝင် ရိုစ့်နှင့် သရုပ်ဆောင် ကန်ဒေါင်ဝန်တို့ တွဲနေသည်ဟူသည့် ကောလာဟလကို YG တုံ့ပြန်ရှင်းလင်း

BLACKPINK အဖွဲ့ဝင် ရိုစ့်နှင့် သရုပ်ဆောင် ကန်ဒေါင်ဝန်တို့ တွဲနေသည်ဟူသည့် ကောလာဟလကို YG တုံ့ပြန်ရှင်းလင်း
■ Photo - Allkpop
■ Photo - Allkpop
Published 17 April 2023

BLACKPINK အဖွဲ့ဝင် ရိုစ့်နှင့်မင်းသား ကန်ဒေါင်ဝန်တို့ တွဲနေသည့်ဟူသည့်ကောလာ ဟလအပေါ် YG Entertainment ကတုံ့ပြန် ဖြေရှင်းခဲ့သည်။

Burberry ၏ ဖန်တီးမှုခေါင်းဆောင်ဟောင်း ရစ်ကာဒိုတစ်စီမှ တင်ထားသော အဖွဲ့လိုက်စုဝေးပွဲမှဓာတ်ပုံတစ်ပုံတွင် ရိုစ့်နှင့်ကန်တို့ကို အတူတွေ့ရှိခဲ့ပြီးနောက် ၎င်းတို့နှစ်ဦး တွဲနေသည်ဟူသည့် ကောလာဟလများ မကြာသေးမီက ထွက်ပေါ်လာခဲ့သည်။

YG Entertainment က ယင်းကောလာဟလသတင်းနှင့်ပတ်သက်၍ ဧပြီ ၁၇ ရက်က တုံ့ပြန်ဖြေရှင်းချက်၌ “ကျွန်တော်တို့အနုပညာရှင်တွေရဲ့ ပုဂ္ဂိုလ်ရေးဘဝနဲ့ ဆက်နွှယ်တဲ့အချက်အလက်တွေကို အတည်ပြုနိုင်ဖို့ ခက်ခဲပါတယ်”ဟုဆိုသည်။

ရိုစ့်နှင့်ကန်တို့သည် လွန်ခဲ့သည့်နှစ်မတိုင်မီအထိ YG Entertainment မှ အနုပညာရှင်များဖြစ်ကြသော်လည်း ကန်သည်ဒီဇင်ဘာလက ယင်းအေဂျင်စီနှင့်လမ်းခွဲခဲ့သည်။ YG Entertainment က ယင်းကဲ့သို့ ထုတ်ပြန်ခဲ့ပြီးနောက် အင်တာနက်အသုံးပြုသူအများအပြားက ရိုစ့်နှင့်ကန်ကြားတွဲနေသည့်ဟူသည့် ကောလာဟလသတင်းများသည် အမှန်ဖြစ်နိုင်ဖြေရှိသည်ဟု ယူဆခဲ့ကြသည်။

Most Read

Most Recent