ကင်နူးရိဖ်၏ John Wick: Chapter 4 ရုပ်ရှင်သစ် ကောင်းမွန်သောသုံးသပ်ချက်များ ရရှိ

ကင်နူးရိဖ်၏ John Wick: Chapter 4 ရုပ်ရှင်သစ် ကောင်းမွန်သောသုံးသပ်ချက်များ ရရှိ
Photo – Getty Images
Photo – Getty Images
Published 24 March 2023

ကင်နူးရိဖ်သည် John Wick ဇာတ်ကောင်အဖြစ် ရုပ်ရှင်လေးကားမြောက် ပြန်လည်ထွက်ပေါ်လာခြင်းနှင့်အတူ အက်ရှင် စိတ်လှုပ်ရှားဖွယ်ရုပ်ရှင်သည် ကောင်းမွန် သောသုံးသပ်ချက်များကို ရရှိခဲ့သည်။

ရုပ်ရှင်ဝေဖန်သူများ၏ အမြင်များကို အခြေခံ၍ ရမှတ်များပေးလေ့ရှိသည့် Rotten Tomatoes တွင် John Wick: Chapter 4 ရုပ်ရှင်ကို ကြိုက်နှစ်သက်မှု ၉၄ ရာခိုင်နှုန်းအထိ ပေးထားကြောင်း တွေ့ရသည်။

John Wick ၏ ဒုတိယမြောက်နှင့် တတိယမြောက်ရုပ်ရှင်သည် Rotten Tomatoes တွင် ၈၉ ရာခိုင်နှုန်းရရှိခဲ့ပြီး ၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့သည့် မူလရုပ်ရှင်သည် ၈၆ ရာခိုင်နှုန်း ရရှိခဲ့သည်။

Chapter 4 ရုပ်ရှင်သည် ယခင်ထွက်ရှိခဲ့သော ရုပ်ရှင်များအားလုံးထက် သာလွန်သည်ဟု Hollywood Reporter တွင် ဖော်ပြခဲ့သည်။

မကြာသေးမီကထွက်ရှိခဲ့သော ယင်းရုပ်ရှင်၌ Wick ကို ကမ္ဘာလုံးဆိုင်ရာ ရာဇဝတ်မှုအဖွဲ့အစည်း High Table က လိုက်လံရှာဖွေနေသည်ကို တွေ့မြင်ရမည်ဖြစ်သည်။

NME သတင်းဌာနမှ ရုပ်ရှင်သုံးသပ်သူ ဂျက်ဆီဟက်ဆန်ဂျာက ယင်းဝက်ဝက်ကွဲ လူကြိုက်များသည့် အက်ရှင်ရုပ်ရှင်သည် ခံစားချက်အားလုံးကို အမှန်တကယ်ပေးစွမ်းနိုင်သည်ဟု ပြောကြားခဲ့ပြီး Evening Standard မှ ရှားလော့အိုဆူလီဗန်က ယင်းရုပ်ရှင်ကို နှစ်လိုဖွယ်ကောင်းသည်ဟု ပြောကြားခဲ့သည်။

“JW4 ဟာ ကောင်းမွန်ပြီး ကျွန်မအတွက် စိတ်ကျေနပ်မှုကို အလွယ်တကူအပြည့်အဝရရှိစေပါတယ်”ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။

Rolling Stone ၏ ဒေးဗစ်ဖီးယားက Wick သည် အမေရိကန် အက်ရှင်ရုပ်ရှင်များကို တော်လှန်မည်ဟု ၂၀၁၄ ခုနှစ်တွင် မည်သူကမှ မခန့်မှန်းနိုင်ကြဘဲ ယင်း John Wick ဇာတ်ကားများသည် ကောင်းမွန်သောစိတ်ခံစားချက်ကို ပေးစွမ်းသည်ဟုဆိုသည်။

ယင်းရုပ်ရှင်သည် Mission: Impossible ကဲ့သို့ ယုံကြည်အားထားရဆုံး ရုပ်ရှင်ဇာတ်လမ်းများအတွဲများတွင် ပါဝင်သည်ဟု ၎င်းကထပ်မံပြောကြားခဲ့သည်။

Matrix ရုပ်ရှင်များ၊ Point Break နှင့် Speed ကဲ့သို့ အစောပိုင်း နာမည်ကျော်ရုပ်ရှင်များတွင် ပါဝင်သရုပ်ဆောင်ခဲ့သည့် ရိဖ်က “အကောင်းဆုံးအက်ရှင်ဇာတ်ကားတွေထဲက တစ်ကားဖြစ်တဲ့ John Wick ရဲ့ နောက်ဆုံးထွက်ဇာတ်ကားအပေါ် လူတွေရဲ့ သုံးသပ်ချက်တွေဟာ အဆင်ပြေပါတယ်”ဟုဆိုသည်။

Most Read

Most Recent