အီရတ် စစ်ပွဲအတွင်း အောင်မြင်မှုမရှိခဲ့သည့် အမေရိကန်၏ မဟာဗျူဟာ

အီရတ် စစ်ပွဲအတွင်း အောင်မြင်မှုမရှိခဲ့သည့် အမေရိကန်၏ မဟာဗျူဟာ
Published 22 March 2023

အမေရိကန်သမ္မတဟောင်း ဂျော့ချ်ဒဗလျူဘုရှ်နှင့် ၎င်း၏ အစိုးရအဖွဲ့သည် ၂၀၀၃ ခုနှစ်က အီရတ်ကို ကျူးကျော်တိုက်ခိုက်ခဲ့မှုကို တရားမျှတမှုရှိစေရန်အတွက် အကြောင်းပြ ချက်မျိုးစုံ ချပြခဲ့ကြသည်။

အီရတ်ကိုမကျူးကျော်မီ လအနည်းငယ် အလိုတွင် ဘုရှ်က အကြမ်းဖက်မှုကို တိုက်ဖျက် ရန်နှင့် ဖျက်အားပြင်းလက်နက်များကို သိမ်း ဆည်းရန်အပြင် အရှေ့အလယ်ပိုင်းဒေသတွင် လွတ်လပ်မှု ကွာဟချက်အတွက် တိုက်ခိုက်ရ လိမ့်မည်ဟု ပြောကြားခဲ့သည်။

ယင်းအကြောင်းပြချက်များသည် ကျိုး ကြောင်းဆီလျော်မှုမရှိသည့် ပြောကြားချက် များဖြစ်သည်ကို နောက်ပိုင်းတွင်ဖြစ်ပွားလာ သည့်ဖြစ်စဉ်များက သက်သေပြရာရောက် မည်ဖြစ်သည်။

၂၀၀၄ ခုနှစ်တွင် အမေရိကန်နိုင်ငံခြား ရေးဝန်ကြီးဟောင်း ကော်လင်း ပါဝဲလ်က အီ ရတ်ကျူးကျော်စစ်အတွက် အဓိကအကြောင်း ပြချက်များနောက်ကွယ်မှ ဆီလျော်မှုမရှိသည့်

အချက်တစ်ချက်ကို ပြောကြားခဲ့သည်။ ဘုရှ်က ဖျက်အားပြင်းလက်နက်များကြောင့် အီရတ် ကို ဝင်တိုက်ရခြင်းဖြစ်သည်ဟု အကြောင်းပြ ချက်ပေးခဲ့သည်။

သို့သော် ကော်လင်းပါဝဲလ်ကမူ ယင်းအ ကြောင်းပြချက်သည် မှန်ကန်မှုမရှိဘဲ မှား ယွင်းနေပြီး အချို့ဖြစ်စဉ်များတွင် ရည်ရွယ် ချက်ရှိရှိဖြင့် လှည့်စားသည့်အခြေအနေသို့  ပြောင်းလဲသွားခဲ့သည်ဟု ဝန်ခံခဲ့သည်။ စင်စစ် အီရတ်တွင် ပါဝဲလ်နှင့် အခြားသူများ စွပ်စွဲခဲ့သ ကဲ့သို့ ဖျက်အားပြင်းလက်နက်များမရှိခဲ့ပေ။

အီရတ်တွင် ဖျက်အားပြင်းလက်နက်များ ရှိသည်ဆိုသည့်အချက်ကို သက်သေမပြနိုင်ခဲ့ သဖြင့် ဘုရှ်နှင့် ၎င်းင်း၏ အစိုးရအဖွဲ့သည် လွတ် လပ်ပွင့်လင်းပြီး ဒီမိုကရေစီနည်းကျသည့်  အ ရှေ့အလယ်ပိုင်းဒေသကို ထူထောင်သွားမည် ဟူ၍ မလျှော့တမ်း ထပ်မံပြောကြားခဲ့ကြသည်။ ယင်းပြောကြားချက်သည် မှန်ကန်မှုရှိ မရှိ အ ကဲဖြတ်ချင့်တွက်ရန် အချိန်ယူရမည်ဖြစ်သည်။

“အီရတ်အစိုးရအဖွဲ့သစ်ဟာ ဒေသတွင်း အခြားနိုင်ငံတွေအတွက် လွတ်လပ်မှုရဲ့ ဥပမာ တစ်ခုအနေနဲ့ လှုံ့ဆော်အားပေးမှုတစ်ခုဖြစ် လာပါလိမ့်မယ်”ဟု ၂၀၀၃ ခုနှစ်တွင် ဘုရှ်က အမေရိကန်လူထုကို အခိုင်အမာပြောကြားခဲ့ သည်။

ဘုရှ်သည် ယင်းပြောကြားချက်အတိုင်း အာရုံစိုက်လုပ်ဆောင်ခဲ့ပြီး အမေရိကန်နှင့် အခြားမဟာမိတ်တပ်ဖွဲ့ဝင် ၁၀၀၀၀၀ နီးပါးပါ ဝင်သည့် မြေပြင်ကျူးကျော်မှုတွင် ဆက်ဒမ် ဟူစိန်၏ အစိုးရအဖွဲ့ကို လျင်မြန်စွာဖြုတ်ချ နိုင်ခဲ့သည်။

“အရှေ့အလယ်ပိုင်းဒေသရဲ့ အလယ်ဗ ဟိုမှာ လွတ်လပ်တဲ့ အီရတ်နိုင်ငံ ထူထောင်မှု ဟာ ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီတော်လှန်ရေး မှာ အရေးပါတဲ့အပြောင်းအလဲတစ်ခု ဖြစ်လာ ပါလိမ့်မယ်”ဟု ဘုရှ်က ၂၀၀၃ ခုနှစ် နိုဝင်ဘာ လတွင် ပြောကြားခဲ့သည်။ ထို့ပြင် အမေရိကန် သည် အရှေ့အလယ်ပိုင်းဒေသတွင် လွတ်လပ် မှု၏ ရှေ့ဆောင်မဟာဗျူဟာတစ်ရပ်ကို ဆက် လက်လုပ်ဆောင်သွားမည်ဟု ၎င်းင်းကဆိုသည်။

အီရတ်စစ်ပွဲ စတင်ဖြစ်ပွားခဲ့ပြီးနောက် နှစ်ပေါင်း ၂၀ ကြာမြင့်လာခဲ့ချိန်တွင် ယင်း မဟာဗျူဟာသည် အီရတ်နှင့် အရှေ့အလယ်ပိုင်းဒေသတွင် အလုပ် ဖြစ် မဖြစ် စဉ်းစားသုံးသပ်ရန် အချိန် ကျရောက်လာပြီဖြစ်သည်။ ၂၀၀၃ ခုနှစ်က ဘုရှ်သည် အာဏာရှင်အစိုးရများ ကြီးစိုးသည့် အရှေ့အလယ်ပိုင်းဒေသတွင် လွပ်လပ်မှု ကွာဟချက် ဆိုသည့် စကားလုံးဖြင့် သုံးနှုန်းပြောဆိုခဲ့သည်။

သို့သော် အရှေ့အလယ်ပိုင်းတွင် ပြီးခဲ့ သည့်ဆယ်စုနှစ်နှစ်စုအတွင်း ဆူပူအုံကြွမှုများ ဖြစ်ပွားခဲ့သည့်တိုင် ယင်းဒေသတွင် အာဏာ ရှင် အစိုးရအများစုမှာ ခိုင်မာစွာ အမြစ်တွယ် နေဆဲဖြစ်သည်။

လွတ်လပ်မှုကွာဟချက်ကို တိုင်းတာခြင်း

နိုင်ငံရေးသိပ္ပံပညာရှင်များသည် ဒီမိုက ရေစီအစိုးရ သို့မဟုတ် အာဏာရှင်အစိုးရများ ၏ လက္ခဏာရပ်များကို ပုံစံမျိုးစုံဖြင့် တိုင်းတာ ခဲ့ကြသည်။

အကျိုးမမြတ်မယူသည့် နိုင်ငံရေးကျွမ်း ကျင်ပညာရှင်အဖွဲ့ဖြစ်သည့် င်္မနနိသာ ံသကျန ကမူ နိုင်ငံများအား ဒီမိုကရေစီအင်စတီကျု များ၊ လွတ်လပ်ပွင့်လင်းသည့် ရွေးကောက်ပွဲ များရှိ မရှိ ၊ လွပ်လပ်စွာပြောဆိုခွင့် လွတ်လပ် စွာစုရုံးခွင့်နှင့် သတင်းလွတ်လပ်ခွင့်ကဲ့သို့ ပြည်သူ့အခွင့်အရေးများနှင့် လွပ်လပ်မှုများ အပေါ် တန်ဖိုးဖြတ် ချင့်တွက်ခဲ့သည်။

ယင်းအချက်များအပေါ် အခြေခံပြီး နိုင် ငံများ၏ ဒီမိုကရေစီအဆင့်သတ်မှတ်မှုကို လွတ်လပ်မှုအရှိဆုံး အဆင့်ဖြစ်သည့် ၂ မှ လွတ်လပ်မှုအနည်းဆုံးအဆင့်ဖြစ်သည့် ၁၄ အထိ အဆင့်လိုက် အမှတ်ပေးခဲ့သည်။

ထို့ကြောင့် မြောက်အာဖရိက၊ ပင်လယ်နီ ကမ်းရိုးတန်းနှင့် အရှေ့အလယ်ပိုင်းဒေသတို့ အထိ ကျယ်ပြန့်သည့် ဒေသတွင်းအဖွဲ့ဖြစ်သည့် အာရပ်နိုင်ငံများအဖွဲ့ချုပ် (အာရပ်လိဂ်) အ ဖွဲ့ဝင်နိုင်ငံများနှင့် အစိုးရအဖွဲ့ ၂၃ ဖွဲ့အပေါ် ဒီမိုကရေစီအဆင့်သတ်မှတ်မှုကို ထည့်သွင်း စဉ်းစားရမည်ဖြစ်သည်။

၂၀၀၃ ခုနှစ်က အာရပ်လိဂ် အဖွဲ့ဝင်နိုင် ငံတစ်နိုင်ငံခြင်းစီအတွက် Freedom House ၏ ပျမ်းမျှအမှတ်သည် ၁၁ ဒသမ ၄၅ ဖြစ်ပြီး ယင်းအချိန်က ကမ္ဘာလုံးဆိုင်ရာ အာဏာရှင် အစိုးရများအတွက် ပျမ်းမျှအမှတ်ဖြစ်သည့် ၆ ဒသမ ၇၅ ထက် များစွာကျော်လွန်ခဲ့သည်။

တစ်နည်းဆိုရလျှင် ၂၀၀၃ ခုနှစ်က Freedom House အဖွဲ့၏ ထုတ်ပြန်ချက်အရ ကမ္ဘာ့နိုင်ငံအားလုံးအနက် ၄၆ ရာခိုင်နှုန်း ကျော်သည် လွပ်လပ်သည်ဟု ဖော်ပြခဲ့သော် လည်း ယင်းရာခိုင်နှုန်းထဲတွင် အာရပ်လိဂ်အ ဖွဲ့ဝင်တစ်နိုင်ငံမျှ ပါဝင်ခဲ့ခြင်းမရှိပေ။ အာရပ် နိုင်ငံအချို့သည် ဆော်ဒီအာရေဗျကဲ့သို့ ဘုရင် စနစ်ဖြင့်အုပ်ချုပ်ပြီး လစ်ဗျားကဲ့သို့ အာဏာ ရှင်စနစ်ဖြင့် အုပ်ချုပ်ခဲ့သည်။

ဟူစိန်၏ အစိုးရအဖွဲ့သည်လည်း လစ်ဗျားနိုင်ငံကဲ့သို့ အာဏာရှင်စနစ်ဖြင့် အီရတ်ကို နှစ်ပေါင်း ၃၀ နီးပါး အုပ်ချုပ်ခဲ့သည်။ ဟူစိန် သည် အာရပ်နိုင်ငံများအားလုံးကို ပေါင်းစည်း ပြီး တစ်နိုင်ငံတည်းအဖြစ် ဖွဲ့စည်းလိုသော် လည်း လူ့အခွင့်အရေးချိုးဖောက်မှုများဖြင့် လူသိများခဲ့သည့် ဘာ့သ် နိုင်ငံရေးပါတီက ဦး ဆောင်ခဲ့သည့် ၁၉၆၈ ခုနှစ် အာဏာသိမ်းမှု တွင် ပါဝင်ခဲ့သူဖြစ်သည်။

ဘာ့သ်ပါတီသည် အီရတ်၏ ရေနံပေါကြွယ်ဝမှုကို မှီခိုအားထားခဲ့ပြီး အာဏာတည် မြဲစေရန် အရပ်သားများကို ဖိနှိပ်ခဲ့သည်။

၂၀၀၃ ခုနှစ်တွင် ဟူစိန်အစိုးရအဖွဲ့ ပြုတ်ကျသွားခဲ့ပြီးနောက် အီရတ်သည် ဒီမိုက ရေစီအမည်ခံ နိုင်ငံဖြစ်လာခဲ့သည်။ သို့သော် ရှစ်နှစ်တာဖြစ်ပွားသည့် စစ်ပွဲကာလအတွင်း နိုင်ငံတစ်ဝန်း ဂိုဏ်းဂဏကွဲမှုနှင့် သောင်းကျန်း မှုများ ဖြစ်ပွားခဲ့ပြီး အမေရိကန်သည် ခိုင်မာမှု မရှိဘဲ နက်ရှိုင်းစွာ သဘောထားကွဲလွဲခဲ့သည့် အစိုးရအဖွဲ့ကို ကျောခိုင်းထွက်ခွာသွားခဲ့ သည်။

 

ကျူးကျော်စစ်အလွန် အီရတ်နိုင်ငံ

အမေရိကန်၏ ၂၀၀၃ ခုနှစ် ကျူးကျော် မှုသည် အာဏာရှင်အစိုးရကို အောင်မြင်စွာ ဖြုတ်ချနိုင်ခဲ့သော်လည်း ခိုင်မာအားကောင်း မှုရှိပြီး ရေရှည်တည်တံ့သည့် ဒီမိုကရေစီစနစ် ကိုဖော်ဆောင်ရာတွင် စိန်ခေါ်မှုများနှင့် ရင် ဆိုင်ခဲ့ရသည်။ အီရတ်၏ အဓိကအင်အားစု သုံးစုဖြစ်သည့် ဆွန်နီ၊ ရှီးအိုက်နှင့် ကာ့ဒ်လူ မျိုးစုများအကြား အားပြိုင်မှုများက  နိုင်ငံရေး ရင်ကြားစေရန် ကြိုးပမ်းမှုများကို တုံ့ဆိုင်းစေ ခဲ့သည်။

ယနေ့ခေတ် အီရတ်နိုင်ငံတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် လွှတ်တော်ရှိနေပြီး ရွေး ကောက်ပွဲများကို ပြုလုပ်နေသည့်တိုင် နိုင်ငံ သည် အများကလက်ခံသည့် တရားဝင်မှုနှင့် ကလေးများအတွက် အခြေခံပညာရေး ထောက်ပံ့မှုကဲ့သို့ လက်တွေ့ကျသည့် အုပ်ချုပ် ပုံအခင်းအကျင်းတို့တွင် ရုန်းကန်နေရဆဲဖြစ် သည်။

ထို့ကြောင့် ၂၀၂၃ ခုနှစ်တွင်လည်း Freedom House အဖွဲ့က ၎င်း၏ ဒီမိုကရေစီ တိုင်းတာမှုအဆင့်တွင် အီရတ်ကို လွတ်လပ်မှု မရှိသေးသည့်နိုင်ငံအဖြစ် ဆက်လက်သတ် မှတ်ခဲ့သည်။

၂၀၁၁ ခုနှစ်တွင် အမေရိကန်စစ်တပ် ရုပ်သိမ်းသွားခဲ့ပြီးကတည်းက အီရတ်သည် နိုင်ငံရေးအကျပ်အတည်းတစ်ခုမှ နောက်ထပ် အကျပ်အတည်းတစ်ခုဆီသို့ ယိမ်းယိုင်သွားခဲ့ သည်။ ၂၀၁၄ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ အီ ရတ်၏ အနောက်ပိုင်းဒေသအများအပြားကို အိုင်အက်စ်အကြမ်းဖက်အဖွဲ့က ထိန်းချုပ်ခဲ့ သည်။

၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တွင် အစိုးရ အဖွဲ့အတွင်း အကျင့်ပျက်ခြစားမှုများကြောင့် အစိုးရဆန့်ကျင်သည့် ဆန္ဒပြမှုများဖြစ်ပွား ခဲ့ကာ အစိုးရက ယင်းဆန္ဒပြမှုများကို  အကြမ်း ဖက်ဖြိုခွင်းခဲ့သည်။

ယင်းဆန္ဒပြမှုများကြောင့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် ပါလီမန်ရွေးကောက်ပွဲကို ဆောလျင်စွာပြုလုပ်ခဲ့သော်လည်း အစိုးရ သည် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သည့်

နိုင်ငံရေးပါတီအားလုံးကို ကိုယ်စားပြုသည့် ညွန့်ပေါင်းအစိုးရကို ဖွဲ့စည်းနိုင်ခဲ့ခြင်း မရှိ သေးပေ။

မကြာသေးမီက အီရတ်တွင်ဖြစ်ပွားခဲ့ သည့် အကျပ်အတည်းသည် ပြည်တွင်းစစ်ဖြစ် ပွားမည့်အရေးမှ ရှောင်လွှဲနိုင်ခဲ့သော်လည်း အီရတ်နိုင်ငံရေးပါတီများအကြား ရွေးကောက် ပွဲဆိုင်ရာ အကြမ်းဖက်မှုများဖြစ်စေနိုင်သည့် စစ်ရေးအသွင်ဆောင်သည့် အန္တရာယ်များ ရှိ နေဆဲဖြစ်သည်။

 

အရှေ့အလယ်ပိုင်းဒေသနှင့် ဒီမိုကရေစီဖော်ဆောင်မှု

အီရတ်သည် နက်ရှိုင်းသည့် နိုင်ငံရေး စိန်ခေါ်မှုများနှင့် ဆက်လက်ရင်ဆိုင်နေရစဉ် ဒေသတွင်း ဒီမိုကရေစီကို အပြည့်အဝမြှင့်တင် ရေးအတွက် အမေရိကန်၏ အားထုတ်ကြိုး ပမ်းမှုများကို ထည့်သွင်းစဉ်းစားရမည်ဖြစ် သည်။

၂၀၁၄ ခုနှစ်က အာရပ်နွေဦး လှုပ်ရှား မှုနှင့်အတူ ပေါ်ပေါက်လာသည့် ဆန္ဒပြလှုပ် ရှားမှုများကြောင့် တူနီးရှား၊ အီဂျစ်၊ ယီမင်နှင့် လစ်ဗျားနိုင်ငံတို့တွင်း အာဏာရှင်များ ပြုတ် ကျခဲ့သည်။

မော်ရိုကိုနှင့် ဂျော်ဒန်ကဲ့သို့ အခြားနိုင်ငံ များတွင်မူ ဘုရင်များက ပြည်သူများကို အ လျှော့ပေးပြီး အစိုးရထောက်ပံ့မှုများ ဖြတ် တောက်မှုကို အချိန်ဆွဲခြင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများကို ပြောင်းလဲခန့်အပ်ခြင်းတို့ ပြု လုပ်ခဲ့ကြသည်။

အာရပ်နွေဦးလှုပ်ရှားမှုသည် အစိုးရအ ဖွဲ့များကို အောင်မြင်စွာ ပြောင်းလဲနိုင်ခဲ့သည်  ဟု ယူဆခံခဲ့ရသည့်တိုင် ခိုင်မာအားကောင်း ပြီး တည်တံ့သည့် ဒီမိုကရေစီနိုင်ငံများ ဖော် ဆောင်မှုတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ခဲ့ရ သည်။

အီဂျစ်တွင် စစ်တပ်က ၎င်းင်း၏အာဏာကို ထပ်မံပြသခဲ့ပြီး နိုင်ငံသည် အာဏာရှင်စနစ်သို့ ပြန်လည်ရောက်ရှိခဲ့သည်။ ယီမင်တွင်လည်း ပြည်တွင်းစစ်စတင်စေခဲ့သည့် ဆန္ဒပြမှုများကြောင့် နိုင်ငံရေး လေဟာနယ်ဖြစ်ပွားခဲ့သည်။

ထို့ကြောင့် မျက်မှောက်ခေတ် အာရပ် လိဂ်အဖွဲ့ဝင်နိုင်ငံများအတွက် Freedom House အဖွဲ့၏ ပျမ်းမျှဒီမိုကရေစီအမှတ်သည် ၁၁ ဒသမ ၄၅ ဖြစ်ပြီး ယင်းသည် အီရတ်ကျူး ကျော်စစ်အကြိုကာလက အမှတ်နှင့် တူညီ နေဆဲဖြစ်သည်။

အမေရိကန်၏ အားထုတ်ကြိုးပမ်းမှုများ သည် အရှေ့အလယ်ပိုင်းဒေသတွင် နိုင်ငံရေး အပြောင်းအလဲအတွက် အရှိန်မြင့်တက်စေ ခြင်း သို့မဟုတ် နှောင့်နှေးကြန့်ကြာစေခဲ့ခြင်း ရှိ မရှိကိုသိရန် ခက်ခဲလှသည်။ ထို့ပြင် မတူ ကွဲပြားသည့်နည်းလမ်းဖြင့် ချဉ်းကပ်ခဲ့မည်ဆို ပါက ပိုမိုကောင်းမွန်သည့် ရလဒ်ထွက်ပေါ်နိုင် ခြင်းရှိ မရှိကိုလည်း သိရန် ခက်ခဲလှပေသည်။

မည်သို့ပင်ဆိုစေ အီရတ်ဖြစ်စဉ်သည် အရှေ့အလယ်ပိုင်းဒေသ၏ ဒီမိုကရေစီ ပြောင်းလဲရေးအတွက် အားပေးလှုံ့ဆော်မှု တစ်ခုအဖြစ် ရှုမြင်နိုင်ခြင်းမရှိကြောင်း အချက် အလက်များက ခိုင်မာစွာ ညွှန်ပြနေသည်။

Ref; AFP

Photo: AFP

 

----------

 

Most Read

Most Recent