ရွှေစျေးကစားနေသူများ၊ကောလာဟလများ ထုတ်လွှင့်၍ ရွှေစျေးမတည်ငြိမ်အောင် ဆောင်ရွက်နေသူ များကို အရေးယူမည်   

ရွှေစျေးကစားနေသူများ၊ကောလာဟလများ ထုတ်လွှင့်၍ ရွှေစျေးမတည်ငြိမ်အောင် ဆောင်ရွက်နေသူ များကို အရေးယူမည်   
ရွှေဆိုင်တစ်ဆိုင်၏ မြင်ကွင်းအားတွေ့ရစဉ်
ရွှေဆိုင်တစ်ဆိုင်၏ မြင်ကွင်းအားတွေ့ရစဉ်
Published 21 March 2023

ရွှေစျေးတည်ငြိမ်မှုပျက်ပြားစေရန် စျေးကစားနေသူများ၊ကောလဟလများကို လူမှုကွန်ယက်၊ အွန်လိုင်း တို့ဖြင့် ထုတ်လွှင့်၍ ရွှေစျေးမတည်ငြိမ်အောင် ဆောင်ရွက်နေသူများကို ဖော်ထုတ်အရေးယူမည်ဟု ဗဟိုဘဏ်က သတင်းထုတ်ပြန်သည်။

မြန်မာ့ရွှေစျေးကွက်သည် ကမ္ဘာ့ရွှေစျေးကွက်၌ အရောင်းအဝယ်ပြုလုပ်ခြင်းကဲ့သို့သော စံသတ်မှတ် ထားသည့် အလေးချိန်တွက်ချက်မှု ရွှေသန့်စင်မှုအရည်အသွေးများ စနစ်တကျ တွက်ချက်ထားမှုမရှိဘဲ မိရိုး ဖလာတွက်နည်းများ အိမ်နီးချင်းနိုင်ငံ၏ နေ့စဉ်စျေးနှုန်းများ၊ ကမ္ဘာ့ရွှေစျေး၊ အမေရိကန်ဒေါ်လာစျေး၊ ထိုင်းဘတ်စျေး၊ တရုတ်ယွမ်စျေးတို့ဖြင့်လည်းကောင်း၊ ကောလဟလသတင်း အွန်လိုင်းတွင် ဖော်ပြနေသော စျေးနှုန်းများဖြင့် ရွှေစျေးနှုန်းကို အမျိုးမျိုးသတ်မှတ်နေကြသည်ကို တွေ့ရှိရကြောင်း ရွှေနှင့် ငွေကြေးစျေးကွက် စောင့်ကြည့်၊ကြပ်မတ်၊ ထိန်းသိမ်းရေးကော်မတီအစည်းအဝေးတွင် ထောက်ပြခဲ့သည်ကို တွေ့ရသည်။

လက်ရှိအခြေအနေတွင် ကမ္ဘာ့ရွှေစျေး တက်လာမှုအပေါ် အကြောင်းပြပြီး ကိုယ်ကျိုးအတ္တဖြင့် စျေးကစားလိုသော ရည်ရွယ်ချက်ဖြင့် လူမှုကွန်ယက်၊ အွန်လိုင်းနှင့် ကောလဟလသတင်းများ အသုံးပြု၍ မြှင့်တင်ရန် ကြိုးစားလာသည်ကို တွေ့ရှိကြောင်း၊မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ရွှေအားတင်သွင်း ရောင်းချခြင်း၊ တင်ပို့ရောင်းချခြင်းလည်းမရှိသဖြင့် ကမ္ဘာ့ရွှေစျေးနှင့်ဆက်စပ်မှုမရှိဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းနှင့် မန္တလေးတိုင်းဒေသကြီးရွှေ လုပ်ငန်းရှင်များ အသင်းများကလည်း ကမ္ဘာ့ရွှေစျေးနှင့် မြန်မာ့ရွှေစျေးချိတ်ဆက်မှုမရှိကြောင်း မြန်မာနိုင်ငံ၏ငွေစျေးကို ကြည့်ပါကလည်း ပြောင်းလဲမှုမရှိကြောင်း၊ အွန်လိုင်းတွင် လက်ရှိဖြစ်ပေါ်နေသောစျေးနှုန်းများ သည်လည်း တရားမဝင်ကြောင်း ထုတ်ပြန်ချက်များ ထုတ်ပြန်လာခဲ့သည်ကို တွေ့ရသည်။

၂၀၂၃ ခုနှစ် မတ်၂၁ ရက်တွင် ရန်ကုန်ရွှေအသင်းက တစ်ကျပ်သားလျှင် ကျပ်  ၂၃၃၅၀၀၀ ဖြင့် သတ်မှတ်ထားပြီး ပြင်ပစျေးကွက်တွင် ပြည်တွင်းရွှေစျေး ကျပ် ၂၈၈၈၀၀၀ ဝန်းကျင်ရှိနေကြောင်း ရွှေစျေးကွက်အတွင်းမှ သိရသည်။

Most Read

Most Recent