သမ္မတပူတင် ဖမ်းဝရမ်းထုတ်ခံရပြီးနောက် ရုရှားက ICC ရှေ့နေနှင့် တရားသူကြီးအချိ့ကို ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုပြုလုပ်နေပြီး တရုတ်ကလည်း ICC ၏လိုတစ်မျိး မလိုတစ်မျိးစံနှုန်းများကို ဝေဖန်

သမ္မတပူတင် ဖမ်းဝရမ်းထုတ်ခံရပြီးနောက် ရုရှားက ICC ရှေ့နေနှင့် တရားသူကြီးအချိ့ကို ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုပြုလုပ်နေပြီး တရုတ်ကလည်း ICC ၏လိုတစ်မျိး မလိုတစ်မျိးစံနှုန်းများကို ဝေဖန်
၂၀၂၂ ခုနှစ် မေလ ၂၇ ရက်တွင် ရိုက်ထားသောပုံ၌ ICC ရှေ့နေ ခါရင်ခမ်းကို သည်ဟိတ်မြို့ရှိ ICC တရားရုံးတွင် တွေ့ရစဉ်
၂၀၂၂ ခုနှစ် မေလ ၂၇ ရက်တွင် ရိုက်ထားသောပုံ၌ ICC ရှေ့နေ ခါရင်ခမ်းကို သည်ဟိတ်မြို့ရှိ ICC တရားရုံးတွင် တွေ့ရစဉ်
Published 21 March 2023
Ref:AFP

သည်ဟိတ်မြို့အခြေစိုက် နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) က သမ္မတဗလာဒီမာပူတင်ကို ဖမ်းဝရမ်းထုတ်ခဲ့ပြီးနောက် ယင်းတရားရုံး၏ရှေ့နေ ခါရင်ခမ်းကို မိမိတို့ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုလုပ်ဆောင်ထားသည်ဟု မတ်လ ၂၀ ရက်တွင် ရုရှားက ထုတ်ပြန်သည်။

ပူတင်ကို ဖမ်းဆီးဖို့ကြိုးစားတဲ့သူတို့ရဲ့ တရားမဝင်ဆုံးဖြတ်ချက်ကို အခြေခံပြီး ရုရှားစုံစမ်းစစ်ဆေးရေးကော်မတီဟာ နိုင်ငံတကာရာဇဝတ်တရားရုံးရဲ့ရှေ့နေခါ ရင်ခမ်းနဲ့ ICC တရားသူကြီးအချိ့ကို ပြစ်မှုဆိုင်ရာအမှုဖွင့်ထားပါတယ် ဟု စုံစမ်းစစ်ဆေးရေးကော်မတီက ထုတ်ပြန်သည်။

အပြစ်မဲ့သည်ဟု သိထားသောလူတစ်ဦးကို တရားမဲ့တရားစွဲဆိုခြင်းနှင့် နိုင်ငံတကာကာကွယ်မှုရရှိထားသော ပြည်ပနိုင်ငံ၏ကိုယ်စားလှယ်တစ်ဦးကို တိုက်ခိုက်ရန်ပြင်ဆင်ခြင်းတို့အတွက် ခမ်းကို စုံစမ်းစစ်ဆေးနေသည်ဟု စုံစမ်းစစ်ဆေးရေးကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယူကရိန်းကလေးများကို နိုင်ငံမှတရားမဝင် နှင်ထုတ်သည်ဟူသော စစ်ရာဇဝတ်မှုစွပ်စွဲချက်ဖြင့် မတ်လ ၁၇ ရက်တွင် ICC က ပူတင်အတွက် ဖမ်းဝရမ်းကို ကြေညာခဲ့သည်။

ကလေးသူငယ်အခွင့်အရေးများအတွက် ရုရှားသမ္မတဆိုင်ရာကော်မရှင်နာ မာရီယာအယ်လ်ဗိုဗာဘီလိုဗာကိုလည်း အလားတူစွဲချက်များဖြင့် ဝရမ်းထုတ်သည်ဟု ICC က ထုတ်ပြန်ခဲ့သည်။

ရုရှားအစိုးရက အဆိုပါအမိန့်များကို တရားမဝင်ဟုဆိုကာ ပယ်ချခဲ့သည်။ ရုရှားသည် ICC တွင် ပါဝင်ပတ်သက်သော နိုင်ငံမဟုတ်သောကြောင့် စွဲချက်ကို ရင်ဆိုင်ရန် ပူတင်ကို မည်သို့မည်ပုံလွှဲပြောင်းမည် သို့မဟုတ် ပူတင်ကို လွှဲပြောင်းပေးမည်ဆိုသည်မှာ မသဲကွဲပေ။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်ကျူးကျော်မှုနောက်ပိုင်း ယူကရိန်းကလေး ၁၆,၀၀၀ ကျော်သည် ရုရှားသို့ပို့ဆောင်ခံရပြီး ကလေးအများအပြားမှာ အဖွဲ့အစည်းများနှင့် မွေးစားအိမ်များတွင် နေရာချထားခံရသည်ဟု ယူကရိန်းအစိုးရ၏ ပြောကြားချက်အရ သိရသည်။

နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) က စစ်ရာဇဝတ်မှုစွဲချက်များဖြင့် ရုရှားခေါင်းဆောင်ဗလာဒီမာပူတင်အတွက် ဖမ်းဝရမ်းထုတ်လိုက်ပြီးနောက် ယင်းတရားရုံးသည် လိုတစ်မျိး မလိုတစ်မျိး စံနှုန်းများကို ရှောင်ရှားရန်နှင့် နိုင်ငံတော်အကြီးအကဲများအတွက် ကင်းလွတ်ခွင့်ကို လေးစာရန် မတ်လ ၂၀ ရက်တွင် တရုတ်က တောင်းဆိုလိုက်သည်။

ICC သည် မျှတ၍သမာသမတ်ကျသော ရပ်တည်ချက်ကို ထိန်းသိမ်းသင့်ပြီး နိုင်ငံတော်အကြီးအကဲများကို နိုင်ငံတကာဥပဒေအရ တရားစီရင်မှု ကင်းလွတ်ခွင့်ကို လေးစားသင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ့်ဝမ်ပင်က ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

နိုင်ငံရေးသဘောသက်ဝင်အောင်လုပ်ဆောင်ခြင်းနှင့် လိုတစ်မျိး မလိုတစ်မျိး စံနှုန်းများကို ရှောင်ရှားခြင်းလုပ်ဆောင်ရန်ဝမ့်ဝမ်ပင်က ICC ကို တိုက်တွန်းလိုက်ပြီး ယူကရိန်းပဋိပက္ခ ဖြေရှင်းရေးမှာ စေ့စပ်ဆွေးနွေးခြင်းနှင့် ညှိနှိုင်းခြင်းတို့ဖြစ်သည်ဟု ပြောကြားသည်။

တရုတ်သည် ICC တရားရုံးကို ထိန်းချုပ်ထားသော ကုလသမဂ္ဂသဘောတူစာချုပ်ဖြစ်သည့် ရောမသဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးထားခြင်းမရှိပေ။                               

Most Read

Most Recent