ကိုဗစ်အလွန် မြန်မာ့စီးပွားရေးက MSME တွေအပေါ် မူတည်နေသလား

ကိုဗစ်အလွန် မြန်မာ့စီးပွားရေးက MSME တွေအပေါ် မူတည်နေသလား
ရန်ကုန်မြို့ရှိ စက်မှုဇုန်တစ်ခုအတွင်း အလုပ်သမားများ စက်ရုံဆင်းလာသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ရန်ကုန်မြို့ရှိ စက်မှုဇုန်တစ်ခုအတွင်း အလုပ်သမားများ စက်ရုံဆင်းလာသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 19 March 2023

ကိုဗစ်-၁၉ ကပ်ရောဂါ ပထမလှိုင်း၊ ဒုတိယလှိုင်းတွင် ကျန်းမာရေး ဘေးအန္တရာယ်မှ ကံကောင်းစွာ သက်သာရာရခဲ့သော်လည်း တတိယလှိုင်းတွင် မြန်မာနိုင်ငံက အလူးအလဲခံစားခဲ့ရပြီး နောက်ဆက်တွဲအနေဖြင့် ကမ္ဘာတစ်ဝန်း ရင်ဆိုင်နေရသော စီးပွားပျက်ကပ် အန္တရာယ်လှိုင်းလုံး၏ ရိုက်ခတ်မှုဒဏ်ကို ပြင်းထန်စွာ ခံစားလျက်ရှိသည်။

ကိုဗစ်-၁၉ ကပ်ရောဂါအပြင် မြန်မာနိုင်ငံတွင် နိုင်ငံရေးအပြောင်းအလဲကြောင့် ဖြစ်ပေါ်ခဲ့သည့် သက်ရောက်မှုကိုပါ တစ်ပူပေါ် နှစ်ပူဆင့်သလို ခံစားနေရသည်။ နိုင်ငံ၏ စီးပွားရေး အခြေအနေ၊ ဓနကြွယ်ဝမှု၊ ဘဏ္ဍာရေးအခြေအနေ အားနည်းသည့်နိုင်ငံဖြစ် သကဲ့သို့ ဆင်းရဲနွမ်းပါးသည့် ပြည်သူအများ အပြားရှိနေသည့်နိုင်ငံဖြစ်ခြင်းကြောင့် စီးပွားပျက်ပါက ထိခိုက်နိုင်သည့်လူအများအပြား ကို ကယ်ဆယ်နိုင်ရေးမှာ စိန်ခေါ်မှုများစွာ ရှိ နေသည်။

ကပ်ရောဂါ၏ ကာလကြာရှည်စွာ သက် ရောက်မှုဒဏ်ကြောင့် မြန်မာနိုင်ငံရှိ သန်းပေါင်းများစွာသော ပြည်သူလူထု၏အခြေခံ စားဝတ်နေရေး၊ အလုပ်အကိုင်၊ ဝင်ငွေနှင့် စီး ပွားရေးအပေါ် အကျိုးသက်ရောက်မှု ကြီး မားစွာဖြစ်ပေါ်ခဲ့ပြီး စီးပွားရေးအရ ထိခိုက် နိုင်ခြေအဆင့် မြင့်မားစွာရှိခဲ့သည်။

ကိုဗစ်-၁၉ အကျပ်အတည်းနှင့် နိုင်ငံ ရေးအပြောင်းအလဲကာလအတွင်း ကုစားမှုမှ ပြန်လည်ထူထောင်နိုင်ရေးအထိ ဆောင်ရွက်ရာတွင် ပုဂ္ဂလိကကဏ္ဍ စီးပွားရေးမှာ အဓိက အကျဆုံးဖြစ်နေပြီး ပုဂ္ဂလိကလုပ်ငန်းများ ပုံ မှန်လည်ပတ်လုပ်ကိုင်နိုင်မှသာ ပြည်သူလူ ထု၏ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေ များအတွက် အာမခံချက်ရှိမည်ဖြစ်သကဲ့သို့ နိုင်ငံ့စီးပွားရေး အသိုက်အဝန်းလည်း ပုံမှန် လည်ပတ်နေမည်ဖြစ်သည်။

မြန်မာ့စီးပွားရေးသည် အစဉ်အဆက် အားနည်းခဲ့သလို ကိုဗစ် - ၁၉ နှင့် လက်ရှိအ ကျပ်အတည်းများကြောင့် ဗုန်းဗုန်းမလဲရေးအ တွက် ပြန်၍ထောက်ကူရာတွင် အဓိကကျော ရိုးတစ်ခုဖြစ်သည့် ပုဂ္ဂလိကစီးပွားရေးလုပ် ငန်းများကို ကုစားနိုင်ရေးကလည်း လက်ရှိ အချိန်အထိ စိန်ခေါ်မှုများစွာဖြင့် ရင်ဆိုင်နေ ရဆဲဖြစ်သည်။

MSME လုပ်ငန်းများကို အားပေး ဆောင်ရွက်ခြင်းသည် ပုဂ္ဂလိကကို ဗဟိုပြုသည့် စီးပွားရေးလုပ်ငန်းများကို အားပေး ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားထားသည်။

မြန်မာနိုင်ငံတွင် MSME လုပ်ငန်းပေါင်း ၄၀၀၀၀ ကျော်က စီးပွားရေးကဏ္ဍ ၂၄ ခုတွင် အဓိကလုပ်ကိုင်နေကြခြင်းဖြစ်ပြီး ယင်းကဲ့သို့ လုပ်ဆောင်ရာတွင် အစားအစာထုတ်လုပ် သည့်လုပ်ငန်းတွင် ရာခိုင်နှုန်း ၅၀ ကျော်ဖြင့် အများဆုံးဖြစ်ကြောင်း MSME ဖွံ့ဖြိုးတိုးတက် ရေးဌာနက ထုတ်ပြန်သည့်အချက်အလက် များအရ သိရသည်။

စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ အသေးစား၊ အငယ် စားနှင့် အလတ်စားလုပ် ငန်းများဖွံ့ဖြိုးတိုးတက် ရေးဌာနတွင် မှတ်ပုံတင်ထားသည့် ပုဂ္ဂလိက စက်မှုလုပ်ငန်းများစာရင်းအရ အစားအစာထုတ်လုပ်ခြင်းလုပ်ငန်းအုပ်စုတွင် လုပ်ငန်း အရေအတွက် ၂၂၇၂၁ ခုရှိကာ စုစုပေါင်းလုပ် ငန်းများ၏ ထက်ဝက်ကျော်ရှိသည်။

စက်ပစ္စည်းကိရိယာများ ပြင်ဆင်ခြင်း နှင့် တပ်ဆင်ခြင်းလုပ်ငန်းအုပ်စုတွင် လုပ်ငန်း အရေအတွက် ၄၅၀၃ ခု၊ စက်နှင့်စက်ကိရိ ယာမှအပ သတ္တုသန့်စင်ပစ္စည်းများ ထုတ်လုပ် မှု လုပ်ငန်းအရေအတွက် ၃၀၂၄ ခု၊ အခြား သတ္တုမဟုတ်သော  တွင်းထွက်ပစ္စည်းများ ထုတ်လုပ်မှုလုပ်ငန်းအရေအတွက်  ၁၈၄၁ ခု၊ အဖျော်ယမကာထုတ်လုပ်သည့်လုပ်ငန်းအရေအတွက် ၁၇၁၃ ခု၊ အထည်အလိပ်လုပ်ငန်း ၁၂၅၁ ခု၊ ဝတ်ဆင်ရန်အထည်များထုတ်လုပ် သည့်လုပ်ငန်းအရေအတွက် ၁၂၃၅ ခု၊ သစ် နှင့် သစ်အချောထည် (ပရိဘောဂမပါ) ထုတ် လုပ်သည့် လုပ်ငန်းအရေအတွက် ၂၁၁၀ ခု၊ စက္ကူနှင့် စက္ကူထုတ်ကုန်လုပ်ငန်း အရေ               အတွက် ၂၉၀ ခု စသည်ဖြင့် လုပ်ငန်းအရေ               အတွက် စုစုပေါင်း ၄၅၀၈၆ ခုရှိသည်။

“MSME ကတော့ အခုဆိုရင် အစိုးရ က တော်တော်လေး ဦးစားပေးနေတာတွေ့ ရတယ်ဗျ။ ဒါပေမဲ့ မြန်မာနိုင်ငံက စီးပွားရေး လုပ်ငန်းတော်တော်များများ လုပ်ရကိုင်ရ ခက်ခဲနေတာ တော်တော်ကြာပြီ။ နိုင်ငံရေးအ ပြောင်းအလဲဖြစ်ပြီးတဲ့နောက်မှာ ဒေါ်လာစျေး ပေါ့။ နိုင်ငံခြားငွေလဲနှုန်းဂယက်က တော် တော်ရိုက်ခတ်မှုရှိခဲ့တယ်။ ဥပမာပြောရရင် စီးပွားရေးမှာ ဆန်ရှင်မရှိတော့ နိုင်ငံတကာ က လုပ်ငန်းရှင်တွေက ဒီမှာဆက်လုပ်ချင်ကြ တယ်။ ဒါပေမဲ့ ဒီငွေလဲနှုန်းဒဏ်ကို မခံနိုင်ကြ တော့ဘူး။ တချို့ဆို ဒေါ်လာသန်းနဲ့ချီ ဆုံးရှုံး သွားတာရှိခဲ့တယ်။ အဲဒီတော့ အကျိုးဆက်က သူ့စက်ရုံပိတ်လိုက်တယ်ပေါ့ဗျာ။ သူကတော့ စက်ရုံပိတ်ပြီး ပြန်တာပေါ့။ ဒီမှာလုပ်မရရင် ဟိုနိုင်ငံ သွားလုပ်ရမှာပဲလေ။ နစ်နာတာက ကိုယ့်နိုင်ငံပဲ။ အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်တယ်။ ဒီအလုပ်သမားရဲ့မိသားစုတွေ စားဝတ်နေရေးအခက်အခဲဖြစ်တယ်။ နိုင်ငံက ရမယ့်အခွန်တွေမရတော့ဘူး။ အဲဒီလိုပေါ့ဗျာ။သံသရာလည်နေတာ။ ငွေလဲနှုန်းမတည် ငြိမ် တာက  စီးပွားရေးလုပ်ငန်းတွေအတွက် အဓိ က အခက်အခဲပဲ “ဟု စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။

လက်ရှိအခြေအနေတွင်   စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၌ ကုန်ထုတ်လုပ်မှုတိုးတက် ရန် ကုန်ကြမ်းရရှိရေးအတွက် အရေးကြီး ကြောင်း၊ စက်မှုကဏ္ဍအတွက် လျှပ်စစ်စွမ်း အားကို ဒီဇယ်ဖြင့် မောင်းနှင်နေရခြင်းသည် ကုန်ကျစရိတ် များပြားသည့်အတွက် နည်း လမ်းရှာဖွေရန် လုပ်ငန်းရှင်များက တင်ပြခဲ့ ကြကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ သိရသည်။

“ပြောရရင် အခုကာလက အားလုံးခက်ခဲ နေတဲ့ ကာလပေါ့ဗျာ။ လုပ်ငန်းရှင်တွေ လုပ်ရ ကိုင်ရခက်ခဲနေသလို ဝန်ထမ်းတွေ အလုပ် သမားတွေကိုလည်း လခတိုးမပေးနိုင်တဲ့ အ ပြင် လျှော့ပါပေးနေရတယ်။ အဲဒီတော့ ဝန် ထမ်းတွေလည်း မလောက်ငကြဘူး။ စက်ရုံ တွေပိတ်လိုက်ရတော့ အလုပ်ပြုတ်သွားတဲ့ အလုပ်သ မား သောင်းနဲ့ချီ ရှိတယ်။ သူတို့ဘာ ဆက်လုပ်ကြမလဲ။ အလုပ်ရှင်တွေဘက်က လည်း ဆက်လုပ်ဖို့ ဘယ်လိုမှမဖြစ်တော့တာ ကြောင့် လက်ရှိအခြေအနေတွေကြောင့် ပိတ် လိုက်ရတဲ့သူတွေရှိတယ်။ အမျိုးစုံပေါ့ဗျာ။ နောက်ဆုံးတော့ စီးပွားရေးမကောင်းတော့ အကုန်ဒုက္ခရောက်ကြတာပေါ့” ဟု စက်မှုဇုန် လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

သို့သော်လည်း မြန်မာ့စက်မှုကုန်ထုတ် လုပ်ငန်းများ၏  လုပ်ကိုင်မှုအခြေအနေများ ၁၀ လအတွင်း ပထမအကြိမ်အဖြစ် တိုးတက်လာကြောင်း ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအတွက် ထုတ်ပြန်သည့် S&P Global မြန်မာ ထုတ်လုပ်မှု PMI အညွှန်းကိန်းများ အစီရင် ခံစာတွင် ဖော်ပြထားသည်။

 “ဖေဖော်ဝါရီဒေတာက နှစ်ဆန်းပိုင်းမှာ  မြန်မာနိုင်ငံထုတ် ကုန်စည်များအတွက် ဝယ်လိုအား ပြန်အားကောင်းလာမှုကို စစ်တမ်း နောက်ဆုံးလအထိ ဆွဲဆန့်ပေးလိုက်မှုကို ပြ သနေပြီး ထုတ်လုပ်မှုရော အော်ဒါအသစ်များ ပါ ပိုမြန်တဲ့နှုန်းနဲ့ တိုးလာခဲ့မှုကြောင့် ဖြစ်ခဲ့ပါ တယ်။ အဲဒါရဲ့ရလဒ်အဖြစ် အဓိကအကျဆုံး အညွှန်းကိန်းကို အရေးကြီးတဲ့အမှတ် ၅၀ ဒသမ ၀ အထက်သို့ ၁၀ လအတွင်းမှာ ပထမ အကြိမ်  ပြန်ဆွဲတင်နိုင်ခဲ့ပြီး ထုတ်လုပ်ရေး ကဏ္ဍအခြေအနေ အသင့်အတင့်တိုးတက်လာ မှုကို အချက်ပြလိုက်ပါတယ်။အားကောင်းလာ နေတဲ့ ဝယ်လိုအားကို ဖြည့်တင်းပေးဖို့ ဝယ်ယူမှု များကိုလည်း တိုးလာခဲ့ကြချိန်မှာ အလုပ်နေ ရာများ လျော့နည်းလာမှုမှာ ရှစ်လကြာခဲ့တဲ့  လက်ရှိကျဆင်းမှုအစဉ်ထဲမှာ အားအပျော့ ဆုံးနှုန်းဖြစ်လာပါတယ်”ဟု S&P Global Market Intelligence မှ စီးပွားရေး ပညာရှင်  Maryam Baluch က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအတွင်း ထုတ်လုပ်ရေးကဏ္ဍ ၏ အခြေအနေအဘက်ဘက်မှ အသင့်အတင့် တိုးတက်လာခဲ့သည့်တိုင်အောင် ပစ္စည်းပေး သွင်းမှုဆိုင်ရာအခက်အခဲများက တိုးတက် ထုတ်လုပ်မှုအရှိန်ကို ဆက်ပြီးနောက်ပြန်ဆွဲ နေခဲ့သည်ဟုလည်း အစီရင်ခံစာတွင် ဖော်ပြ ထားသည်။

ကုန်ကြမ်းရှားပါးမှုများ၊ လျှပ်စစ်မီးပြတ် တောက်မှုများနှင့် အလုပ်သမားဦးရေနည်း လာမှုတို့မှာ မြန်မာနိုင်ငံတွင်း ကုမ္ပဏီများထံ တွင် လက်ကျန်အလုပ်များ၏ ပမာဏတစ်ဟုန် ထိုး တိုးလာခြင်း၏အကြောင်းရင်းများဖြစ်ခဲ့ ကြောင်း ထည့်သွင်းဖော်ပြခဲ့ကြသည်။

အခြားတစ်ဖက်တွင် လက်ရှိထုတ်ပြန် ထားသည့် အခွန်သတ်မှတ်ချက်၊ ငွေကြေးမူဝါ ဒများကြောင့် ပြည်တွင်း  လုပ်ငန်းရှင်များ  အနေဖြင့် ပြည်ပလုပ်ငန်းရှင်များကဲ့သို့ အခွင့် အရေးရရှိမှု နည်းပါးနေကြောင်းလည်း သိရ သည်။

 “ပြည်တွင်း MSME တွေက ဘာဖြစ်  နေလဲဆိုတော့ နှစ်ခါနာတယ်။ နိုင်ငံခြားက  လာလုပ်တဲ့သူတွေကျတော့ ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်တဲ့အနေနဲ့ အခွန်လျှော့ပေးထား တယ်။ ဒီလို အခွန်လျှော့ပေးထားတယ်။ နိုင်ငံ ခြားငွေလဲလှယ်မှုမှာလည်း သူတို့ကသာတယ်။ ကျွန်တော်တို့ကို အခွန်လျှော့ပေးဖို့ မပြော ပါဘူး။ ကျွန်တော်တို့နည်းတူ သူတို့ကိုလည်း အခွန်ကောက်ရင် အခြေအနေက တန်းတူ ဖြစ်သွားမှာပေါ့”ဟု  စက်မှုဇုန်လုပ်ငန်းရှင် တစ်ဦးက ထောက်ပြသည်။

ထုတ်လုပ်ရေးကဏ္ဍတစ်ဝန်း ထုတ်လုပ် မှု တိုးလာခဲ့သည့်တိုင် မျှော်မှန်းချက်များမှာ ကြားနေသဘောဆောင်နေပြီး လာမည့် ၁၂ လအတွင်းမှာ ထုတ်လုပ်မှုပြောင်းလဲမည် မဟုတ်ဟု ခန့်မှန်းကြရာ အကောင်းမြင်မှုမှာ ခုနစ်လအတွင်း အနိမ့်ဆုံးသို့ နိမ့်ကျသွားသည် ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

 “အဓိကကတော့ လုပ်ငန်းလုပ်ကိုင်ရ တဲ့ Processing မှာ ကြာတာပေါ့။ပစ္စည်းထုတ် တာဖြစ်ဖြစ်၊ သွင်းတာပဲဖြစ်ဖြစ်၊  အချိန်လည်း ကြာတယ်။ ပိုက်ဆံလည်းပိုကုန်တယ်။ နောက် ပြီး လျှပ်စစ်ပေါ့။ လျှပ်စစ်ကတော့ ခေတ်အ ဆက်ဆက်ပဲ။ ဒီအချိန်မှာတော့ အရင်ထက် နည်းနည်းပိုဆိုးတာပေါ့” ဟု စက်မှုဇုန်လုပ် ငန်းရှင်တစ်ဦးက ပြောကြားသည်။

စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများနှင့် MSME လုပ်ငန်း များကို အားပေးဆောင်ရွက်ခဲ့ခြင်းကြောင့် နိုင်ငံ့စီးပွားရေး အတိုင်းအတာတစ်ခုအထိ တိုးတက်လာပြီဖြစ်ကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားထားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဆက်လက်ပြောကြားရာတွင်   နိုင်ငံတော်တာ ဝန်များ ထမ်းဆောင်ခြင်းမပြုမီအချိန်က တည်းကပင် နိုင်ငံတော်၏စီးပွားရေးမှာ ကျ ဆင်းလျက်ရှိသကဲ့သို့ ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားမှုကြောင့်လည်း ကမ္ဘာ့နိုင်ငံများတွင် စီးပွားရေးကျဆင်းမှုနှင့်အတူ မိမိတို့နိုင်ငံ သည်လည်း စီးပွားရေးကျဆင်းခဲ့ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုး တက်ရေးအတွက် အခက်အခဲ၊ အကျပ်အ တည်းများကြားမှ နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး ပြည်တွင်းကုန် ထုတ်လုပ်မှုများကို အားပေးဆောင်ရွက်ခဲ့ ကြောင်း၊ မိမိတို့နိုင်ငံ၏ အဓိကစီးပွားရေး လုပ်ငန်းဖြစ်သည့် စိုက်ပျိုးမွေးမြူရေးလုပ် ငန်းများကို အခြေခံသည့် ကုန်ထုတ်လုပ်မှု များနှင့် အသေးစား၊ အလတ်စားနှင့် အငယ် စား(MSME)လုပ်ငန်းများကို အားပေး ဆောင်ရွက်ခဲ့ခြင်းကြောင့် လက်ရှိအချိန်တွင် နိုင်ငံ၏စီးပွားရေးသည် အတိုင်းအတာတစ် ခုအထိ တိုးတက်လာပြီဖြစ်ကြောင်း နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြား သည်။

ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေးစောင့် ကြည့်လေ့လာမှု အစီရင်ခံစာတွင်မူ ကုန်ထုတ် လုပ်မှုသည် ၂၀၁၉ ခုနှစ်ထက် များစွာနိမ့် ကျနေဦးမည်ဖြစ်သော်လည်း ၂၀၂၃ ခုနှစ် မြန်မာ့စီးပွားရေး သုံးရာခိုင်နှုန်းခန့် တိုးလာ နိုင်ကြောင်း ခန့်မှန်းထားသည်။

သို့သော် ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုနှင့် နိုင်ငံရေးရိုက်ခတ်မှုများကြောင့် ကာလတို စီး ပွားရေး ပြန်လည်သက်ဝင်လာနိုင်မှုမှာ နှေး ကွေးနေဆဲဖြစ်နိုင်ကြောင်း၊ အဘယ်ကြောင့် ဆိုသော် သိသာထင်ရှားသည့် မက်ခရိုစီးပွား ရေးနှင့် စည်းမျဉ်းစည်းကမ်း မရေရာမှုများ၊ လတ်တလော ပဋိပက္ခများနှင့်လျှပ်စစ်ဓာတ် အား ပြတ်တောက်မှု ဆက်လက်ဖြစ်ပေါ်နေ ခြင်းတို့ကြောင့်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။   

Most Read

Most Recent