တရုတ်သမ္မတရှီကျင်းပင် တတိယသက်တမ်း ထပ်မံအပ်နှင်းခံရ

တရုတ်သမ္မတရှီကျင်းပင် တတိယသက်တမ်း ထပ်မံအပ်နှင်းခံရ
မတ်လ ၁၀ ရက်က ပေကျင်းမြို့တော်ရှိ ပြည်သူ့မဟာခန်းမဆောင်တွင် ကျမ်းသစ္စာကျိန်ဆိုနေသည့် တရုတ်သမ္မတ ရှီကျင်းပင်ကို တွေ့ရစဉ် (Photo – AFP)
မတ်လ ၁၀ ရက်က ပေကျင်းမြို့တော်ရှိ ပြည်သူ့မဟာခန်းမဆောင်တွင် ကျမ်းသစ္စာကျိန်ဆိုနေသည့် တရုတ်သမ္မတ ရှီကျင်းပင်ကို တွေ့ရစဉ် (Photo – AFP)
Published 10 March 2023
Ref: AFP

မတ်လ ၁၀ ရက်က ရှီကျင်းပင်သည် တရုတ်သမ္မတအဖြစ် တတိယသက်တမ်း အပ်နှင်းခံခဲ့ရပြီး ၎င်း၏မျိုးဆက်တွင် တရုတ်၏ သြဇာအကြီးမားဆုံး ခေါင်းဆောင်တစ်ဦးအဖြစ် ယူဆခံခဲ့ရသည်။

ရှီသည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလက တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏အကြီးအကဲအဖြစ် နောက်ထပ်ငါးနှစ်ကြာ ဦးဆောင်မှုရရှိခဲ့ပြီးနောက် ပါလီမန်က ၎င်းအား တတိယသက်တမ်း အပ်နှင်းခဲ့ခြင်းဖြစ်သည်။

ယင်းအချိန်ကတည်းက အသက် ၆၉ နှစ်အရွယ် ရှီသည် ၎င်း၏ ကိုဗစ်ကင်းစင်မူဝါဒကို ဆန့်ကျင်သည့် ဆန္ဒပြမှုများကို ကျော်လွှားနိုင်ခဲ့သည်။

သို့သော်လည်း ယခုသီတင်းပတ်တွင် ပြုလုပ်သည့် အမျိုးသားပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ယင်းအကြောင်းအရာများကို ဆွေးနွေးခဲ့ခြင်းမရှိဘဲ ရှီ၏မဟာမိတ်ဖြစ်သည့် လီချန်ကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်မှုလည်းပါဝင်သည့် စနစ်တကျ စီစဉ်ထားသည့် အခမ်းအနားတစ်ခုအဖြစ် ပြုလုပ်ခဲ့သည်။

မတ်လ ၁၀ ရက်တွင် ကိုယ်စားလှယ်များက ရှီကို သမ္မတအဖြစ် တတိယသက်တမ်း အပ်နှင်းခဲ့ပြီး ၎င်းကို ဗဟိုစစ်ကော်မရှင်၏ အကြီးအကဲအဖြစ် တညီတညွတ်တည်း မဲပေးပြီး ပြန်လည်ခန့်အပ်ခဲ့သည်။

စစ်တီးဝိုင်းက နောက်ခံတေးဂီတကို တီးခတ်နေမှုနှင့်အတူ ပေကျင်းမြို့တော်ရှိ ပြည်သူ့မဟာခန်းမဆောင်တွင် ကြက်သွေးရောင် ကော်ဇောများ၊ အောင်လံတံခွန်များဖြင့် အလှဆင်ထားသည်ကို တွေ့ရသည်။

မဲရလဒ်များကို ဖော်ပြထားသည့် ဒစ်ဂျစ်တယ်မော်နီတာတွင် မဲစုစုပေါင်း ၂၉၅၂ မဲ စလုံးသည် ရှီကို နောက်ထပ်သက်တမ်း ထပ်မံအပ်နှင်းကြောင်း ထောက်ခံခဲ့ကြသည်ကို ဖော်ပြခဲ့သည်။

ရှီသည် တရုတ်၏ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်တွင် ဘယ်ဘက်လက်ကိုတင်ပြီး ညာဘက်လက်သီးကိုဆုပ်ကာ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ရာတွင် ကြွယ်ဝချမ်းသာမှု၊ ခိုင်မာမှု၊  ယဉ်ကျေးမှု၊ သဟဇာတရှိမှုနှင့် ကြီးမြတ်မှုရှိသည့် ခေတ်သစ်ဆိုရှယ်လစ်နိုင်ငံကို ထူထောင်သွားမည်ဟု ကတိသစ္စာပြုခဲ့သည်ကို နိုင်ငံပိုင်ရုပ်သံက တိုက်ရိုက်ထုတ်လွှင့်ခဲ့သည်။

တရုတ်၏ အနီးကပ်မဟာမိတ် ရုရှားက ရှီ ပြန်လည်ရွေးကောက်ခံရမှုအပါ် အလွန်ဝမ်းမြောက်ဂုဏ်ယူကြောင်း လျင်မြန်စွာ ပြောကြားခဲ့သည်။

ရုရှားအနေဖြင့် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်စေမှုနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုအပေါ် ရှေးရှုသည့် သင်၏ ဆောင်ရွက်မှုများကို အလွန် တန်ဖိုးထားကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ရှီအား ပေးပို့သည့် စာထဲတွင် ရေးသားခဲ့သည်။

ရှီ၏ ပြန်လည်ရွေးကောက်ခံရမှုသည် ပါတီတွင်း လူသိနည်းသည့် အရာရှိတစ်ဦးအဖြစ်မှ ကမ္ဘာလုံးဆိုင်ရာ အင်အားကြီး နိုင်ငံ၏ ခေါင်းဆောင်အဖြစ်သို့ ရောက်ရှိလာသည့်  ထူးခြားအံသြဖွယ် အထွတ်အထိပ်သို့ ရောက်ရှိမှုဖြစ်သည်။

ယခုတတိယသက်တမ်း အပ်နှင်းခံရမှုကြောင့် ရှီသည် တရုတ်၏ သက်တမ်းအရှည်ဆုံး သမ္မတတစ်ဦးဖြစ်လာခဲ့သည်။

“အရာအားလုံးအပေါ် ပါတီက ထိန်းချုပ်တဲ့ ရှီကျင်းပင်ရဲ့ မဆုတ်မနစ်တဲ့ လုပ်ငန်းစဉ်တွေဟာ ရှင်သန်ကောင်းမွန်မှုရှိနေပါတယ်”ဟု သြစတြေးလျဝန်ကြီးချုပ်ဟောင်း ဖြစ်ပြီး အာရှလူ့အဖွဲ့အစည်းဖိုရန်မှ တရုတ်အရေးကျွမ်းကျင်သူ ကီဗင်ရုဒ်က ပြောကြားခဲ့သည်။

တရုတ်သည် စီပွားရေးတွင် ဖွံ့ဖြိုးတိုးတက်မှုများကို ပြန်လည်လှုံ့ဆော်ရန် မည်သို့လုပ်ဆောင်ရမည်ဆိုခြင်းနှင့် ပုဂ္ဂလိကကဏ္ဍအပေါ် သဘောတရားရေးရာ ထိန်းချုပ်မှုကို ဆက်လက်ထိန်းသိမ်းထားရေးတို့ကို လုပ်ဆောင်ရမည်ဟု ၎င်းကဆိုသည်။

Most Read

Most Recent