သထုံမြို့နယ် ကျုံမိန် ကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် ကလေး နှစ်ဦး သေဆုံးကာ အမျိုးသားတစ်ဦး ပြင်းထန် ဒဏ်ရာရရှိ

သထုံမြို့နယ် ကျုံမိန် ကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် ကလေး နှစ်ဦး သေဆုံးကာ အမျိုးသားတစ်ဦး ပြင်းထန် ဒဏ်ရာရရှိ
Published 9 March 2023
ဘိုဘိုမြင့်

မွန်ပြည်နယ် သထုံမြို့နယ် ကျုံမိန်ကျေးရွာအတွင်းသို့ မတ်လ ၈ ရက် နံနက် ၇ နာရီအချိန်ခန့်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ကလေးနှစ်ဦး သေဆုံးကာ အမျိုးသားတစ်ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သူများမှာ အသက် (၁၀) နှစ်အရွယ် ယောက်ျား‌လေးတစ်ဦးနှင့် အသက် (၁၂) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးတို့ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “ဒဏ်ရာရရှိခဲ့တဲ့ အသက် (၄၀) နှစ်အရွယ်အမျိုးသားကိုတော့ နီးစပ်ရာဆေးရုံကို ပို့ဆောင်ပေးလိုက်ကြတယ်လို့ သိရတယ် ဟု ပြောကြားသည်။

ပြီးခဲ့သည့် မတ်လ (၅) ရက်၊ မွန်းလွဲပိုင်းကလည်း မွန်ပြည်နယ် ရေးမြို့နယ် အောင်သာယာကျေးရွာအတွင်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် အသက် (၇၈) နှစ်အရွယ်အဖွားအိုတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။

 

Most Read

Most Recent