ာင်တောမြို့နယ်နှင့် ဘူးသီးတောင် မြို့နယ်တို့တွင် တာဝန်ထမ်းဆောင်လျက်ရှိ သော နိုင်ငံ့ဝန်ထမ်းများအား မူရင်းလစာ၏နှစ်ဆကို အထူးကိစ္စတစ်ရပ်အနေဖြင့် ဆက် လက်ခံစားခွင့်ပြုကြောင်း စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာနမှ သိရသည်။
ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၃) ၏ ကြိုတင်ခွင့်ပြုချက်အရ ရခိုင်ပြည်နယ် မောင်တောခရိုင်အ တွင်းရှိ မောင်တောမြို့နယ်နှင့် ဘူးသီးတောင် မြို့နယ်တို့တွင် တာဝန်ထမ်းဆောင်လျက်ရှိ သော နိုင်ငံ့ဝန်ထမ်းများအား အဆိုပါဒေသ၏ လက်ရှိအခြေအနေအရ ၂၀၂၃ ခုနှစ် ဇန်နဝါ ရီလ၊ ဖေဖော်ဝါရီလ၊ မတ်လများအတွက် မူ ရင်းလစာ၏နှစ်ဆကို အထူးကိစ္စတစ်ရပ်အ နေဖြင့် ဆက်လက်ခံစားခွင့်ပြုကြောင်း စီမံ ကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက အမိန့် ကြော်ငြာစာအမှတ် (၉/၂၀၂၃) ဖြင့် ထုတ် ပြန်ခဲ့သည်။
ထို့ပြင် မောင်တောခရိုင်အတွင်းရှိ မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ် တို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသော နေ့စားအလုပ်သမားများအား အဆိုပါဒေသ ၏ လက်ရှိအခြေအနေအရ ၂၀၂၃ ခုနှစ် ဇန်န ၀ါရီလ၊ ဖေဖော် ၀ါရီလ၊ မတ်လများအတွက် တစ်ရက်လုပ်ခ ကျပ် ၆၅၀၀ နှုန်းကို အထူးကိစ္စ တစ်ရပ်အနေဖြင့် ဆက်လက်ခံစားခွင့်ပြု ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန က အမိန့်ကြော်ငြာစာအမှတ် (၉/၂၀၂၃) တွင် ဖော်ပြထားသည်။
ထို့အတူ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၃) ၏ ကြို တင်ခွင့်ပြုချက်အရ ချင်းပြည်နယ် ပလက်ဝ မြို့နယ်အတွင်း တာဝန်ထမ်းဆောင်လျက် ရှိသော နိုင်ငံ့ဝန်ထမ်းများအား အဆိုပါဒေသ ၏ လက်ရှိအခြေအနေအရ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ၊ ဖေဖော်ဝါရီလ၊ မတ်လများအ တွက် မူရင်းလစာ၏နှစ်ဆကို အထူးကိစ္စတစ် ရပ်အနေဖြင့် ဆက်လက်ခံစားခွင့်ပြုကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက အမိန့် ကြော်ငြာစာအမှတ် (၁၀/၂၀၂၃) ဖြင့် ထုတ်ပြန်ခဲ့သည်။















