El Clásico ပြိုင်ဘက် (၂)သင်းရဲ့ ၂၀၂၂-၂၃ ရာသီလာ လီဂါချန်ပီယံတိုက်ပွဲ အားပြိုင်မှုအရှိန်အဟုန်ပြင်းနေချိန်၊ ဘာစီလိုနာက စပိန်စူပါဖလား လောလောလတ်လတ်ကိုမြှောက်ပြီး အသာစီးရယူထားနိုင်ချိန်မှာ မဟာပြိုင်ဘက်နှစ်သင်းရဲ့ မတူညီတဲ့ အားပြိုင်မှုတစ်ခုက ပရိသတ်တွေကို ရင်ခုန်မှုအသစ်အဆန်းတွေပေးဖို့ ရောက်ရှိလာတော့မှာပါ။ ရီးယဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ဟာ ဒီရာသီ စပိန်ဘုရင့်ဖလားပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်မှာ ထပ်မံထိပ်တိုက်တွေ့ဆုံခဲ့ကြပြီး နှစ်သင်းစလုံးရဲ့ ဆုဖလား မျှော်လင့်ချက်၊ ဂုဏ်သိက္ခာ၊ သမိုင်းအစဉ်အလာနဲ့ ဂန္ထဝင်မြောက်သော အားပြိုင်မှုတွေနဲ့အတူ အကြိတ်အနယ်ရှိတဲ့ El Clásico တိုက်ပွဲတွေကို ထပ်မံခံစားရဖို့ဖြစ်လာခဲ့ပါတယ်။ ဒါ့ပြင် နောက်ထပ်စိတ်ဝင်စားစရာကောင်းတာက ရီးယဲလ်မက်ဒရစ်အသင်းအနေနဲ့ ဘာစီလိုနာအသင်းကို လာလီဂါ၊ ချန်ပီယံလိဂ်အစရှိတဲ့ အဓိကဆုဖလားကြီးတွေမှာ ပြတ်ပြတ်သားသား အသာစီးရယူထားနိုင်ပေမဲ့ စပိန်ဘုရင့်ဖလားမှာတော့ ဘာစီလိုနာရဲ့ ဆုဖလား အရေအတွက်နဲ့ များစွာကွာဟနေသလို၊ ရီးယဲလ်အသင်း စပိန်ဘုရင့်ဖလားကို နောက်ဆုံးကိုင်မြှောက်ခဲ့တာကလည်း ၂၀၁၃- ၁၄ ရာသီကဖြစ်လို့ ဒီတစ်ကြိမ်မှာရော စပိန်ဘုရင့်ဖလားကို အအောင်မြင်ဆုံး ဘာစီလိုနာကပဲ ရယူသွားမလား။ ရီးယဲလ်မက်ဒရစ်ကပဲ ဘုရင့်ဖလားချန်ပီယံဆုနဲ့ ဆယ်စုနှစ်တစ်ခုနီးပါး ဝေးကွာမှုကို အဆုံးသတ်သွားမလားဆိုတာပါပဲ။
အမိုက်စားခံစားရဦးမယ့် El Clásico ရင်ခုန်သံ
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။