ထိုင်းနိုင်ငံ စမွတ်ပကန် ပြည်နယ်၊ တမ်ဘွန်ဗန်ပူမြို့နယ် တွင် ထိုင်းနိုင်ငံလုပ်ငန်းခွင်များသို့ အလုပ်သမားများ ပို့ဆောင်ပေးနေသည့် မြန်မာနိုင်ငံသား လူပွဲစားတစ်ဦးမှာ ဖေဖော်ဝါရီ ၁၂ ရက်နေ့က ဓါးထိုးခံရပြီးသေဆုံးခဲ့ကြောင်းသိရသည်။
သေဆုံးသူ မှာ ဗိုလ်မိုးဟိန်း ဆိုသူဖြစ်ပြီး စမွတ်ပကန်ပြည်နယ်၊ဗန်ပူမြို ့နယ်၊ ဗန်ပူနခေါင်လမ်းနေ အခန်းတွင် ဇနီး နှင့်အတူ အစ်မဖြစ်သူလည်းအတူနေထိုင်ကြောင်းသိရသည်။
မြန်မာ လူပွဲစားသည် မြန်မာအလုပ်သမားများ အပြင် ကမ္ဘောဒီးယားအလုပ်သမားများကိုလည်း အလုပ်ကိုင်ရှာဖွေပေး၍ အခန်းထဲ ခေါ်ဆောင်လာလေ့ရှိသည်ဟုဆိုသည်။
သေဆုံးသူ ဗိုလ်မိုးဟိန်း၂၃နှစ် သည် လက်နှစ်ဖက် ကို အဝတ်ဖြင့်နောက်ပြန် ပတ်ချည်နောင်ထားပြီး လည်ပင်းတွင် အမျိုးသမီးထမိန်ဖြင့် ပတ်ချည်ထားကာ ရင်ဘတ်တွင် ဓားဒဏ်ယာ ၁ ချက် နောက်ကျောတွင် ဓားဒဏ်ယာ ၁ ချက်ဖြင့် မှောက်လျက်သေဆုံးနေကြာင်း၊ ၄င်းဝတ်ဆင်ထားသောရွှေဆွဲကြိုး၊လက်စွတ် တို့ပျောက်ဆုံးနေကြောင်းသိရသည်ဟုဆိုသည်။
"မြန်မာအချင်းချင်း စကားများတာ မကြာခဏ ဖြစ်လေ့ဖြစ်ထရှိပေမဲ့ လက်ရောက်မှု လူသတ်မှုအဆင့်ထိတော့မကျူးလွန်ကြဖို့ ဆင်ခြင်သင့်ပါတယ်"" ဟု အလုပ်သမားရေးဆောင်ရွက်နေသူJACBA ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောကြားသည်။
CCTV မှတ်တမ်းအရ ကျူးလွန်သူများမှာ အမျိုးသားသုံးဦးဖြစ်ကြောင်းသ််ိရပြီး ဖမ်းဆီး အရေးယူ သွားမည်ဟု ဗန်ပူရဲစခန်းတာဝန်ရှိသူများမှ ထုတ်ဖော်ပြောကြားသည်။















